အလုပ်သမား သမဂ္ဂဖွဲ ့ခွင့်အပေါ် အစိုးရမှ ပြန်ကြား

အလုပ်သမား သမဂ္ဂဖွဲ ့ခွင့်အပေါ် အစိုးရမှ ပြန်ကြား
by -
ရွှေဟင်္သာ

ချည်မျှင်အထည်ချုပ်နှင့် သရေအလုပ်သမား သမဂ္ဂဖွဲ ့စည်းရေး တင်ပြချက်အပေါ် အလုပ် သမား ဥပဒေ သစ်၏ ပုဒ်မ (၁-ခ) အရအာဏာ တည်ခြင်း မရှိသေးပါကြောင်း၊  သမ္မတရုံးမှ အမိန့် ကြော်ငြာစာ ထုတ်ပြန်ရန် ကျန်ရှိနေပါကြောင်းနှင့်၊ မှတ်ပုံတင် အရာရှိချုပ်

ချည်မျှင်အထည်ချုပ်နှင့် သရေအလုပ်သမား သမဂ္ဂဖွဲ ့စည်းရေး တင်ပြချက်အပေါ် အလုပ်သမား ဥပဒေ သစ်၏ ပုဒ်မ (၁-ခ) အရ အာဏာတည်ခြင်း မရှိသေးပါကြောင်း၊  သမ္မတရုံးမှ အမိန့် ကြော်ငြာစာ ထုတ်ပြန်ရန် ကျန်ရှိနေပါကြောင်းနှင့်၊ မှတ်ပုံတင် အရာရှိချုပ် ခန့်အပ်ခြင်း မရှိသေးပါ၍ တင်ပြမှုအား လက်ခံနိုင်ခြင်း မရှိပါကြောင်းကို အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာ နမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က လက်မှတ်ထိုးပြီး ပြန်ကြားခဲ့ပါသည်။

post_receipt_thumb_medium250_210ချည်မျှင် အထည်ချုပ်နှင့် သရေ အလုပ်သမား သမဂ္ဂဖွဲ ့စည်းရေး တင်ပြချက်ကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို ့၊ ရပ်ကွက်(၉)၊ ပဲခူး-ရန်ကုန်ကားလမ်းမကြီး၊ အမှတ်(3/141)မှ ချည်မျှင် အထည်ချုပ်နှင့် သရေ အလုပ်သမား သမဂ္ဂအဖွဲ ့ အတွင်းရေးမှူးက ပြီးခဲ့သည့် နိုဝင်ဘာ (၂၄) ရက်နေ့တွင် အလုပ်သမား ၀န်ကြီး၊ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်ထံ တင်ပြခဲ့ပါသည်။

“ သူတို့ ပြန်ကြားတာလည်း ဟုတ်ပါတယ်။ ကျနော်တို့ကတော့ အလုပ်သမား ဥပဒေတွေထွက်လာ ပြီးဆိုတော့ တင်မှာပေါ့ဗျာ၊ ခံစားနေရတာက နှစ်ပေါင်းမနဲတော့ဘူးလေ၊ အခုလည်းထပ်မေးစရာ ဖြစ်နေသေးတယ်။ သမ္မတက ဘယ်တော့အမိန့်ထုတ်မှာလဲ၊ မှတ်ပုံတင်အရှိချုပ်ကရောဘယ်နေ့ခန့် မှာလည်း သိချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့အချိန်ဆွဲတဲ့ပေါ်လစီက ခဏခဏ ခံနေရလို့ပါ” ဟု သမဂ္ဂဥက္ကဌ ဦးဆန်းကျော်က ပြောပါသည်။
Law
အစိုးရသစ်သည်၊ အလုပ်သမား ဥပဒေသစ်ကို အချိန်မှီရေးဆွဲရန် အကြောင်းရှိနေပါသည်။ အကြောင်းမှာ ကမ္ဘာ့အလုပ် သ မားအဖွဲ ့ချုပ် ILO ၏ အလုပ်သမားရေးရာ ဆုံးဖြတ်ချက် တရပ်တွင်ယခုနှစ်နိုဝင်ဘာလ ထဲမှာပင် မြန်မာနိုင်ငံ အစိုးရသည် အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့် မပြုခြင်း၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ဆိုသည့် ဥပဒေကို အသိအမှတ်မပြုခြင်း မရှိခဲ့ လျှင် စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ်် ဖွဲ့စည်းပြီး ILO အဖွဲ့ဝင် အတွင်း၌ စုံစမ်းသွားရန်ဆိုသည့် အဆိုပြုချက်ကြောင့််  ဦးသိန်းစိန် အစိုးရသစ်၏ လွှတ်တော်သည်၊ ဤအလုပ်သမား ဖွဲ့စည်းခွင့် ဆိုင်ရာ ဥပဒေကို အလျှင်အမြန်ရေးဆွဲပြီး ILO ကို တင်ပြရခြင်း ဖြစ်သည်ဟု အလုပ်သမားများက ယူဆနေပါသည်။

အလားတူ အခြားအလုပ်သမား သမဂ္ဂများလည်း သမဂ္ဂဖွဲ ့စည်းရေးကို စောင့်နေကြသဖြင့် အစမ်း သဘောအနေဖြင့် ယခုလို တင်ပြရခြင်းဖြစ်သည်ဟု ဆိုပါသည်။ အချိန်ဆွဲသည့် သဘောမသက်ရောက် အောင်လည်း ဆက်လက်ဖိအား ပေးသွား မည် ဟု အလုပ်သမားသမဂ္ဂဖွဲ ့စည်းလိုသူများကပြောနေ ကြပါသည်။

Most read this week