ဂက်စ်ပိုက်လိုင်း စီမံကိန်းကြောင့် ဒေသတွင်းဆိုကျိုးဖြစ်စေသည်ဟု Shwe Gas Movement အဖွဲ့မှထုတ်ပြန်

ဂက်စ်ပိုက်လိုင်း စီမံကိန်းကြောင့် ဒေသတွင်းဆိုကျိုးဖြစ်စေသည်ဟု Shwe Gas Movement အဖွဲ့မှထုတ်ပြန်
by -
ကိုသိုက်

Shwe Gas Movementအဖွဲ့မှ ရခိုင်ကမ်းလွန် သဘာဝဓါတ်ငွေ့နဲ့ ပိုက်လိုင်းသွယ်တန်းမှု အကြောင်းနှင့် ပက်သက်ပြီး စက်တင်ဘာ (၆)ရက်နေ့နံက်ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ပြု လုပ်ခဲ့ပါ သည်။

Shwe Gas Movementအဖွဲ့မှ ရခိုင်ကမ်းလွန် သဘာဝဓါတ်ငွေ့နဲ့ ပိုက်လိုင်းသွယ်တန်းမှု အကြောင်းနှင့် ပက်သက်ပြီး စက်တင်ဘာ၆)ရက်နေ့နံက် ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ် ခဲ့ပါ သည်။ ရခိုင်ပြည်နယ်အတွင်း၌ ဂက်စ်ပိုက်လိုင်းစီမံကိန်းကြောင့် သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုရှိလာ သလို မလိုလားအပ်သောဆိုးကျိုးဖြစ်ပွါးနေသည်ဟု Shwe Gas Movement အဖွဲ့၏တာဝန်ရှိသူတစ်ဦးဖြစ် သူမဖြိုးဖြိုးက ပြောပါသည်။

ဒီဂက်စ်ပိုက်လိုင်းစီမံကိန်းကြောင့် သစ်တော တွေလဲပြုန်းတီးတယ်။ ဒီသန္တာကမ်းရိုးတန်းတွေပေါ့နော် အကုန်လုံးအဖျက်စီးခံလိုက်ရတယ်။ ဒီဆိုးကျိုးတွေ အနေနဲ့ကျွန်မတို့ရခိုင်ပြည်နယ်ကို အဓိကထားပြီး တိုက်ခတ်သွားတဲ့ ဒီဂီရိဆိုင်ကလုံးတို့လို ဒီဆိုးကျိုးတွေ အများကြီးဖြစ်ပေါ်လာတဲ့အနေအထားမှာရှိနေပါတယ်ရှင်။

ရခိုင်ပြည်နယ်ကမ်းလွန်ပင်လယ်ပြင်မှထွက်ရှိသော သဘာဝဓါတ်ငွေ့များကိုမြန်မာအစိုးရကနေ တရုတ် နိုင်ငံကိုရောင်းချခဲ့သည်။ မြန်မာအစိုးရနှင့်တရုတ်အစိုးရတို့သဘောတူညီချက်အရ ရခိုင်ပြည်နယ်ကမ်းလွန် ပင်လယ်ပြင်မှထွက်သည့် သဘာဝဓါတ်ငွေ့များ၊ အာရှအရှေ့အလယ်ပိုင်းဒေသနှင့်အဖရိကတိုက်ကရေနံ များကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းနဲ့ရမ်းဗြဲကျွန်းတွင်သိုလှောင်ပြီး ၄င်းမှတဆင့်တရုတ်နိုင်ငံကို တင်ပို့ရန်အတွက် ကီလိုမီတာ(၈၀၀)ရှည်လျားတဲ့ ပိုက်လိုင်းများကို သွယ်တန်းဆောက်လုပ်နေပြီးုဖြစ်သည်။

မဒေးကျွန်းနှင့်ရမ်းဗြဲကျွန်းတွင်ဆောက်လုပ်ထားသော သိုလှောင်စခမ်းအတွက် ဒေသခံပြည်သူများ၏ လယ်ယာခြံမြေများကိုသိမ်းဆည်းမှုခံခဲ့ရသည့်အပြင်အိမ်ယာပြောင်းရွှေ့ခံနေရသည်ဟု မဖြိုးဖြျိး မှပြောပါသည်။

မဒေးကျွန်းနှင့်ရမ်းဗြဲကျွန်းတွင်ရေနံနှင့်သဘာဝဓါတ်ငွေ့သိုလှောင်စခမ်းလုံခြံုရေးအတွက် ရေတပ်နှင့် စစ်တပ်အင်အားတွေဖြည့်တင်းလာသောကြောင့် ဒေသခံပြည်သူတွေအတွက်သွားလာရေးအဟန့်အတား ဖြစ်လာ သည့်အပြင် ရေလုပ်ငန်းနှင့်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရာနေရာတွင်လည်း ယခုအခါတားမြစ်နယ် မြေအဖြစ် ကန့် သတ်ထားသည်ဟု မဖြိုးဖြိုးမှပြောသည်။

မဒေးကျွန်းနှင့်ရမ်းဗြဲကျွန်းရှိ ရေနံနှင့်သဘာဝဓါတ်ငွေ့သိုလှောင်စခမ်းဆောက်လုပ်ရေးအတွက် အလုပ်သ မားအင်အားများလာသည်နှင့်အမျှ လိင်ပိုင်းဆိုင်ရာဖျော်ဖြေရေးလုပ်ငန်းများပိုမိုများပြားလာသည်ဟု Shwe Gas Movement အဖွဲ့၏တာဝန်ရှိသူတစ်ဦးဖြစ်သူမဖြိုးဖြိုးက ယခုလိုပြောပါသည်။

အလုပ်သမားတွေ အမျိုးသားတွေ များလာတဲ့အပေါ်မှာကျွန်မတို့ဒီ Sex လိင်ဖြေဖျော်မှုကိစ္စတွေ အများကြီးဖြစ် လာတယ်။ အရင်တုန်းကဆိုရင် အမျိုးသမီးတွေကို ရန်ကုန်ကနေတဆင့် မဒေးကျွန်း ကိုတင်ပို့ တာရှိတယ်။ ဒါပေမဲ့အခုဟာကျတော့ ဒေသခံအမျိုးသမီးတွေအထူးသဖြင့်တက္ကသိုလ်ကျောင်းသူ လေးတွေကို မက်လုံးပေးပြီးတော့ပေါ့နော် ကာရာအိုကေဆိုင်မှာဆိုခိုင်းတာတို့ မားဆက်အခန်းတို့ နောက်ဗျူတီပါလာတွေမှာ သွပ်သွင်းထားတာရှိပါတယ်။

ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွင် အလုပ်ဝင်နေသည့်အလုပ်သမားများအနေနှင့် လုပ်ငန်းခွင်အတွင်းမကျေ နပ်မှုကိုတိုင်ကြားခွင့်မရှိသလို ပုံမှန်လုပ်အားခတောင်းဆိုမှုကြောင့် အလုပ်သမားခြောက်ဆယ်ခန့် အလုပ် ကနေထုတ်ပစ်ခဲ့သည့်ဖြစ်စဉ်များရှိခဲ့သည်ဟုမဖြိုးဖြိုးကပြောသည်။

မြန်မာနိုင်ငံကနေ တရုတ်ပြည်ကိုဖြတ်သန်းမည့် ပိုက်လိုင်းစင်္ကြန်ကြောင့် ရွှေသဘာဝဓါတ်ငွေ့သာမက အရှ အရှေ့အလယ်ပိုင်းနဲ့ အဖရိကရေနံတွေကိုပါ အချိန်တိုတိုအတွင်း တရုတ်ပြည်ကိုတင်ပို့နိုင်မည်ဟု စက်တင် ဘာ(၆)ရက်နေ့မှာထုတ်ပြန်သည့် Shwe Gas Movementကျေညာချက်ထဲတွင်ဖေါ်ပြထားပါတယ်။

Most read this week