မွန်ပြည်သစ် ပါတီနှင့် အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့၏ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့က အပစ်အခတ် ရပ်စဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အတွက် (၄၅) ရက် အတွင်း အကောင်အထည် ဖေါ်ရန် သဘောတူ လက်မှတ်ရေးထိုး ထားပါသည်။ အဆိုပါ သဘောတူညီချက်အတွင်း ပြည်တွင်း ဆက်ဆံရေးရုံး (၉)နေရာ ထားရှိရေးလည်း ပါရှိပါသည်။
၄င်းနေရာများမှာ-
၁။ မော်လမြိုင်မြို့ ၂။ မုဒုံမြို့ ၃။ သံဖြူဇရပ်မြို့ ၄။ ရေးမြို့ ၅။ ဘုရားသုံးဆူမြို့ ၆။ ကျိုက်မရောမြို့ ရ။ ဇင်းကျိုက်ရွာ(ပေါင်မြို့ နယ်) ၈။ မြိတ်မြို့ ၉။ ယာဖူးရွာ (ရေဖြူမြို့နယ်) တို့ဖြစ်ပါသည်။
အလားတူ စီးပွားရေးရုံးများကိုလည်း လိုအပ်သည့်နေရာများတွင် ထားရှိရန် သဘောတူထားပါသည်။ မွန်ပြည်သစ် ပါတီအတွက် တပ်ဖွဲ့နေရာ ချထားရေးကိုလည်း၊ တပ်တည်များကိုလည်း ယခင် (၁၉၉၅) ခုနှစ် အပစ်အခတ်ရပ်စဲ ချိန်တွင်နေရာ (၁၂) နေရာသာ သတ်မှတ်ထားရာက ယခု (၂၇)နေရာထိ တိုးချဲ့သတ်မှတ် ထားပါသည်။ ဤနေရာများသည်၊ အထူးသဖြင့် တော နယ်များ၌သာဖြစ်ပြီး၊ ဆက်ဆံရေးရုံး များနှင့် အနီးစပ်ဆုံးဆက်သွယ် နိုင်သွယ်နိုင်သည့် နေရာများ၌ ရှိပါသည်။
မွန်ပြည်သစ်ပါတီသည် တပြည်လုံး အပစ်အခတ် ရပ်စဲပြီး တိုင်းရင်းသား ပေါင်းစုံတွေ့ဆုံ ဆွေးနွေးရေးကို (၃) လအတွင်း အကောင်အထည်ဖော်ပေးရန် တောင်းဆိုထားသည့်အပေါ် ပြည်ထောင်စု လွှတ်တော်ကိုယ်စား လှယ် ဦးအောင်မင်းက အဆိုပါ တပြည်လုံးတွေ့ဆုံ ဆွေးနွေးရေး တောင်းဆိုချက်ကို (၄) လအတွင်း အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဟု ဂတိ ပြုထားခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် သဃာင်္တော် တစ်ပါးက မိန့်ကြားထားပါသည်။
မွန်ပြည်သစ်ပါတီနှင့် အစိုးရကိုယ်စားလှယ်တို့ ဆွေးနွေးစဉ် (ဓါတ်ပုံ - Citizen journalist)
မွန်ပြည်သစ်ပါတီသည်၊ အကျဉ်းကျနေသော မွန်နို်င်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် သဘောတူ ညီချက် ရရှိထား သ ဖြင့် မွန်ပြည်နယ် အတွင်း၌ နေထိုင်ကြသော တိုင်းရင်းသားများတွင်ယုံကြည်ချက် ကြောင့် အကျဉ်းကျ ခံနေရသူရှိပါက မွန် ပြည်သစ်ပါတီအား ဆက်သွယ်ကြရန် လိုအပ်လှပါသည်။
မွန်ပြည်သစ် ပါတီသည် ၁၉၉၅ ခုနှစ် ဇွန်လစပြီး ပထမအကြိမ် (၁၅)နှစ် တာကြာမျှ အပစ်ရပ်ထားခဲ့ပြီး၊ ၂၀၁၂ ခုနှစ် ဖေဖေါ် ဝါရီလ(၂၅) ရက်နေ့တွင် ၂၀၁၀ ခုနှစ် ရွေးကောက်အပြီး အသစ်တက် လာသော အစိုးရ အသစ်နှင့် ဒုတိယအကြိမ် အပစ်အခတ် ရပ်စဲခဲ့ပါသည်။



