ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံးဆုတံဆိပ် ချီးမြှင့်

ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံးဆုတံဆိပ် ချီးမြှင့်
by -
ရွှေဟင်္သာသတင်းဌာန

ဒေါ်အောင်ဆန်း စုကြည်အား ပြည်သစ် နိုင်ငံ၏ အမြင့်ဆုံး ဆုတံဆိပ် တစ်ခု ဖြစ်သည့် Legion of Honor ဆုတံဆိပ်အား ဇန်နဝါရီလ (၁၅) ရက်နေ့က ပြည်ထောင်စု ရိပ်သာလမ်းရှိ ပြင်သစ် သံရုံး၌ ည ရ း ၀၀ နာရီ၌ ကျင်းပသည့် ဆုတံဆိပ် ပေးပွဲ အခမ်းအနား၌ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Alain Juppe က ဆုတံဆိပ် တပ်ဆင်ကာ ဂုဏ်ပြု ပေးအပ်ခဲ့ပါသည်။

ပြင်သစ်သမ္မတကိုယ်စား ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးမှ ဆုတံဆိပ်ကို တပ်ဆင်ချီးမြှင့်ပေးနေပုံ (ဓါတ်ပုံ - အင်တာနက်)
ပြင်သစ်သမ္မတ Nicolas Sarkozy’s ပြင်သစ်နိုင်ငံ ရုံးချုပ်မှ ဇန်လဝါရီလ ၁၃ ရက်နေ့က ထိုဆုတံဆိပ်ကို ဒေါ်အောင် ဆန်းစုကြည်အား ရွှေးချယ် ချီးမြှင့်ပေးသည့် အကြောင်းနှင့် ပြင်သစ်သမ္မတ ကိုယ်စား ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Alain Juppe မှ တနင်္ဂနွေနေ့နှင့် တနင်္လာနေ့များ၌ မြန်မာနိုင်ငံသို့ သွားပြီး ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။

ထိုသို့ ရွှေးချယ် ချီးမြှောက်ရခြင်း အတွက်လည်း ပြင်သစ်သမ္မတ Nicolas Sarkozy မှ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ခံယူချက်၊ သူရသတ္တိတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ရော မကြာသေးခင်က မြန်မာအစိုးရနဲ့ ဒေါ်စုတို့အကြားက တွေ့ဆုံဆွေးနွေးပွဲအပြီး တိုင်းပြည်တွင်းမှာ သိသိသာသာ တိုးတက်ပြောင်းလဲမှု ဖြစ်စဉ်တွေကို မြင်တွေ့ခဲ့ရလို့ သူမကို ဂုဏ်ပြုခဲ့တာပါ၊ ဒီလိုပါပဲ ကျွန်တော်တို့ ပြင်သစ်နိုင်ငံအနေနဲ့ 2012 ခုနှစ် ဧပရယ်လ(၁) ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ဟာလည်း နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မိမိတို့ နိုင်ငံအနေနဲ့ ပွင့်လင်းမြင်သာမှုရှိပြီး အခြေခံဥပပဒေ စည်းမျည်းစည်းကမ်းများနဲ့ ကိုက်ညီပြီး တရားမျှမှုရှိတဲ့ ရွေးကောက်ပွဲအဖြစ် မြင်ရ လိမ့်မယ်လို့ မျှော်လင့်မိကြောင်း” ပြောကြားသွားခဲ့ပါတယ်။
Legion of honor ဆုတံဆိပ် အဆင့်ငါးဆင့်ပုံ (ဓါတ်ပုံ - အင်တာနက်)
ထိုဆုတံဆိပ်သည် အဓိကအားဖြင့် ပြင်သစ်နိုင်ငံသားများကိုသာ ချီးမြှင့်ရန် ရည်ရွယ်ထားခဲ့သော်လည်း ပြင်သစ် အစိုး ရမှနေ၍ ပြင်သစ်နိုင်ငံသားမဟုတ်သည့် အခြားနိုင်ငံမှ နိုင်ငံသားများကိုလည်း ချီးမြှင့်ခဲ့ဘူးသည့် အထောက်အထား များ လည်း ရှိခဲ့ပါသည်။ ထိုသို့ ဆုတံဆိပ်ရွှေးချယ် ချီးမြှင့်ခြင်း ခံရသည့်အတွက် ပြင်သစ် နိုင်ငံ အစိုးရနှင့် ပြင်သစ် ပြည်သူ ပြည်သား များအား ကျေးဇူးတင်ရှိပါကြောင်း နှုတ်ခွန်းဆက် အမှာစကားကို ပြင်သစ်ဘာသာဖြင့်လည်း ဒေါ်အောင်ဆန်း စုကြည်မှ ပြည်လည် ဖြေကြားသွားခဲ့ပါ။

ဆုတံဆိပ်၏ နာမည် အပြည့်အစုံမှာ National Order of the Legion of Honor ဖြစ်ပါသည်။ ထိုဆုတံဆိပ်သည် ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံး ဆုတံဆိပ် တစ်ခုဖြစ်၍ 1802 ခုနှစ် မေလ 19 ရက်နေ့တွင် ပြင်သစ်ဘုရင် နပိုလီယံ ပိုနာဘတ်မှ စတင် တည်ထောင် ခဲ့ပြီး 1804 ခုနှစ် ဇူလိုင်လ 14 ရက်နေ့တွင် ပထမဆုံး အကြိမ်အဖြစ် စတင် ချီးမြှင့်ခဲ့သည်။ ဆုတံ ဆိပ်ကို အဆင့် ငါးဆင့်အဖြစ် သတ်မှတ်ထားရှိပြီး ဆုတံဆိပ်နှင့် ဖဲကြိုးများမှလည်း သတ်မှတ် အဆင့် များအလိုက် ကွဲပြားခြားနားမှု ရှိပါသည်။

Most read this week