ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council(Union Burma) ၏ ပထမ အကြိမ် ဗဟိုကော်မီတီ အစည်းအဝေးကို ထိုင်း နိုင်ငံ မဲဟောင်စွန်ခရိုင် နယ်စပ်တနေရာ၌ ပြီးခဲ့ သည့် နိုဝင်ဘာ (၂၈) ရက်နေ့က ကျင်းပခဲ့ သည်ဟု အစည်းအဝေး တက်ရောက်သူ တဦးက ဆိုပါသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council(Union Burma)၏ ပထမအကြိမ် ဗဟိုကော်မီတီ အစည်းအဝေးကို ထိုင်းနိုင်ငံ မဲဟောင်စွန်ခရိုင် နယ်စပ်တနေရာ၌ ပြီးခဲ့သည့် နိုဝင်ဘာ (၂၈) ရက်နေ့က ကျင်းပခဲ့သည်ဟု အစည်းအဝေး တက်ရောက်သူ တဦးက ဆိုပါသည်။ အဖွဲ ့ဝင်ပေါင်း (၆)ဖွဲ ့ပါ၀င်ပြီး၊ တဖွဲ ့လျှင် ဗဟိုကော်မီတီဝင် (၃) ဦးစီဖြင့် ထိပ်တန်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
“အထူးသဖြင့်တော့ ဒီအစည်းအဝေးမှာ လောလောဆယ် စစ်အစိုးရနဲ ့ ဆွေးနွေးနေတဲ့ ကိစ္စကို ဦးစားပေး ဆွေးနွေးမှာဖြစ်ပါတယ်။ ပထမမှာ အဖွဲ ့ဝင်တွေ သဘောတူထားတာကတော့ အစိုးရရဲ့ အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းချက်ကို တဖွဲ ့ချင်း လက်ခံဆွေးနွေးလို့ ရပါတယ်။ ဒါပေမဲ့ အပစ်အခတ် ရပ်စဲဖို့ မဟုတ်သေးပါဘူး။ သဘောက နအဖ အစိုးရဖက်က နိုင်ငံရေးအရ မဆွေးနွေးမချင်း၊ အပစ်ရပ်မှာ မဟုတ်သေးပါဘူး။အခု အချိန်ထိဘဲလေ အဲဒီမူအပေါ်မှာ ဘယ်အဖွဲ ့မှ မချိုးဖေါက် သေးပါဘူး။ အခုလည်း အဲဒီအဆင့်ကို ဆက်ထိမ်းကြဖို့ ညှိနှိုင်းကြမှာ ဖြစ်ပါတယ်”လို့ အစည်းအဝေး တက်ရောက်သူတဦး ကပြောပါသည်။
မွန်ပြည်သစ်ပါတီ၏ ကိုယ်စားလှယ်များမှာ၊ နိုင်ထောမွန် (ဥက္ကဌ)၊ နိုင်ဟံသာ (အထွေထွေအတွင်းရေးမှူး)၊ နိုင်ကွယ်ဟောင် မွန် (ဗဟိုကော်မီတီဝင်) တို့ ဖြစ်ကြပါသည်။ UNFC အဖွဲ ့ဝင်တိုင်းသည်၊ နအဖအစိုးရနှင့် အပစ်အခတ် ရပ်စဲရေးအတွက် တကြိမ်စီဆွေးနွေးခဲ့ကြပြီးဖြစ်ပါသည်။ ပဏာမ သဘောတူထားသည်မှာ (၁) တဖွဲ ့ချင်းဆွေးနွေးခွင့် ရှိသော်လည်း အပစ်အ ခတ်ရပ်စဲရေးကို လက်မခံသေးပါ၊ (၂) အပစ်အခတ် ရပ်စဲမည့်အချိန်ကို အားလုံးသဘောတူပြီးမှ အားလုံးရပ်စဲရန်။ (၃) နိုင်ငံရေးအရ ဆွေးနွေးခွင့် ရလာခဲ့လျှင် စုပေါင်းဆွေးနွေးရန် တို့ဖြစ်ပါသည်။
“ ဒီလိုပါ၊ အပစ်အခတ် ရပ်စဲရေးဆိုတာ ကျနော်တို့ အဖွဲ ့အားလုံးက အနှစ်သာရအရ သိရှိထားပြီးသားပါ။ နောက်ဆုံးတော့ နအဖဖက်က အချိန်ဆွဲတဲ့ ပေါ်လစီဘဲနဲ့ဘဲ အဆုံးသတ်ခဲ့တယ်။ အစိုးသစ်တက်လာမှ နိုင်ငံရေးအရ ဆွေးနွေး မယ်ဆိုတဲ့ နအဖရဲ့ အပစ်အခတ် မရပ်စဲခင် အချိန်က ပြောထားတဲ့ စကားတွေဟာ လုံးဝကို မေ့ထားလိုက်တယ်။ အခုလိုလာ ပြန်ပြီး၊ ဘာလိမ်ဦးမလဲ၊ ဘယ်လိုဖိအားတွေ၊ အကြပ်ကိုင်မှုတွေ ပေးဦးမလဲ၊ ကျနော်တို့ ဘယ်လောက်ထိ တောက်ခံနိုင် မလဲဆိုတာ ညှိနှိုင်းကြဖို့ အထူးကို လိုအပ်နေပါတယ်။ ပြီးတော့ ကျနော်တို ့UNFC စဖွဲ ့ကတည်းက အခုချိန်ထိပေါ့လေ ဗဟို ကော်မီတီအဆင့်ဆိုလို ့ တခါမှမဆွေး နွေးရသေးတဲ့အတွက် ဒီအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါတယ်။”ဟု အဆိုပါအစည်းအဝေးတက်ရောက် သူက ဆိုပါသည်။
UNFC အဖွဲ ့ဝင်များမှာ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကချင်ပြည် လွပ်လပ်ရေးအဖွဲ ့(KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ပအို့ အမျိုးသား လွတ်မြောက်ရေးအဖွဲ ့ချုပ်(PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရခိုင်ပြည် အမျိုး သားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ(LDU)၊ ၀အမျိုးသား အဖွဲ ့ချုပ်(WNO)၊ ကချင် အမျိုးသားအစည်းအရုံး (KNO)တို့ ဖြစ်ပါသည်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီUNFC သည်၊ ၂၀၁၁ခုနှစ် ဖေဖေါ်ဝါရီ(၁၂) ရက်နေ့မှ (၁၆ရက် နေ့ အထိ ကျင်းပသော တိုင်းရင်းသား လူမျိုးများ ညီလာခံတွင် ဖွဲ ့စည်းခဲ့ပါသည်။
UNFC ၏ နိုင်ငံရေးဦးတည်ချက်များမှာ၊ အမျိုးသားတန်းတူရေးနှင့် ပြည်နယ်တွင်း ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ပါသည်။



