မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတားကို ဒီဇင်ဘာ ၅ ရက်နေ့ ထိုင်းဘုရင်မွေးနေ့ အခါ သမယ၌ ဖွင့်လှစ်ပေးတော့မည်ဟု မြဝတီ စစ်ဗျူဟာ အသိုင်းအဝိုင်းက ပြောနေကြောင်း နယ်စပ်မြန်မာကုန်သည် တဦးကပြောပါသည်။
မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတားကို ဒီဇင်ဘာ ၅ ရက်နေ့ ထိုင်းဘုရင်မွေးနေ့ အခါသမယ၌ ဖွင့်လှစ်ပေးတော့မည်ဟု မြဝတီ စစ်ဗျူဟာ အသိုင်းအဝိုင်းက ပြောနေကြောင်း နယ်စပ်မြန်မာကုန်သည် တဦးကပြောပါသည်။ အလားတူတံတားဖွင့် လှစ်ရေးနှင့် ပါတ်သက်ပြီး နယ်စပ်ကုန်သွယ်ရေး ညွှန်ကြား မှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချယ်ရီမောင်ကလည်း 7Day News ဂျာနယ်သို့ပြောကြားခဲ့ပါ သည်။
နှစ်စဉ် ဘတ်ငွေသန်းပေါင်းထောင်ချီပြီး ကုန်သွယ်နေသည့် ဤချစ်ကြည်ရေး တံတားအား အကြောင်း ပြန်ချက်မရှိဘဲ မြန်မာဖက်ခြမ်းမှ ပိတ်လိုက်ခြင်းဖြစ်ပါသည်။ သို့သော် မြန်မာအတိုက်အခံအဖွဲ့အစည်း များနှင့် မြန်မာဒုက္ခသည် စခန်းများကို ထိုင်းနိုင်ငံမှ လက်ခံထားသည့်အတွက် ဖိအားပေးသည့်အနေနှင့် ၂၀၁၀ ပြည့်နှစ်ဇူလိုင်လ ၁၈ ရက်မှစတင်၍ ယာယီပိတ်ထား ခဲ့ခြင်းဖြစ်သည်ဟု မြန်မာအတိုက်အခံများ က ဆိုပါသည်။ ဤသို့ ပိတ်ထားလိုက်ခြင်းကြောင့် နယ်စပ်ကုန် သွယ်ရေးလုပ် ငန်းများမှာလည်း ထိုအချိန်ကတည်းကပင် ရပ်နားထားခဲ့ရသည်။
“ထိုင်းနိုင်ငံကို အကြပ်ကိုင်လိုတဲ့ သဘောပါဘဲ။ ပြီးတော့ တရုတ်ကို အသာပေးတဲ့သဘောပါ။ ဒါမှထိုင်းနိုင်ငံက လက်ခံထားတဲ့ အတိုက်အခံအဖွဲ ့အစည်းတွေကိစ္စကို အကြပ်ကိုင်လို့ ရမယ်လေ။ အခုတော့ အခြေအနေကပြောင်းသွား ပါပြီး၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ကြောင့် လည်းပါပါတယ်၊ ပြီးတော့ တရုတ်နဲ့ ဆက်ဆံရေးကိုလည်း၊ အဆင့် လျှော့ပြီး အရင်ကလိုဘဲထိုင်းဖက် ကို အသာပေးတဲ့ အနေနဲ့လည်း ဖြစ်နိုင်ပါတယ်” ဟု မဲဆောက်မြို ့ရှိ မြန်မာအတိုက်အခံ တဦးက ဆိုပါသည်။

သို့သော်လည်း ပြီးခဲ့သည့် အောက်တိုဘာ ပထမပတ်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာဝပ်၏ ခရီးစဉ်တွင်လည်း ချစ်ကြည်ရေး တံတားကို ပြန်လည် ဖွင့်လှစ်ပေးပါရန် မြန်မာနိုင်ငံအစိုးရထံ မေတ္တာ ရပ်ခံထားခဲ့ပါသည်။ ထိုင်းဝန်ကြီးချုပ်၏ မေတ္တာ ရပ်ခံမှုကိုတုံ့ပြန်ရာတွင် မြန်မာအစိုးရက တံတားအောက်ခြေပိုင်း၊ ပြင်ဆင် မှုပြုလုပ်ပြီးလျှင် ပြန်လည် ဖွင့်လှစ်မည်ဟု ပြန်ကြားထားခဲ့ပါသည်။



