ဒီဇင်ဘာ နှစ်ရက်နေ့ ယနေ့မွန်းလွဲပိုင်းတွင်အမေရိ ကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်သည် ရန်ကုန်မြို့ရှိ ဗိဿနိုး အနုပညာပြခန်းသို့ သွား ရောက်ခဲ့ပြီးနောက် တိုင်းရင်းသား လူနည်းစုကိုယ်စား လှယ်များနှင့်လည်း တွေ့ဆုံခဲ့ပါသည်။ ပြီးမှအမေရိ ကန်သံရုံး၌ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့ ပါသည်။
“မြန်မာနိုင်ငံတွင် လုံလောက်သည့် တိုးတက်မှု များရှိလာပါက စီးပွားရေး ပိတ်ဆို့မှုများကို ရုပ်သိမ်းရန် စဉ်းစားသွားမည်ဖြစ်ကြောင်း၊ အကယ်၍ ဒီထက်ပိုပြီး ဒီမိုကရေစီနည်း ကျင့်သုံးမယ်၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမယ်၊ ကာလကြာရှည်စွာ ရှိခဲ့တဲ့ တိုင်းရင်းသားရေးရာ ပဋိပက္ခတွေ အဆုံးသတ်မယ်၊ ပြီးတော့ ရွေးကောက်ပွဲမှာ လွပ်လပ်ပြီး တရားမျှတပြီး ယုံကြည် နိုင်လောက်တဲ့ အခြေအနေတွေ ဖြစ်လာမယ်ဆိုရင်ပေါ့။ နောင်မှာလည်း အမေရိကန်က အနီးကပ် ဆက်လက်ပြီး စစ်မှန်တဲ့ အကူအညီ ပေးမှုတွေ အကြံပေးမှုတွေ လုပ်ဆောင်သွားမှာပါ ဟု ဟီလာရီက ဆိုခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်မှ ဟီလာရီကလင်တန်နှင့် တွေ့ဆုံမှုအပြီး မီဒီယာများသို့ပြောစကား
by Eleven Media Group on Friday, December 2, 2011 at 1:59am
''ဟီလာရီအနေနဲ့ နေပြည်တော်မှာ နိုင်ငံတော် သမ္မတ၊ ၀န်ကြီးတွေ ၊ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ကောင်းမွန်တဲ့ တွေ့ဆုံမှုရှိခဲ့တယ်။ မြန်မာနိုင်ငံရဲ့ ပြန်လည်ထိတွေ့ ဆက်ဆံရာမှာ အမေရိကန်ရဲ့ ခြေလှမ်းအစတွေဖြစ်သလို နှစ်နိုင်ငံကြားမှာ နားလည်မှု၊ ဆွေးနွေးမှုတွေနဲ့ ဆက်သွားကြမှာ ဖြစ်ပါတယ်။ အခုအချိန်က အမေရိကန်က ကျွန်မတို့ အတွက် ကောင်းမွန်တဲ့ ဂိတ်ပေါက်တစ်ခုပဲ။ ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရာမှာလိုအပ်တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ လူမှုအဖွဲ့အစည်းတွေကြားမှာ ဂုဏ်သိက္ခာရှိရှိ ထိတွေ့ဆက်ဆံသွားဖို့ မျှော်လင့် တယ်။ ကျွန်မတို့ အကူအညီတွေ လိုပါ တယ်။ အမေရိကန်နိုင်ငံမှ မဟုတ်ပါဘူး။ နိုင်ငံတကာမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ အပါအဝင်ပါ။ နိုင်ငံမှာလိုအပ်မယ့် နည်း ပညာတွေအတွက် ပံ့ပိုးမှုတွေမှာ ကမ္ဘာ့ဘဏ်တွေလိုမျိုး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုတယ်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေ ပြန်လည် လွတ်မြောက်လာဖို့ အဲလိုပြောတဲ့အခါမှာ တိုင်း ပြည်ရဲ့အခြေခံကျလှတဲ့ တရားဥပဒေစိုးမိုးရေး ပိုင်းအရ နောင်မှာနိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်နိုင်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် တရားဥပဒေစိုး မိုးရေးပိုင်းကို အထူးဂရုပြုဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကျွန်မတို့ ပြည်ထောင် စုသမ္မတ မြန်မာနိုင်ငံတော်မှာ တိုင်းရင်းသားလူမျိုးစုတွေ အများကြီးပါ ။ တိုင်းရင်းသားလူမျိုးစုတွေရဲ့ သာတူညီမျှရှိစေမယ့် ခံစားခွင့်တွေ တိုင်းရင်းသားအရေးတွေကိုလည်း အလေးထား စဉ်းစားကြဖို့ မျှော် လင့်တယ်။ အဲဒီအတွက် ကျွန်မ အခိုင်မာ ယုံကြည်တာကတော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးပိုင်းမှာ လိုအပ်ချက်တွေကို အစိုးရသစ်၊ အမေရိကန်သာမက နိုင်ငံတကာ အဖွဲ့အစည်း၊ အတိုက်အခံ ၊တစ်ကမ္ဘာလုံးက တူညီတဲ့လုပ်ဆောင်ချက်၊ တန်ဖိုးတွေ သာရှိမယ်ဆို အားလုံး လက်တွဲပါ၀င်ကူညီကြဖို့ လိုတယ်။ ကျွန်မယုံကြည်ပါတယ် ဒီမိုကရေစီစနစ်ကို ဘယ်တော့မှ နောက်ပြန်မကွေ့ဘူးဆိုတာ။ ပြီးတော့ တရုတ်နိုင်ငံ အရေးကိစ္စပါ။တရုတ်က ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်သလို ကောင်းမွန်တဲ့ ဆက်ဆံ ရေးတွေ ဆက်ရှိနေဖို့လည်း ကျွန်မမျှော်လင့်တယ်"
![]()
ဟီလာရီကလင်တန် မှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီး မီဒီယာများသို့ပြောစကား
by Eleven Media Group on Friday, December 2, 2011 at 2:35am
''ကျွန်မအနေနဲ့ ပြောချင်တာကတော့ ဒီမိုကရေစီဆိုတာ ပန်းတိုင်တစ်ခုပါ။ အမေရိကန်ဟာ မြန်မာနိုင်ငံနဲ့ အမှန်တစ်ကယ်ပဲ မိတ်ဖွဲ့နိုင်ငံဖြစ်ချင်ပါတယ်။ ကျွန်မတို့ အလုပ်တွေလည်း အများကြီး လုပ်ချင်ပါတယ်။ အကယ်၍ ဒီထက်ပိုပြီး ဒီမိုကရေစီ နည်းကျင့်သုံးမယ်၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမယ်၊ ကာလကြာရှည်စွာရှိခဲ့တဲ့ တိုင်းရင်းသားရေးရာ ပဋိပက္ခ တွေ အဆုံးသတ်မယ်၊ ပြီးတော့ ရွေးကောက်ပွဲမှာ လွပ်လပ်ပြီး တရားမျှတပြီး ယုံကြည်နိုင်လောက်တဲ့အခြေအနေတွေ ဖြစ် လာမယ်ဆိုရင်ပေါ့။ နောင်မှာလည်း အ မေရိကန်က အနီးကပ် ဆက်လက်ပြီး စစ်မှန်တဲ့ အကူအညီပေးမှုတွေ အကြံပေး မှုတွေလုပ်ဆောင်သွားမှာပါ။ နှစ်ပေါင်းများစွာက မြန်မာက လူအများရှေ့မှာ ရပ်တည်ဖို့ ခက်ခဲမှုအနေအထားတွေ ရှိခဲ့ တယ်။ အခုအချိန်မှာတော့ ကျွန်မတို့မြင်ချင်တာက မြန်မာဟာ ကမ္ဘာမှာ မှန်ကန်တဲ့နေ ရာတစ်ခုမှာ ရှိနေမှုပါ။ ပြီးတေ့ာ မြို့သာမက ကျေးလက်ဒေသမှာရှိနေတဲ့ ဖွံ့ဖြိုးမှုလိုအပ်တဲ့ မိသားစုတွေ၊ ကလေးသူငယ်တိုင်းဟာ ကောင်းမွန်တဲ့ ပညာ ရေးတွေပေးနိုင်အောင် အခွင့်အရေးတွေ ရှိရမယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရှိရမယ်။ အမေရိကန်အနေနဲ့ မြန်မာနဲ့ အကောင်း ဆုံး မိတ်ဖက်နိုင်ငံအဖြစ် မျှော်လင့်ပါတယ်။ အနာဂတ်မှာတော့ နိုင်ငံသားတိုင်းဟာ မှန်ကန်တဲ့နေရာတစ်ခုမှာ ရှင်သန်ရပ်တည်နိုင်ဖို့ ကျွန်မတို့ စောင့်ကြည့်မျှော်လင့်မိပါတယ်''
ပရိသတ်၏လိုအင်ဆန္ဒများ ပြည့်မှီစေရန် Eleven Media Group ထံမှ ရိုးသားစွာကူးယူဖေါ်ပြပေးနေပါသည်။



