အစိုးရ၏ ပြုပြင် ပြောင်းလဲရေး အပေါ် ပြည်ပရောက် မြန်မာ ကျောင်းသား များက ထောက်ခံ

အစိုးရ၏ ပြုပြင် ပြောင်းလဲရေး အပေါ် ပြည်ပရောက် မြန်မာ ကျောင်းသား များက ထောက်ခံ
by -
ရွှေဟင်္သာသတင်းဌာန

မြန်မာ အစိုးရ၏ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးနေသည်ကို ထောက်ခံသော အားဖြင့် ပြည်ပရောက် မြန်မာ ကျောင်းသားများ အဖွဲ့ မှ ဒီနေ့ မနက် (၁၀) နာရီ အချိန်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာ သံရုံးရှေ့၌ ထောက်ခံ ဆန္ဒပြပွဲတစ်ခု ကျင်းပ ခဲ့ပါသည်။ ထိုဆန္ဒပြပွဲသည် လူအင်အား (၆၀) ခန့် တက်ရောက်ပြီး ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများ ဆက်လက် လွှတ်ပေးရေးအတွက် သံရုံးအား အိပ်ဖွင့်ပေးပြီး ပိုစတာများ လက်ကမ်း စာစောင်များ၊ ဖြန့်ချီခဲ့သည်ဟု ပြည်ပရောက် မြန်မာကျောင်းသားများရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးမင်းထက်က ပြောပါသည်။

မြန်မာအစိုးရသည် နိုင်ငံရေး အကျဉ်းသားမျာ လွှတ်ပေးခြင်း၊ ရွေးကောက်ပွဲ အခြေခံဥပဒေတချို့တဝက်ကို ပြောင်းလဲပေး နေသည်ကို ပြည်တွင်း ပြည်ပရှိ မြန်မာများက တတပ်တအား ထောက်ခံလျှက် ရှိပါသည်။ ထို့အပြင် ကျန်ရှိနေသေးသည့် ယုံကြည်ချက်ကြောင့်  ဖမ်းဆီးချုပ်နှောင်ထားခံရသူ နိုင်ငံရေး အကျဉ်းသားများကို ချွှတ်ယွင်းချက်မရှိ ထပ်မံလွှတ်ပေးရန် ကိုလည်း တောင်းဆိုလျှက် ရှိပါသည်။ ဤဆန္ဒထုတ်ဖေါ်ပြသပွဲသည် နေ့လည် (၁၂) နာရီ အချိန်တွင် အေးချမ်းစွာ ပြီးဆုံး သွားပါသည်။

“ယခုလက်ရှိ သမ္မတက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတယ်။ ရွေးကောက်ပွဲ ကန့်သတ်ချက်ဥပဒေ ပြင်ပေးတယ်။ NLD ပါတီကို ယှဉ်ပြိုင်စေတယ်။ KNU နဲ့ အပစ်ခတ်ရပ်စဲတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကြိုဆိုတယ်။ နောင်လဲ ယခုလိုမျိုး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ လူအားလုံးလွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ သဘောထား ထုတ်ပြန်ချက်ကိုလည်း မြန်မာသံရုံးထံ ဝင်ရောက် ပေးခဲ့ပါတယ်”ဟု ၄င်းက ဆိုပါသည်။

ဤထောက်ခံဆန္ဒပြပွဲတွင် ရခိုင်အမျိုးသားရေး အဖွဲ့အစည်းများ၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အဖွဲ့ အပါ၀င် ဒီမိုကရေစီအရေးကို ထောက်ခံသည့် ထိုင်းနိုင်ငံသားများနှင့် ထိုင်းနိုင်ငံရောက် မြန်မာများ တက်ရောက်ခဲ့ပါသည်။

ပြီးခဲ့သည် ဇန်နာဝါရီလ (၄) ရက်နေ့တွင် ပြည်ပရောက် မြန်မာကျောင်းသားများအဖွဲ့ က  (၆၄) အကြိမ်မြောက် လွတ် လပ်ေရေးနေ့ အထိမ်းအမှတ်ကို ကျင်းပပြီး လက်ရှိ စစ်အာဏာရှင် အစိုးရ၏ မူမမှန်သည့် ဒီမိုကရေစီ အတုအယောင် လုပ်ရပ်များကို ရှုပ်ချခဲ့ပါသည်။

လွတ်ပေးမည်ဟု ထုတ်ပြန်ထားသည့် နိုင်ငံရေး အကျဉ်းသား (၆၅၁) ဦး ရှိသော်လည်း (၂၃၀)ကျော်သာ လွှတ်ခဲ့သေးသည် ဟု စောင့်ကြည့်လေ့လာသူများက ဆိုပါသည်။  အတိုက်အခံများမှာမူ ယခုလက်ရှိ နိုင်ငံတော် သမ္မတ၏ အပြုသဘော ပြုပြင်ပြောင်းလဲမှုများသည် မြန်မာ့ဒီမိုကရေးအတွက် ပြုပြင်ပြောင်းမှု ဖြစ်သည်ဟု ဆုံးဖြတ်ရန် စောလွန်းသေးကြောင်း ပြောဆိုကြပါသည်။

Most read this week