ဒေါ်အောင်ဆန်းစုကြည်သည် လစ်လပ်သွားသည့် လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲ အတွက် စည်းရုံးရေး ခရီးထွက်ရာမှာ ယမာန်နေ့က ဖျာပုံမြို ့ကို လျှပ်ပြေးရေယာဉ်ဖြင့် ခရီးထွက်ခဲ့ပါသည်။ နေ့လည် တနာရီခွဲတွင် ဖျာပုံမြို ့ရှိ အမျိုးသား ဒီမိုကရေစီ ရုံးရှေ့တွင် မိန့်ခွန်းပြောပါသည်။

အဆိုပါ မိန့်ခွန်းတွင် - “လွတ်လွတ် လပ်လပ် စည်းရုံးပိုင်ခွင့်ကို အနှောက်အယှက်ဖြစ်စေမဲ့ ကိစ္စမှန်သမျှဟာ ကျွန်မတို့ရဲ့ ဒီမိုကရေစီလမ်း ကြောင်းကိုလည်း အနှောက် အယှက်ဖြစ်စေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသွားပါသည်။
တကယ်တော့ ဖျာပုံမြို့တွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောရန်အတွက် ဖျာပုံမြို့အားကစားကွင်း တွင် ပြင်ဆင်ထား သော်လည်း သက်ဆိုင်ရာမှ တားမြစ်လိုက်သည့်အတွက် ဖျာပုံမြို့အဝင် လယ်တောထဲသို့ ပြောင်းရွှေ့စီစဉ်လိုက်ရကြောင်း NLD ဖျာပုံကိုယ်စားလှယ်လောင်း ဦးသိမ်းဆွေက ပြောကြားခဲ့ပါသည်။
ယခုကျင်းပခဲ့ရသည့် လူထုတရားပွဲနေရာသည်၊ မြို့နှင့် တနာရီခန့်အကွာသဲသောင်ပြင်တနေရာ၌ ကျင်းပခဲ့ရပါသည်။ ဤကဲ့သို့အခြေအနေကြောင့် ကျင်းပခဲ့ရသော်လည်း တက်ရောက်သည့်လူထုများသည်၊ တခြားမြို့များမှ ဒေါ်အောင် ဆန်းစုကြည် ခရီးစဉ်များလို စည်ကားလှပါသည်။
လမ်းခရီးတလျှောက်မြင်ကွင်းများလည်း ကြိုဆိုကြပါသည်။ ရန်ကုန်တိုင်း တွံတေးမြို့မှ လူငယ်များကလည်း ကြိုဆိုခဲ့ကြပါသည်။

အလားတူလမ်းခရီး၌ ကြိုကြိုက်သည့် စက်လှေသမားများကလည်း - ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို အကဲဖြတ်ရမည်ဆိုပါက ဤနေရာဤဒေသ၌ အန်အယ်ဒီသာ မဲရုံးနိမ့်ပါက လုပ်ကြံချက်ဟုသာ ထင်ရှားပေလိမ့်မည်။ လှည်းနေလှေအောင်းပါမကျန် ထောက်ခံနေမှုသည်၊ လွတ်လပ်ပြီး တရားမျှတမည့် ရွေးကောက်ပွဲဖြစ်ပါက ဤတရားပွဲက သက်သေထူနေခဲ့ပါသည်။



