နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ လွတ်မြောက် အကျဉ်းသားများ တောင်းဆို

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ လွတ်မြောက် အကျဉ်းသားများ တောင်းဆို
by -
ရွှေဟင်္သာ

နိုင်ငံရေး အကျဉ်းသားဟောင်းများ အယောက် (၁၀၀)ခန့် စုပေါင်းပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံးလွတ်မြောက် စေရန် ရှေးရှုသည့် တွေ့ဆုံပွဲ တစ်ရပ်ကို ဒီဇင်ဘာလ ၁

နိုင်ငံရေး အကျဉ်းသားဟောင်းများ အယောက် (၁၀၀)ခန့် စုပေါင်းပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်စေရန် ရှေးရှုသည့် တွေ့ဆုံပွဲ တစ်ရပ်ကို ဒီဇင်ဘာလ ၁ ရက်နေ့ မနက်(၁၀) နာရီမှ နေ့လည် (၁)နာရီ အချိန်အထိ ရန်ကုန်မြို့ သာဓုကျောင်းတိုက်ဝန်း ရွှေညဝါကျောင်း၌ ကျင်းပခဲ့သည်ဟု ၄င်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ အကျဉ်းသားဟောင်း တဦးကပြောပါသည်။
prisoner_021
ထိုဆွေးနွေးပွဲ၌ အောက်ပါအချက် (၄) ချက်ကိုပါ ဆုံးဖြတ်ခဲ့ပါသည်။ (၁) နိုင်ငံရေး အကျဉ်းသား ဟောင်းများ အချင်းချင်း ရိုင်းပင်းကူညီရေး ၊ (၂) နိုင်ငံရေး အကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်လာရေး ၊ (၃)တိုင်းရင်းသား ဒေသများ၌ ဖြစ် ပေါ်နေသည့်စစ် ပွဲများကို ရပ်ဆိုင်းပြီး အဓိပ္ပါယ်ပြည့်ဝသော ပြည်တွင်းငြိမ်းချမ်းရေး တရပ် ဖော်ဆောင်နိုင်ရေး နှင့် (၄) မြန်မာ့ လူ့အဖွဲ့ အစည်းတွင်း လူမှုအကျိုးပြုလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနိုင်ရေးတို့ဖြစ်ပါသည်။

“ နိုင်ငံရေး အကျဉ်းသားကိစ္စက ကစားကွက်လိုဖြစ်နေတယ်လေ၊ ဒုက္ခရောက်နေတာက နိုင်ငံရေး အကျဉ်းသား တွေရဲ့ မိသားစုတွေပါ၊ ဒါကြောင့် အပြန်အလှန် အကူအညီပေးနိုင်ဖို ့နဲ ့ လိုအပ်တဲ့ အဆက်အသွယ်တွေ ရရှိလာဖို့ကို အသင်းမဟုတ်ရင် အဖွဲ ့တခုခုဖြစ်လာဖို့စပြီးစဉ်းစားလာတာဖြစ်ပါ တယ်။” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြော ပါသည်။ 

ထို့အပြင် အထက်ပါ အချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း အောက်ပါအဖွဲ ့(၄)ဖွဲ ့ကိုစည်းခဲ့ပါသည်။ (က)ဆက်သွယ်ရေးနှင့် သတင်းထုတ်ပြန်ရေး၊ (ခ) နိုင်ငံရေး အကျဉ်းသားအားလုံး ပါ၀င်လာနိုင်ရန် စည်းရုံုးခြင်း (ဂ)အဖွဲ့ စည်းကမ်းချက် များရေးဆွဲခြင်းနှင့် ငွေစာရင်းပြု စုရေးဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့၊ (ဃ) လုပ်ငန်းဖေါ်ဆောင်ရေးကော်မီတီဟူ ၍ဆုံုးဖြတ်ခဲ့ပါသည်။

ဤတွေ့ဆုံမှုသည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက် အမျိုးသားအောင်ပွဲနေ့အပြီး နိုင်ငံရေး အကျဉ်းသား ဟောင်းများ ထပ်မံတွေ့ဆုံတဲ့ပွဲလည်းဖြစ်ပါတယ်။ တချိန်ထဲ၌ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မစ္စစ်ကလင်တန်ကလည်း နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးစေလိုကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအဝင် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းတို့နဲ့ ဒီဇင်ဘာလ ၁ ရက် နေ့၌ တွေ့ဆုံစဉ်မှာ တိုက်တွန်းပြောဆိုသွားခဲ့ပါသည်။

ဤမြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားကို ၁၉၉၇ ခုနှစ်တွင် ထိုင်းနိုင်ငံမှ အကုန်အကျခံကာ ဆောက်လုပ်ထားခဲ့သည်ဟု သိရပါသည်။ မြန်မာနိုင်ငံဖက်ကမူ ထိုင်းနိုင်ငံကို နိုင်ငံရေးအရ ဖိအားပေးလိုသောအခါ ဤတံတားကို အသုံးချနေခဲ့သည်ဟု မြန်မာအတိုက်အခံအဖွဲ ့အစည်းများက ဝေဖန်နေကြပါသည်။

Most read this week