ဂျပန်ရောက် ကရင် ဒုက္ခသည် မိသားစုအချို့ နေရပ်ပြန်လိုကြ

ဂျပန်ရောက် ကရင် ဒုက္ခသည် မိသားစုအချို့ နေရပ်ပြန်လိုကြ
by -
ကိုသိုက်
refugee_camp_thumb_medium250_163

ဂျပန်နိုင်ငံကို ရောက်ရှိသွားသော မယ်လ ဒုက္ခသည် အိမ်ထောင်စု တစ်ချို့ နေရပ်ကို ပြန်ချင်နေသည်ဟု ဂျပန်နိုင်ငံ ချီဘာ ဒုက္ခသည်စခမ်းနေ ဒုက္ခသည် မိသားစုမှ ပြောပါသည်။

ဂျပန်နိုင်ငံကို ရောက်ရှိသွားသော မယ်လ ဒုက္ခသည် အိမ်ထောင်စု တစ်ချို့ နေရပ်ကို ပြန်ချင်နေသည်ဟု ဂျပန်နိုင်ငံ ချီဘာ ဒုက္ခသည်စခမ်းနေ ဒုက္ခသည် မိသားစုမှ ပြောပါသည်။ ၄င်းတို့ အနေနှင့် စိုက်ပျိုးရေး လုပ်ငန်းတွင် နားရက်မရှိ အလုပ် လုပ်ကိုင်နေရပြီး လုပ်အားခ အနည်းအကျဉ်းသာ ရရှိနေသလို ဘဝ ဆက်လက် ရပ်တည်ရေး အတွက် အဆင်မပြေမှုကြောင့် ပြန်လိုခြင်း ဖြစ်သည်ဟု အဆိုပါ ဒုက္ခသည် မိသားစုမှ ပြောသည်။

ပြန်လိုသည့် ဒုက္ခသည် မိသားစုမှာ (၂၀၁၀) ခုနှစ် စက်တင်ဘာလတွင် ထွက်ခွါ သွားသူများ ဖြစ်သည်။ မယ်လ ဒုက္ခသည် စခန်းမှ ပထမ အသုတ်အဖြစ် ဂျပန်ကို ထွက်သွားသည့် ဒုက္ခသည် ဦးရေမှာ (၂၇) ဦး ရှိပြီး ဒုတိယအသုတ်အဖြစ် (၂၀၁၁) စက်တင်ဘာလတွင် တဖန် ထပ်မံ ထွက်သွားသည့် ဦးရေမှာ (၁၈) ဦး ရှိသည်ဟု မယ်လ ဒုကသည်စခန်းမှ တာဝန်ရှိသူ တစ်ဦးမှ ပြောပါသည်။

ဒုက္ခသည်များကို ဂျပန်နိုင်ငံ တိုကျိုမြို့ မီယာကန်နှင့် ချီဗါကန် ဒုက္ခသည် စခမ်းတွင် နေရာ ချထားပေးသည်။ ရောက်ရှိလာသော ဒုက္ခသည်များကို ပထမ (၆) လအတွင်း ဂျပန်အစိုးရမှ လိုအပ်သော ကူညီ ထောက်ပ့ံမှု ပေးထားသည်ဟု ချီဗါကန် ဒုက္ခသည်စခန်းမှ နေစောကျော်စိန်က ယခုလိုပြောပါသည်။

"ဒီကိုရောက်တော့ လူကြီး တစ်ယောက်ကို တရက် ယမ်းငွေ (၁၅၀၀) ခလေးဆိုရင် (၇၅၀) ထောက်ပံ့ ပေးတယ်။ စာတွေ စကားတွေနဲ့ အခြား လိုအပ်မယ့်ဟာတွေ သင်ပေးတယ်။ ဒုက္ခသည် ကူညီပေးရေး အဖွဲ့တွေကနေ ၀ိုင်းကူပေးတယ်ပေါ့။ နောက် (၆) လ ကျရင် အလုပ်ဝင်ရမယ်။ အများအားဖြင့်တော့ စိုက်ပျိုးရေး လုပ်ငန်းမှာပေါ့။ အလုပ်သင် အနေနဲ့ စလုပ်ရတယ်။ နားရက် မရှိဘူး။ တလကို ယန်းငွေ တစ်သိန်း နှစ်သောင်း ရတယ်။ တချို့က အလုပ် ပင်ပန်းတော့ မလုပ်နိုင်တော့ ပြန်ချင်ကြတယ်။ တချို့က ဂျပန် နေထိုင်မှုပုံစံနဲ့ ကိုယ်နဲ့ မကိုက်တော့ ပြန်ချင်သူတွေလဲ ရှိတာပေါ့"

ပြန်လိုသည့် ဒုက္ခသည်များသည် နေရပ် ပြန်ရရေးအတွက် ဒုက္ခသည် ဌာနချုပ် တာဝန်ရှိသူများကို ဂျပန်တရားရုံးတွင် တရားစွဲဆိုထားသည်ဟု သတင်း ထွက်ပေါ် နေသော်လည်း သီးခြား အတည်ပြုချက် မရရှိသေးပါ။

ဂျပန် အစိုးရအနေနှင့် (၂၀၁၂) ခုနှစ်တွင် မယ်လ ဒုက္ခသည် စခန်းမှ နောက်ထပ် ဒုက္ခသည်ဦးရေ (၃၀) ခန့် ထပ်မံ ခေါ်ယူမည်ဟု ဒုက္ခသည် စခန်း ကော်မီတီ တစ်ဦးမှ ပြောသည်။ အလားတူ အုန်းဖျံ ဒုက္ခသည် စခန်းနေ ဒုက္ခသည်များကိုလည်း ဂျပန်အစိုးရနှင့် UNHCR ခေါ် ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး ပူးပေါင်း အစီအစဉ်အရ ထပ်မံ ခေါ်ယူမည်ဟု အုန်းဖျံ ဒုက္ခစခန်း အကူညီပေးရေး အဖွဲ့မှ ပြောပါသည်။

Most read this week