ယမန်နေ့နေ့လည် (၁၁)နာရီအချိန်တွင်ဒီကေဘီ အေ ၊ ရခိုင်လွတ်မြောက်တပ်ဖွဲ့နှင့် ABSDF ကျောင်း သား တပ်မတော်တို့ ပူးပေါင်းထားသော တပ်ဖွဲ့က ကရင်ပြည်နယ်၊ မြဝတီမြို ့နယ်ထီးပေါ် ပိုးကျေးရွာဖက်၌ လှုပ်ရှားနေသော
ယမန်နေ့နေ့လည် (၁၁)နာရီအချိန်တွင်ဒီကေဘီ အေ ၊ ရခိုင်လွတ်မြောက်တပ်ဖွဲ့နှင့် ABSDF ကျောင်း သား တပ်မတော်တို့ ပူးပေါင်းထားသော တပ်ဖွဲ့က ကရင်ပြည်နယ်၊ မြဝတီမြို ့နယ်ထီးပေါ် ပိုးကျေးရွာဖက်၌ လှုပ်ရှားနေသောတပ်မ(၂၂) လက်အောက်ခံ ခမရ (၂၀၄) တပ် ဖွဲ ့တချို ့နှင့် နှစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒီကေဘီအေပြောခွင့် ရသူ ဗိုလ်မှူး စန်း အောင်က ပြောပါသည်။ ပထမအကြိမ်တွင် (၁၅) မိနစ် ဖြစ်ပွားခဲ့ပြီး ညနေ (၅) လောက် တွင် နောက်ထပ်တကြိမ် (၁၅)မိနစ် ဖြစ်ပွားခဲ့ ပြီး ထိခိုက်ကျဆုံးမှု မသိရှိရသေးပေ။
ခမရ(၂၀၄) တပ်ဖွဲ့များသည်၊ တိုက်ပွဲဖြစ်ပွားစဉ်တွင် ထီးပါပိုးရွာထဲသို ့ လက်နက်ကြီး(၅)လုံး ပစ်သွင်းခဲ့သည်ဟု ဒီကေဘီ အေဖက်က ဆိုပါသည်။ ထီးပါပိုးရွာ ဘုန်းကြီးကျောင်း၌ ဖြစ်ပွားသော တိုက်ပွဲတွင် ဒီကေဘီအေ တပ်မှူး ဗိုလ်ကြီး မင်းဇော်ဦးက ဦးဆောင်ပြီး ထီးပါးပိုးသုံးအိမ်စု ရွာ၌ ဖြစ်ပွားသော တိုက်ပွဲတွင် ဒီကေဘီအေ (၉၀၉) တပ်ရင်းမှူး ဗိုလ်မှူး အဲ့ဖိုးက ဦးဆောင်ခဲ့ပါသည်။
“အခုဖြစ်တဲ့ ရွာတွေဟာ ဟိုးဒီကေဘီအေ စဖွဲ့တုန်းက တည်ထားတဲ့ ရွာတွေပါ။ အိမ်ခြေတော့ သိပ်မများပါဘူး။ နအဖ တပ် တွေက ဖြစ်ဖြစ်ချင်းကို ရွာထဲကို လက်နက်ကြီးနဲ့ ပစ်လိုက်တာပါဘဲ ။ ဒါပေမဲ့ လူအထိအခိုက်တော့ မကြားပါဘူး။ ကျနော်တို့ကတော့ ပူးပေါင်းစစ်ဆင်သွားမှာပါ။ အခုဆိုရင် ပိုပြီးအားရှိလာတယ်လေ၊ တခြား ဒီမိုကရေစီ အင်အားစုတွေနဲ့ ပို ပြီးလက်တွဲသွားဖို့ ရှိပါတယ်လို့” ဗိုလ်မှူးစန်းအောင်က ဆိုပါသည်။
ဗိုလ်မှူးချုပ် စောလာဖွယ် ဦးဆောင်သော ဒီကေဘီအေ တပ်ဖွဲ့များသည်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို ့နယ်၊ကော့ ကရိတ်မြို ့နယ်နှင့် မြဝတီမြို ့နယ်များတွင် စစ်ရေးအရ ပိုမိုလှုပ်ရှားလာနေပြီး၊ ကေအန်ယူ တပ်များ နှင့်လည်းကောင်း၊ (ABSDF) ကျောင်းသားတပ်မတော်နှင့် ရခိုင်ပြည်လွတ်မြောက်ရေး တပ်ဖွဲ့တို့နှင့်လည်းပူးပေါင်း တိုက်ပွဲ ၀င်လာနေခဲ့ပါသည်။ အလားတူ BGF ဟုခေါ်သည့် အစိုးရနယ်ခြားစောင့်ကနေ ခွဲထွက်လာခဲ့သည့် ဗိုလ်မှူးကျော်ဘိတို့ အဖွဲ ့နှင့်လည်း ပူးပေါင်းဆောင်ရွက်နေပါသည်။
ဗိုလ်မှူးချုပ် စောလာဖွယ် ဦးဆောင်သော ဒီကေဘီအေတပ်ဖွဲ ့များသည်၊ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲအပြီး၊ ရွေး ကောက်ပွဲရလာဒ်ကို မကျေနပ်သဖြင့် စစ်အစိုးရကို ပြန်လည်တိုက်ခိုက် လာခဲ့သည်ဟု ထုတ်ပြန်ထားသလို စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အစီစဉ်ကိုလည်း လက်မခံနိုင်သည့် အဖွဲ့ဖြစ်ပါသည်။



