မုန့်ပဲသရေစာကို ရွက်၍ ၆ နှစ်အရွယ် ရှိသည့် သမီးလေးကို လက်တွဲခေါ်ပြီး ရှမ်း ကရင်နီ နယ်စပ်ဘက်မှာ သွားရောင်းဖို့ နေအိမ်မှ လှမ်းလျှောက်ကာ ခရီးနင်လာခဲ့ကြသော သားအမိကို မြန်မာအစိုးရတပ် တစုက ၀ိုင်းပြီး ဖမ်းဆီးလိုက်သည်။
ဖမ်းချုပ်ခံလိုက်ရသော သားအမိတို့၏ မျက်နှာကို ပဝါဖြင့် ခတ်တင်းတင်း ချီနှောင်ကာ အမေဖြစ်သူ အသက် ၄၀ အရွယ် မော်စိုးမယ် (နာမည်အရင်းမဟုတ်)ကို ထင်းရူးတောင် အခြေစိုက် ခမရ ၅၇၅ မှ စစ်တပ် ၅ ဦးတို့က တလှည့်စီ ၀ိုင်း၍ အတင်းအဓ္ဓမ ပြုကျင့်ကြသည်။
ယခု ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ရ ရက်၊ နေ့ခင်းပိုင်းအချိန် ဖြစ်ပြီး ကရင်နီပြည် ရှားတောမြို့နယ်ဒေါ၀ယ်ရော ကျေးရွာနှင့် ရှမ်း-ကရင်နီ နယ်စပ်လမ်းကြား တနေရာ ဖြစ်သည်။ မော်စိုးမယ်သည် ဒေါ၀ယ်ရောရွာသူ ဖြစ်သည်။ မော်စိုးမယ်၏ ၆ နှစ်အရွယ် သမီးလေး၏ အဖြစ်အား အတိအကျ မသိရှိရပေ။နအဖစစ်တပ်များ ကရင်နီပြည် သံလွင် 
“သူမ (မော်စိုးမယ်)အား ရွာကို ပြန်မလာရဲလောက်အောင် အမျိုးမျိုး ခြိမ်းခြောက်ခဲ့တယ်။ သူမခမျာ လိပ်ပြာမလွင့်ရုံတမယ် နောက်ပြီး ရွာကို ည ၈ နာရီမှ ပြန်ရောက်လာပါတယ်။ သူမ တွေ့ကြံုခဲ့ရတဲ့ ရင်နှစ်စရာအဖြစ်သနစ်ကို ရှားတောမြို့နယ် ဗျူဟာမှူးထံ မိမိကိုယ်တိုင် သွားရောက်တိုင်ကြားမယ်လို့ ဆိုပါတယ်” ဟု သူမနှင့် နီးစပ်သူ ရွာသား တဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားသည်။
“စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေ၊ တိုင်းရင်းသားပြည်သူလူထုကို ပေါ်တာတွေ၊ တိရိစ္ဆာန်လို သဘောထားပြီး ဆက်ဆံနေတာတွေ၊ ပြည်သူလူထုရဲ့ အသက်အိုအိမ်ကို ကာကွယ်စောင့်ရှောက်နေတာ မဟုတ်ဘဲ ဖျက်ဆီးနေတာတွေကို အများသိအောင် ပြောပြပေးပါ့မယ်လို့ ဆိုပါတယ်။ ပြည်သူလူထုအတွက် အကျိုးမရှိဘူး၊ ဆန်ကုန်မြေလေးပဲ၊ မခေါ်ဘဲ လာနေတဲ့ ဧည့်သည်တွေ အကုန်ပြန်ရုတ်သိမ်းလိုက်ပါတော့တဲ့” ဟု မော်စိုးမယ်မှ ဗျူဟာမှူးထံ တိုင်ကြားမည့် အချက်အလက်ကို အဆိုပါ ရွာသားက ပြောပြသည်။
မော်စိုးမယ်အား တခြားရောဂါများ မကူးစက်ရလေအောင် ကရင်နီ နယ်လှည့် ကျန်းမာရေး အဖွဲ့မှစောင့်ရှောက် မှု ပြုလုပ်ပေးနေသည်ဟု သိရသည်။
“ကျန်းမာရေး ၀န်ထမ်းတချို့ကနေ သူ့(မော်စိုးမယ်)ကို စစ်ဆေးနှစ်သိမ့်မှုတွေ လုပ်နေတယ်။မေးမြန်းနေ တယ်။ ဆေးတွေဘာတွေ ထိုးပေးတယ်” ဟု ကရင်နီ နယ်လှည့် ကျန်းမာရေး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ခူဒယ်နီယာက ပြောသည်။
စကခ ၁၇ လက်အောက်ခံ ခမရ ၅၇၅ သည် ရှားတောမြို့နယ်အတွင်းမှ အမျိုးသမီးများကိုပေါ်တာ အထမ်းသမားအဖြစ် အသုံးလျက်ရှိနေသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ကရင်နီတပ်မတော် တို့မှ ဗွီဒီယို မှတ်တမ်းအဖြစ် ရိုက်ကူးထားချက်အရ ယခု ၂၀၁၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ခမရ ၅၇၅ မှ အမျိုးသမီးများအား ပေါ်တာအထမ်းသမားအဖြစ် အသုံးပြုနေသော ပုံရိပ်များကို ထင်ထင်ရှားရှား တွေ့ရသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းအချိန်၌ ဖရူဆိုမြို ့နယ် လောဂျာကျေးရွာမှ အမျိုးသမီး ၃ ဦးအား ခမရ ၄၂၈ နှင့် ၅၃၁ မှ တပ်သား ၆ ဦးမှ အဓမ္မပြုကျင့်ကြောင်း အမှုအား မပေါက်ကြားရန်အတွက် အာဏာပိုင်တို့က ဖိအားပေးပိတ်ပင်ထားသည်ဟု ကရင်နီလူငယ် အဖွဲ့က ဆိုသည်။
“အဲဒီအမှုကို သူတို့က လိုက်ပိတ်နေတာလေ။ ရွာသားတွေ ဘာမှ မပြောအောင် သူတို့ လိုက်ပိတ်နေတယ်။ တကယ်လို့ အဲလိုပြောသံကြားမယ်ဆိုရင် ရွာသားတွေကို အရေးယူမယ်လို့ အဲလိုပြောတယ်” ဟု ညီညွတ်သော ကရင်နီပြည် လူငယ်များအဖွဲ ့ UKSY အထွေထွေအတွင်းရေးမှူးချုပ် ဆန်းရှိုင်းက ပြောသည်။
အဆိုပါ အဓမ္မပြုကျင့်ခြင်းခံရသော အမှုများနှင့် ပတ်သက်၍ တိကျမှန်ကန်သည့် အသေးစိတ်အချက် အလက်ကို ကန္တာရဝတီတိုင်း(မ်)မှ ဆက်လက်စုံစမ်း၍ တင်ပြသွားမည် ဖြစ်သည်။
အပစ်ခတ်ရပ်ဆဲရေး ဆွေးနွေးပွဲများ ဖြစ်မြောက်လာရေးအတွက် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် မြန်မာအစိုးရသစ် ကိုယ်စားလှယ် အဖွဲတို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ရက်နေ့က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ ပဏာမအဆင့် အနေဖြင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီးသည့်နောက် ယခုလို အမျိုးသမီးများအပေါ် အနိုင်ကျင့်သည့် လုပ်ရပ်များ ဖြစ်ပေါ်ခဲ့သည်။
မော်စိုးမယ် ဖြစ်ရပ်မှာမူ ယခု ဒီဇင်ဘာလ ပထမအပတ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံခရီးစဉ်အပြီး ရက်သတ္တပါတ်မှာ ဖြစ်ပေါ်ခဲ့သည်။



