မွန်ပြည်သစ် ပါတီ၏ အဌမမြောက် ပါတီ ညီလာခံကျင်းပရန်ပြင်ဆင်

မွန်ပြည်သစ် ပါတီ၏ အဌမမြောက် ပါတီ ညီလာခံကျင်းပရန်ပြင်ဆင်
by -
ဖြူဖြူကို

မွန်ပြည်သစ် ပါတီ၏ အဌမ အကြိမ်မြောက် ပါတီ ညီလာခံကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ (၁၅) ရက်နေ့၌ ကျင်းပတော့မည်ဟု ဗဟို အလုပ် အမှုဆောင် တဦးက ရွှေဟင်္သာ သတင်း ဌာနသို့ပြောကြားခဲ့ပါ သည်။

မွန်ပြည်သစ် ပါတီ၏ အဌမ အကြိမ်မြောက် ပါတီ ညီလာခံကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ (၁၅) ရက်နေ့၌ ကျင်းပတော့မည်ဟု ဗဟို အလုပ် အမှုဆောင် တဦးက ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြားခဲ့ပါသည်။ ဤသို့ကြောင့် ယခုအချိန်၌ ညီလာခံ ကိုယ်စားလှယ်ရွေးချယ်ခြင်း၊ ညီလာခံ ကျင်းပရေးလမ်းညွှန်များရေး ဆွဲခြင်း၊ အစီရင်ခံစာ များနှင့် ငွေစာရင်း ရှင်းတမ်းများကို ပြုစုရန်အတွက် မကြာမှီတွင် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ကျင်းပရန် အဖွဲ ့ဝင်များကို ဖိတ်ခေါ်နေ့ပြီးဖြစ််ပါသည်။

“ ညီလာခံ ကိုယ်စားလှယ်ရွေးချယ်ဖို့အတွက် ဌာနဆိုင်ရာတွေကိုလည်း လူစုခိုင်းနေပါပြီး၊ ညီလာခံကတော့ ပါတီ စည်းမျဉ်းအတိုင်း (၃)နှစ်တကြိမ် ကျင်းပတဲ့ ပုံမှန်ညီလာခံဖြစ်ပါတယ်။ ကျင်းပတဲ့နေရာကတော့ အခုလက်ရှိရေးချောင်းဖျား မှာရှိတဲ့ ဗဟိုဌာနချုပ်မှာဘဲ ဖြစ်မှာပါ။ ဒါကြောင့် ဗဟိုအလုပ်အမှုဆောင်တွေ ခေါ်ထားတယ်။ ဒီတရက်နှစ်ရက်တော့ ထိုင် ဖြစ်မှာပါ။ အပြောင်းအလဲတော့ ကြီးကြီးမားမားရှိမယ်မထင် ပါဘူး။” ဟု ဗဟို အလုပ်အမှုဆောင် တဦးက ပြောခဲ့ပါသည်။

ယနေ့ မနက်ပိုင်း၌လည်း ဗဟိုအလုပ်အမှုဆောင် တချို ့နှင့် အထွေထွေ အတွင်းရေးမှုးတို့အဖွဲ ့သည် စံခဘူရီမြို ့မှ ဌာနချုပ် စခန်းဖက်ကို ထွက်ခွာ သွားခဲ့ကြပါသည်။ ယခုကျင်းပသည့် ညီလာခံ၌ ခန့်မှန်းခြေ ကိုယ်စားလှယ်ပေါင်း တရာကျော် တက်ရောက်မှာဖြစ်ပြီး၊ ဦးသိန်းစိန် အစိုးရသစ်နှင့် နောက်ထပ်အပစ် အခတ် ရပ်စဲရေးအတွက် ဆက်လုပ်သင့်မသင့် ဆွေးနွေးကြဖွယ်ရာ ရှိသည်ဟု အကဲခတ်များကခန့်မှန်းနေပါ သည်။ ထို့အပြင် တပ်သားသစ် စုဆောင်းရေးမှာလည်း အသက်ပြည့်သူ မွန်လူမျိုးတိုင်းကို မဲစနစ်ဖြင့် ကောက်ခံသွားမည့် မူသစ်ကိုလည်း ဆွေးနွေးနိုင်ဖွယ်ရာ ရှိနေကြောင်း ကြားသိရပါသည်။

“ဒီလိုပါ ကေအန်ယူတွေကလည်း တပ်သားသစ်တွေကို စုဆောင်းတဲ့နေရာမှာ ကောက်ခံခဲ့ဘူးပါတယ်။ ပြီးတော့ ရှမ်း၊ ကချင်တွေကလည်း ကောက်ခံခဲ့တာဘဲ။ ဒါကိုကြည့်ပြီး လေ့လာနေတယ်လေ။ကျနော်တို့ လည်းကောက်ခံရင် ဖြစ် နိုင်မလား၊ ဒါပေမဲ့ မူကတော့ မရှိသေးဘူး။” ဟု ဗဟို အလုပ်အမှုဆောင် တဦးက ပြောသွားခဲ့ပါသည်။
nmsp33

သတ္တမအကြိမ် ပါတီညီလာခံကို (၂၀၀၉)ခုနှစ် ဇန္နာဝါရီလ တရက်နေ့မှ (၁၇)ရက်နေ့အထိ လက်ရှိရေးချောင်း ဖျား နယ်စပ် ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့ပါသည်။ ကိုယ်စားလှယ်ပေါင်း (၁၂၀)ကျော် တက်ရောက်ပြီး စစ်အစိုးရ၏ (၂၀၀၈) အခြေခံဥပဒေ နှင့် (၂၀၁၀)ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။ ဤသို ့ကြောင့် (၂၀၁၀)ရွေးကောက်ပွဲ မတိုင်မီ၌ အစိုးရနှင့် သဘောတူထားသော အပစ်အခတ် ရပ်စဲရေးကိစ္စ ပျက်ပြားသွားခဲ့ကြပါသည်။

မွန်ပြည်သစ် ပါတီသည်၊ တဖွဲ ့ချင်း အပစ်အခတ်ရပ်စဲရေး ပြုလုပ်နိုင်ခြင်းနှင့် စုပေါင်းသည့် နည်းနှင့်သာ အစိုးရနှင့်နိုင်ငံရေးအရ ဆွေးနွေးသွားခြင်း၊ ဆိုသည့်(UNFC )ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ၏ မူကိုလည်း ဤညီလာခံ၌ ဆက်လက်ဆွေးနွေးဖွယ် ရှိသည်ဟု သိရပါသည်။ဤမူ အတိုင်းနှင့်သာ ပြီးခဲ့သည့် အောက်တိုဘာ လဆန်းတွင် မွန်ပြည်နယ် အစိုးရ အဖွဲ ့နှင့် ရေးမြို ့တွင်ဆွေးနွေး ခဲ့ပါသည်။

Most read this week