ယနေ့ နံနက် ၉ နာရီ အချိန်တွင် မြန်မာ နိုင်ငံဆေးပညာအသင်း (BMA)က ဦးဆောင်ပြီး မြေမြုပ်မိုင်း အန္တရာယ်ကို တားဆီးကာကွယ်ရေး နှင့် ရရှိခဲ့သည့် အန္တရာယ်ကို ဘယ်လိုပြုစုရမလဲ ဆိုသည့် သင်တန်းဆင်းပွဲကို ထိုင်းနိုင်ငံမဲဆောက် မြို့ မှာ ကျင်းပခဲ့သည်ဟု BMA အသင်းမှ တာဝန် ရှိသူဆရာအေးလွင် က ပြောပါ သည်။
“ မြန်မာပြည်ထဲမှာ စစ်ပွဲတွေ ဖြစ်နေဆဲရှိတယ် စစ်ပွဲပြီးလို့ ဆိုးကျိုးက မြေမြုပ်မိုင်းတွေကို ထောင်ထား ကြတယ်။ အဲဒီနောက်ဆက်တွဲကို ခံရတာက ပြည်သူလူထုတွေလေ၊ မြေမြုပ်မိုင်းကြောင့် ဒဏ်ရာရတဲ့သူတွေ မိသားစုတွေ Social Environment ပျက်စီးဆုံးရှံုးတာကို မသိနားမလည်းတဲ့အတွက် ဒါကို ကြိုတင် ကာကွယ်ပေးဖို့အတွက်နဲ့ အဲဒီဒဏ်ကို မခံရအောင် ပြည်သူတွေကြားမှာ မြေမြုပ်မိုင်းနဲ့ ပတ်သတ်ပြီး ပညာပေးဖို့ လိုနေတဲ့အတွက် အခုလို သင်တန်းကို ပေးရခြင်းဖြစ်သည်ဟု” ပြောပါသည်။
BMA သည် တိုင်းရင်းသား အဖွဲ့စည်းနှင့် ကျန်းမာရေးအဖွဲ့အစည်းများဖြင့် စုဖွဲ ့ထားသော အဖွဲ ့ဖြစ်ပါသည်။ အထူးသဖြင့် ကရင်၊ မွန်၊ ရှမ်း၊ ကရင်နီ၊ ကချင်၊ ကယန်း နှင့် ရခိုင်အဖွဲ ့တို့ဖြစ်ပါသည်။ ယခုအပတ် သင်တန်းဆင်းပွဲသည် ၂၀၁၁ ခုနှစ်အတွင်း ပထမဆုံး အကြိမ်ဖြစ်ပြီး မြေမြှုပ်မိုင်း ရှိနိုင်သည့် ကရင်နှင့် ကရင်နီ ဧရိယာမှ ကျန်းမာရေး လုပ်သားများကို ခေါ်ယူသင်တန်းပေးခဲ့ပါသည်။ သင်တန်းကာလမှာ ၉ ရက်ဖြစ်ပြီး အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၂ ဦး တက်ရောက်ခဲ့ပြီး သင်တန်းသား သင်တန်းသူများသည် အတွေ့ကြံုရှိပြီးသော သူများဖြစ်ပါသည်။
“Minerisk education ကို အရင်တုန်းက လုပ်ဖူးတယ်။ အဲဒါအပြင် စစ်ပွဲတွေ ဒဏ်ရာတွေ ဘယ်လိုပြုစု စောင့်ရှောက်မလဲ သင်တန်းတွေ ရှေးဦးသူနာပြု သင်တန်းတွေ ဒေါက်လျှောက်လုပ်သွားတယ်။ ကုသရေးပိုင်းကိုပေးခဲ့တယ်၊ ဆေးတွေ ကုသပြုစုစောင့်ရှောက်တာ။ အခု ၂၀၁၁ မှာ ပထမဦးဆုံး အကြိမ် ပြန်လုပ်တာဖြစ်ပြီး မြန်မာပြည်မှာ မြေမြုပ်မိုင်းတွေ အန္တရယ်တွေကြံုလာတဲ့အလားလာအများကြီး ရှိတဲ့ အပေါ်မှာ လူထုတွေကို ပညာရေး ပေးခြင်းအားဖြင့် လူတွေက မြေမြုပ်မိုင်း အန္တရယ်ကို တစိတ်တပိုင်း ကာကွယ်တော့မယ့် အနေဖြင့် သင်တန်းကိုပေးခြင်းဖြစ်ပါတယ်။
သင်တန်းကို BMA မှ ဥိီးဆောင်သော်လည်း သင်တန်းပိုင်းဆိုင်ရာတွင် ဂျပန်ဆရာ Murakami နဲ့အတူ Minerisk education က ပူးတွဲသင်ကြားပေးသလို ရှေးသူနာပြုတွင် မယ်တော်ဆေးခန်းနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ ဒဏ်ရာရသည့်အခါ သွေးတိတ်အောင် ဘယ်လိုလုပ်ရမလဲ နည်းနာပေးခြင်း၊ ရှေးဦးသူနာပြုနည်းနှင့် ပြုစုပြီး အနီးဆုံးဆေးခန်းကို ပို့ဆောင်ရေး အပါ၀င် ခြေတုလက်တု အသုံးပြုရေးပါ ပို့ချခဲ့ပါသည်။ BMA သည် မြေမြှုပ်မိုင်း အန္တရယ်ကို ပညာပေးရန်နှင့် လက်တွေ့ဆက်လက်လုပ်ဆောင်နိုင် ရန် အတွက် ဆောင်ရွက်ပြီး သင်တန်းကို ၂၀၀၅ တွင် စတင်ခဲ့ပါသည်။



