မိုးအဆက်မပြတ် ရွာသွန်းလို့ ဘီလူချောင်းရေလည်း ကြီးလာတဲ့ အတွက်ကြောင့် ဘီလူးချောင်း တလျှောက်မှာ နေထိုင်ကြတဲ့ သူတွေအားလုံး ရေဘေးဒုက္ခတွေနဲ့ ကြံုတွေ့နေကြရပါတယ်။
ဒါ့အပြင် အင်းလေးကန် ရေကြီးရာမှ မိုးဗြဲရေကာတာမှာလည်း စိုးရိမ်ရေအမှတ်ထက် ကျော်လွန်လာ ပါတယ်။ အဲဒီအတွက်ကြောင့် ရေကာတာမှ ရေတွေ လွှတ်ချခဲ့ပါတယ်။ ရေတွေက ဘီးလူးချောင်းအတိုင်း စီးဆင်းလာပြီး အခုဆိုရင် ချောင်းဘေးမှာရှိတဲ့ ရွာတွေရဲ့အိမ်တွေမှာ ရေတွေက လူတရပ်မြင့်စာလောက် တက်လာပါတယ်။
ဒီးမော့ဆိုမြို့နယ် နန်းဖယ်ခုံကျေးရွာအတွင်းရှိ ဘုရားဖြူရွာ၊ ဘုရားနီရွာနဲ့ ဖောင်းတောရွာက မူလတန်း ကျောင်းတွေမှာ ကျောင်းပိတ်ထား လိုက်ရပါတယ်။
အဲဒီကျောင်းက ဆရာမနှင့် နီးစပ်တဲ့သူတဦးက “ရေကတဖြည်းဖြည် ကြီးလာတာကိုးကျောင်းသွားလို့မရ ဘူး။ ကျောင်းကိုတက်လို့ မရတော့တာ။ ရေတွေက အခန်းထဲထိ ပြည့်လျှံနေတာပါ။ အဲဒါကြောင့် ခဏ ပိတ်ထားရတယ်” လို့ ပြောပါတယ်။
စာသင်ကျောင်းအတွင်းထဲကို ရေတွေဝင်ကုန်ပြီး လမ်းများမှာလည်း ရေများနှင့် ပြည့်လျှံလျက်ရှိနေသဖြင့် ကလေးငယ်များ ကျောင်းသွား၊ကျောင်ပြန် အန္တာယ်ရာယ်ရှိနိုင်ပါတယ်။ ကျောင်းသားမိဘတွေ ကလည်း သားသမီးအတွက် စိုးရိမ်မကင်း ဖြစ်နေကြရပါတယ်။
ဒေသခံ ကျောင်းသား မိဘတဦးက “ချောင်းတွေ မြောင်းတွေလည်းရှိတော့ ကလေးငယ်သွားလာရတာ မလွယ်ဘူး။ သတိထားရတယ်။ ဘယ်မှလျှှောက်မသွားခိုင်းဘူး” လို့ ပြောပါတယ်။
နန်းမယ်ခုံကျေးရွာအုပ်စု အတွင်းရှိတဲ့ တောင်သူလယ်သမားတွေရဲ့ လယ်ထဲမှာတော့ ရေတွေပြည့်နေလို့ နွေစပါး ရိတ်သိမ်းတဲ့သူတွေမှာ လူတယောက်ရဲ့ ခါးကျော်ကျော်လောက်ရောက်နေတဲ့ရေတွေထဲမှာ ခက်ခက်ခဲခဲနဲ့ ရိတ်နေကြရပါတယ်။
မိုးစပါးတွေ စိုက်ပျိုးတဲ့ လယ်တွေအားလုံးမှာလည်း ရေတွေဝပ်နေကြပါတယ်။ စပါးနှံထိုးထွက်နေတဲ့ အပေါ်အယံလေးတွေကို တချို့ လယ်တွေမှာတော့ မြင်ရပါသေးတယ်။
မိုးစပါးကလည်း ရေထဲမှာ၊ နွေစပါးကလည်း ခက်ခက်ခဲခဲနဲ့ ရိတ်သိမ်းနေကြရတဲ့အပြင် သီးနှံခင်းတွေလည်း ပျက်စီးလို့နေပါတယ်။ တချို့အိမ်တွေက ရေတွေဝင်ကုန်ပြီဖြစ်လို့ နေစရာမရှိဖြစ်နေကြပါတယ်။
“ဘုန်းကြီးကျောင်းပေါ်မှာ လာပြီးနေကြပါတယ်။ ဒါပေမဲ့ ဘုန်းကြီးကနေ အိမ်ထောင်စုလေးငါးအိမ်လောက် ပဲ လက်ခံထားနိုင်ပါတယ်။ အများကြီးမဆံ့ဘူး” လို့ ရေလွှမ်းခံရတဲ့ ဒေသခံတဦးက ပြောပါတယ်။
ဘုရားဖြူရွာမှာ ရှိတဲ့ ငါးမွေးမြူရေးလုပ်ငန်းမှာလည်း ငါးကန်ဘောင်ကိုပင် မမြင်ရတော့ပါဘူး။ ဒီလို ဆုံရှုံးမှုတွေကြောင့် မိုးဗြဲမှ ငါးလုပ်ငန်းရှင်တဦးမှာ ခံနိုင်ရည်မရှိပဲ သွေးတိုးတက်ပြီး ဆုံးသွားတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
“ဧကပေါင်းရာနဲ့ ချီပြီးလုပ်တာဆိုတော့ သိန်းပေါင်းထောင်လိုက်ရှုံးတာပေါ့။ ငါးတွေအားလုံးကအပြင် တွေရောက်လို့ ဘီလူးချောင်းထဲတောင် ၀င်ကုန်ပြီလေး” လို့ ပြောပါတယ်။
လက်ကျန်ငါးတချို့တွေကို ပိုက်ကွန်တွေနဲ့ချပြီး လိုက်ဖမ်းနေကြတဲ့ သူတွေကိုလည်းတွေ့ နေရပါတယ်။
loikaw flooding hဘုရားဖြူ၊ ဘုရားနီနဲ့ ဖောင်းတော ရွာတွေရှိတဲ့နေရာက ငွေတောင်ချောင်း၊နန်းဖယ် ခုံချောင်းဆုံပြီး ဘီးလူချောင်းထဲဝင်သွားတဲ့ ချောင်းဆုံဖြစ်လို့ ချိုင့်ခွက်ပုံဏ္ဍာန်လိုမြေမျက်နှာ သွင်ပြင် ဖြစ်ပါတယ်။
လွိုင်ကော်မြို့ပေါ်ရှိ နန်းကွတ်ရပ်ကွက်နဲ့ ဘီးလူးချောင်း ကမ်းစပ်တွေနားမှာ နေကြတဲ့ သူတွေမှာလည်း အိမ်ပြောင်းနေကြရပါတယ်။
“ဂျပန်တံတား အောက်ဘက်နားမှာ နေတဲ့ သူတွေရဲ့အိမ်တွေအားလုံး အိမ်တဝက်လောက်ကို ရေထဲရောက်နေ တယ်။ အိမ်မှာနေလို့မရတော့ဘူး” လို့ လွိုင်ကော်မြို့မှ ဒေသခံ အမျိုးသမီးလူငယ် တဦးက ပြောပါတယ်။
ဒုက္ခရောက်နေကြတဲ့ ပြည်သူလူထုတွေကိုတော့ ကူညီထောက်ပံ့မှုတွေ ပေးတာမျိုး မတွေ့ရသေးပါဘူး။



