ဗိုလ်မှူးချုပ် စောလားဖွယ် ဦးဆောင်သော တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ ့(DKBA) သည်၊ တပ်ဖွဲ ့အားလုံး ပါ၀င်သော အစည်းအဝေး တရပ်ကို ဒီနေ့ မနက် (၉) နာရီ အချိန်တွင် မြဝတီမြို့ နယ် တာအုတ်ဌ ကျေးရွာ၌ကျင်းပခဲ့ပါ သည်။
ယင်းဆွေး နွေးပွဲ၌၊ ဒီကေဘီအေ၏ ထိပ်သီးများ ဖြစ်ကြသော တပ်ချုပ်မှ ဗိုလ်မှူးချုပ် စောလားဖွယ်၊ ဒုဦးစီးချုပ် ဗိုလ်မှူးကြီး မိုရှေးတို့က ဦးဆောင်ပြီး ကလို့ထူးဝါး စစ်ဗျူဟာမှူး၊ ဗိုလ်မှူးကြီး၊ ကျော်သက်၊ ကလို့ထူးလား စစ်ဗျူဟာမှူး (BGF) ခွဲထွက် တပ်ဖွဲ ့များမှ ဗိုလ်မှူးကြီးကျော်ဘိ အစား၊ ဗိုလ်မှူးမောင်လေးက တက်ရောက် ခဲ့ပါသည်။ ထို့နောက် နအဖနှင့်တွေ ့ဆုံ ဆွေးနွေးစဉ်ပါ၀င်ခဲ့ကြ သော ကိုယ်စားလှယ် များနှင့် ကလို့ထူးဘော စစ်ဗျူဟာမှ အမှတ် (၉၀၁)၊ အမှတ်(၉၀၂)၊ အမှတ် (၉၀၇)၊ အမှတ် (၉၀၉) တပ်ဖွဲ ့များမှ တပ်ရင်းမှူးနှင့် အခြားအရာရှိ များလည်း တက်ရောက်ကြပါသည်။ အလားတူ ကလို့ထူးလား စစ်ဗျူဟာဖြစ်သည့် (BGF) ခွဲ ထွက်အဖွဲ့၏ တပ်ရင်း (၃) ရင်းမှ ကိုယ်စားလှယ် များလည်း တက်ရောက် ခဲ့သဖြင့် ကိုယ်စားလှယ်ပေါင်း (၃၅) ဦးခန့် တက်ရောက် ခဲ့သည်ဟု သိရပါသည်။
“ ဒီအစည်းအဝေးကတော့ အစိုးရနဲ့ အပစ်အခတ် ရပ်စဲပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ် တပ်လုံးကျွှတ် အစည်းအဝေးပါ။ ဒါတောင် လမ်းပမ်း ဆက်သွယ်ရေးကြောင့် ဗိုလ်မှူးကြီး ကျော်ဘိတောင်မတက်ရောက် နိုင်ပါဘူး။ ကျနော်တို့နဲ့ နီးတဲ့ ဗိုလ်မှူး မောင်လေးကိုဘဲ လွှတ်လိုက်တယ်လေ၊ အဓိက ရည်ရွယ်ချက်ကတော့ အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ကိစ္စကို တပ်ဖွဲ ့ အားလုံးကို နားလည်အောင် ရှင်းပြဖို့ဘဲဖြစ်ပါတယ်။ ပြီးတော့ ရှေ ့လုပ်ငန်းစဉ်တွေပေါ့။ အပစ်အခတ် ရပ်စဲရေးတော့ ပြီးပါပြီး၊ နိုင်ငံရေးအရ ကျနော်တို့ဘာဆက် လုပ်ကြမလဲ ဆိုတာလဲ ဆုံးဖြတ်ကြမဲ့ အစည်းအဝေးဖြစ်ပါတယ်။” ဟု ပြောရေး ဆိုခွင့်ရှိသူဗိုလ်မှူးစန်းအောင် က ဆိုပါသည်။
အစီစဉ်အရ အပစ်အခတ် ရပ်စဲရေး စတင်ခဲ့သည့် အောက်တိုဘာ(၂၆) ရက်နေ့မှ အပစ်အခတ် ရပ်စဲရေး အတွက် နေရာချခဲ့ သည့်နိုဝင်ဘာ (၇) ရက်နေ့အထိ အခြေအနေများကိုတင်ပြဆွေးနွေး မည်ဖြစ်ပါသည်။ ထို့အပြင်
(၁) နအဖနှင့် ဆက်ဆံရေးအတွက် မြဝတီ၌ထားရှိမည့် ဆက်ဆံရေး ရုံးအတွက် တာဝန်ခံနှင့် အဖွဲ ့ရွေးချယ်ခြင်း၊
(၂) ရှေ ့လုပ်ငန်းစဉ်များ၊
(က)နိုင်ငံရေး၊
(ခ) စစ်ရေး၊
(ဂ) မဟာမိတ်ဆက်ဆံရေး၊
(၃) လူထုအကျိုးပြု ဒေသဖွံ ့ဖြိုးရေးလုပ်ငန်းများ၊
(၄) လူထုရှင်းလင်းပွဲ ကျင်းပရေးနှင့်
(၅) တပ်ဖွဲ ့များပြင်ဆင်မွမ်းမံရေးနှင့် နေရာချထားရေးတို ့ဖြစ်ကြောင်းသိရပါသည်။
DK_02
ဒီကေဘီအေ လူထု ရှင်းလင်းပွဲ (ဓါတ်ပုံ - အင်တာနက်)
အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူထားသည့် တပ်နေရာ ချထားရေးကိုမူ ယမာန်နေ့က တပ်မ(၂၂) လက်အောက်ခံ၊ နည်းဗျူဟာ (၁)မှူး၊(နာမည်မပေး) နှင့် ဒုဦးစီးချုပ် ဗိုလ်မှူးကြီး မိုရှေးတို့က ဆွေးနွေးခဲ့ပြီး ဖြစ်ပါ သည်။ တပ်မ (၂၂)လက် အောက်ခံ ခမရ (၂၀၄) တပ်မှူးများနှင့် ဒီကေဘီအေ (၉၀၇)တပ်များ ဆုံစည်းမြိုင်ကျေးရွာ၌ တွေ ့ဆုံခဲ့ပြီးဖြစ်ပါသည်။
အပစ်အခတ် ရပ်စဲရေး၏ လူထုရှင်းလင်းပွဲကိုလည်း နိုဝင်ဘာ (၄) ရက်နေ့တုန်းက မြဝတီမြို ့နယ် ၀ါမီထ ကျေးရွာတွင် ပထမ အကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ဒုတိယအကြိမ်ကိုလည်း မြဝတီမြို ့နယ် ဆုံဆည်းမြိုင် ကျေးရွာတွင် ကျင်းပရန် စီစဉ်ထားပါသည်။ ဖိတ်ကြားထားသည့် ကျေးရွာများမှာ ဒေါနတောင်အနောက်ခြမ်းမှ ကျေးရွာများဖြစ်သော ကျိုက်ဒုံ၊ မိပရံ၊ ကွင်းက လေး၊ အကြိတ်၊ ကဒက်ခို့၊ သဲ့ဖါထော၊ မော်ကဲ့ခီး၊ ပူးကြီး၊ စိုးထ၊ မိတန်း၊ မိနအ၊ ကမာကလဲ၊ အစင်း၊ ခူးထီမု၊ နကလေး၊ အကွီကလယ်၊ ထောဝါလော၊ ကရောထ၊ မဲ့မလာခ၊ မဲ့မလာခီး၊ ကော့စိုင်၊ လမ်းဖါ၊ အစွန်း၊ စသည့် ကျေးရွာပေါင်း (၂၀) ခန့် ရာထားပြီး လူစုံလျှင် ကျင်းပမည်ဖြစ်ပါသည်။
ထို့ကြောင့် ဒီကေဘီအေ အဖွဲ ့သည်၊ ယခုကျင်းပသော အစည်းအဝေးပြီးသောအခါ လူထု ရှင်းလင်းပွဲများကို ဆက်လက် ကျင်းပရန် ရှိပါသည်။ တပ်နေရာ ချထားရေးကိုလည်း၊ ဆုံဆည်းမြိုင်နေရာအပြင်တခြားနေရာ များ၌လည်း ရာထားကြောင်း သို့သာ် နအဖနှင့် ဆက်ညှိနှိုင်းသွားမည်ဟု သိရပါသည်။



