ကချင်စစ်ပြေး ဒုက္ခသည်များ တိုးလာနေဆဲ

ကချင်စစ်ပြေး ဒုက္ခသည်များ တိုးလာနေဆဲ
by -
ပိုန်အာဲ

ဒုက္ခသည် စခန်း (၆) ခု၌ ကချင်စစ်ပြေး ဒုက္ခ သည်ပေါင်း (၅)သောင်း ကျော်လာနေပြီးဖြစ် သည် ဟု ဒုက္ခသည်များကို လိုက်လံ အကူအညီ ပေးနေသည့်  မြန်မာနိုင်ငံ ကျောင်းသား လူငယ် များ ကွန်ကရက် SYCB (Student and Youth congress of Burma) က တာဝန်ခံတဦးက ဆိုပါသည်။

globalchin
KIO ဌာနချုပ်အနီး လိုင်ဇာဘက်၌ ဒုက္ခသည်ပေါင်း (၂၀၀၀၀) ကျော်ရှိနေပြီး တရုတ်နယ်စပ်တွင် ဒုက္ခသည်ပေါင်း သုံးသောင်းကျော် ရှိနေပါသည်။ ဤဒုက္ခသည်များကို KIO အပါ၀င် အခြားလူမှုရေး လူ့အဖွဲ့အစည်းများက ကူညီဆောင်ရွက် ပေးနေကြောင်း ဆိုပါသည်။

“KIO ကချင်နှင့် စစ်အစိုးရ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေတဲ့အတွက်ကြောင့် နယ်စပ်ဘက်သို့စစ်ပြေး ဒုက္ခသည်တွေ ပိုများလာနေတာဖြစ်ပါတယ်။ ပြီးတော့ အအေးဒဏ်တွေကလည်း ပိုဆိုးလာ နေပါတယ်။ အစိုးရရဲ့ ဖန်တီးတဲ့ အဝါရောင် မိုးတွေကြောင့် သောက်သုံးရေ ပြသနာဖြစ်လာပါတယ်။ ဒီဒုက္ခသည်တွေကို UN  Agency ကလည်း အကူအညီမပေးသလို တရုတ်တို့ကလည်း အကူအညီမပေးပါဘူး။ ” ဟုကချင် အမျိုးသမီး အစည်းရုံးမှ အန်တီရှယ်လီက ပြောပါသည်။

ဗန်မော်၊ မိုးမောက်၊ ဝိုင်မော်မြို့ နှင့် မြစ်ကြီးနားမြို့ ဝန်ကျင်းမှာလည်း တိုက်ပွဲဖြစ်ပွားလျှက် ရှိပါသည်။ ဤဒေသရှိ ပြည်သူများမှာ  တရုတ်နယ်စပ်ဖက်ကို ထွက်ပြေးရန် ဝေးလွန်းသောကြောင့် ဤဒေသတဝိုက် မှာပင် လှည့်ပတ်ပြီး ရှောင်တိန်း နေရပါသည်။ ယခုဆိုလျှင် ဤဒေသ၌ ကချင်စစ်ပြေး ဒုက္ခ သည်ပေါင်း (၆၀၀၀) ကျော်သွားပြီးဖြစ်သည်ဟု (SYCB) တာဝန်ခံက ဆိုပါသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံကျောင်းသား လူငယ်များ ကွန်ကရက်အနေနဲ့  အကူညီမဲ့နေတဲ့ အဲဒီဒေသက ဒုက္ခသည်ပေါင်း (၆၀၀၀) ကျော်ကို အကူညီပေးသွားဖို့ ရှိပါတယ်။ သူတို့ရဲ့ လိုအပ်နေတဲ့ အစားစာတွေ၊ ဆောင်းတွင်းမှာ အအေးဒဏ်ခံ နိုင်အောင် လိုအပ်နေတဲ့ အဝတ်အထည်တွေ၊ အနွေးထည်နဲ့ စောင်တွေကို ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။”ဟု SYCB အတွင်းရေးမှူးက ပြောပါသည်။

globalchinကချင်စစ်ပြေးဒုက္ခသည်များ (ဓါတ်ပုံ - အင်တာနက်)

အလားတူ ကချင်စစ်ပြေး ဒုက္ခသည်များကို ကူညီရန် မွန်လူငယ်ဖောင်းတေးရှင်း MYF (Mon Youth Foundation)၊ ပြည်တွင်းပြည်ပ၌ ရှိသည့် ချင်းတိုင်းရင်းသားများ အဖွဲ ့နှင့် နာရေးကူညီမှု အသင်း (ရန်ကုန်)မှ ကူညီပေးသွားရန် ရှိကြောင်း သိရပါသည်။

ဤဒုက္ခသည်များသည်၊ ပြီးခဲ့သည့် အောက်တိုဘာလက စတင်ပြီး မြန်မာ အစိုးရသစ်ကနေ  အပစ်အခတ် ရပ်စဲထားဘူးသည့် ကချင်ပြည် လွပ်လပ်ရေး အဖွဲ့( KIO)ကို စစ်ဆင်ရာက တရုပ်နယ်စပ်ကို ထွက်ပြေး သူများဖြစ်ပါသည်။ ထို့အပြင် ဤစစ်ဆင် နေသည့် ဒေသဝန်းကျင်ကိုလည်း အစိုးရက အဝါရောင်မိုး ဖန်တီးပြီး ရွာစေခဲ့သဖြင့် သောက်သုံးရေများ ခက်ခဲလာစေခဲ့ပါ သည်။ ဒုက္ခသည်အတွက် အကူအညီ ရရှိရေးမှာလည်း လိုအပ်နေဆဲဖြစ်သည်ဟု မြန်မာနိုင်ငံ ကျောင်းသား လူငယ်များကွန်ကရက်က ဆိုပါသည်။ သို့သော်လည်း ကချင်ပြည် လွပ်လပ်ရေးအဖွဲ ့နှင့် အနဖအစိုးရတို့ တရုတ်မြန်မာနယ်စပ် ရွှေလီမြို ့၌ မကြာခင်တွေ့ဆုံဆွေးနွေးရန် ရှိသည်ဟု သိရပါသည်။

Most read this week