အဖွဲ့မှ ကချင်စစ်ပြေး ဒုက္ခသည်များကို အကူ အညီပေးရန် ကချင်လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်ရာ လိုင်ဇာမြို ့သို့ ရောက် ရှိနေပြီးဖြစ် သည်ဟု ကချင် ဒုက္ခသည်များအရေး ကူညီ ဆောင်ရွက်ရေးအဖွဲ့မှ အမည်အဖော်လိုသူ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောကြား ခဲ့ပါသည်။

“ရောက်နေပါပြီခင်ဗျ၊ အခုလိုင်ဇာကို အကူအညီ ပစ္စည်းတွေ ရောက်နေပါပြီ၊ လူကြီးတွေ စီးတဲ့ ကားနှစ်စီးနဲ့ ပစ္စည်းတွေ သယ်လာတဲ့ကား (၇) စီး ရောက်လာတယ်၊ အားလုံးပေါင်း (၉) စီး ရောက်လာပါတယ်၊ ဒုက္ခသည်တွေကို လာကြည့်ရင်းနဲ့ လာကြတာပါ၊ ကျွန်တော်တို့ KIA အနေနဲ့ တရားဝင် လက်ခံ ရရှိသေးခြင်း မရှိသေးပါဘူး၊ UNICEF က အကူအညီ တွေဆိုရင် ကျွန်တော်တို့ လက်ခံဖို့ အသင့်ရှိပါတယ်ခင်ဗျ” ဟု အဆိုပါအမည်အဖော်လိုသူ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့ပါသည်။
သမ္မတ ဦးသိန်းစိန်က ကချင်စစ်ပွဲကို ရပ်ဆိုင်းရန် ပြီးခဲ့သည့် ဒီဇင်ဘာ (၁၀) ရက်နေ့တွင် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ထံသို့ ညွှန်ကြားချက် ပေးပြီးနောက်ပိုင်း မှ UNICEF အဖွဲ ့လိုင်ဇာသို့ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။ လိုင်ဇာသို့ မရောက်ခင် ဗန်းမော်မြို ့၌ အတန်ကြာ ရပ်တန့် ထားခဲ့ရကြောင်းလည်း သိရှိရပါသည်။

“အကြမ်းဖျင်း ကျွန်တော်တို့ သိရသလောက်တော့ Camp ထိုးဖို့ ပတ်ထူ၊ တာလပတ်ဖျင်တွေ၊ အိုးခွက်ပန်းကန်တွေနဲ့ အစားအ သောက်ပစ္စည်းတွေ၊ အဝတ်အထည်တွေ ဆေးဝါးတွေ ပါတယ်လို့သိရတယ်၊ ကျွန်တော်တို့က တရားဝင် လက်ခံရသေးတာ မဟုတ်တော့ အတိအကျ မပြောနိုင်သေးဘူးခင်ဗျ၊ ဒါပေမယ့် အစိုးရဘက်က အကူအညီ ဆိုရင်တော့ ကျွန်တော်တို့ လုံးဝ လက်မခံပါဘူး၊ KIO က ချမှတ် ထားပြီးသားပါ၊ နိုင်ငံတကာ အဖွဲ့အစည်းရဲ့ အကူအညီဆိုရင် ကျွန်တော်တို့ လက်ခံသွားဖို့ ရှိပါ တယ်” ဟု ကချင် ဒုက္ခသည်များအရေး ကူညီ ဆောင်ရွက်ရေးအဖွဲ့က ဆိုပါသည်။
UNICEF ၏ ဤခရီးစဉ်သည် ပထမဆုံး နိုင်ငံခြား အကူအညီပေးရေး ခရီးစဉ် တစ်ခု ဖြစ်ပါသည်။ ၄င်းတို့သည် ရန်ကုန်-မြစ်ကြီး နား-ဗန်းမော် လမ်းမှတဆင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး လမ်းခရီး ကြမ်းတမ်းခက်ခဲခြင်းနှင့် စစ်မြေပြင်ဒေသ ဖြစ်နေသောကြောင့် ယခုကဲ့သို့ ကယ်ဆယ်ရေး ပစ္စည်းများ အနည်းအကျဉ်းသာယူဆောင်နိုင် ခဲ့သည်ဟု ဆိုပါသည်။
ကချင်ဒေသတွင် စစ်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် ဒုက္ခသည်ပေါင်း သောင်းဂဏန်းခန် ့ရှိနေပြီး ထိုအထဲ၌ KIO ထိန်းချုပ် နယ်မြေထဲတွင် ဒုက္ခသည် 45000 ကျော် ရှိနေပါသည်။ အခြားအစိုးရ ထိန်းချုပ်ရာဒေသများနှင့် တရုတ်ပြည်သို့ ထွက်ပြေးတိမ်းရှောင် နေရသည့် ဒုက္ခသည် စာရင်းကိုမူ အတိအကျမသိရှိရသေးပေ။ တရုတ်အစိုးရ ဘက်ကလည်း အဆိုပါ ဒုက္ခ သည်များကို နေရပ် ပြန်ပို့ရန် ဆောင်ရွက်မှုများ ရှိနေကြောင်း သိရှိရပါသည်။
နအဖနှင့် ကချင်လွတ်လပ်ရေး တပ်ဖွဲ ့တို ့သည်၊ ၂၀၁၁ခုနှစ် ဇွန်လ (၉) ရက်နေ့မှ စတင်၍ တင်းမာမှု ဖြစ်ပွားခဲ့ပြီး၊ ယခုဆိုလျှင် ခြောက်လကျော် ကာလသို့ပင် ရောက်ရှိနေပြီးဖြစ်သည်။ အစောပိုင်း ကာလာများ၌ အပစ်အခတ် ရပ်စဲရန် KIO နှင့် စစ်အစိုးရတို့ အကြား အပစ်အခတ် ရပ်စဲရန် ဆွေးနွေးပွဲများ ရှိခဲ့သော်လည်း သဘောတူညီချက် တစုံတရာ မရရှိခဲ့သေးပေ။



