ကရင်နီပြည်ဖရူဆိုမြို့နယ်တွင် မြန်မာအစိုးရတပ်မှ စစ်ရေးလေ့ကျင့်ရေးကွင်း စတင်လုပ်ဆောင် သည့် နေ့ရက်မှစ၍ စစ်ဆေးမှုများတင်းတင်းကြပ်ကြပ် ပြုလုပ်လာသည်ဟုဒေသခံများကပြော သည်။
သင်တန်းအနီးတဝိုက်တွင် လုံခြံရေးအတွက် စစ်တပ်များချထားသော်လည်း မြို့နှင့်ရပ်ရွာအတွင်း သွားလာနေထိုင်ကြသည့် ဒေသခံများကိုပါ လိုက်လံစစ်ဆေးမှုများပြုလုပ်သည့်အတွက် စိတ်အ နှောက်အယှက်ဖြစ်သည်ဟု စစ်ဆေးခံရသူ ရွာသားတဦးက ပြောသည်။
“ပြီးခဲ့တဲ့ ဗုဒ္ဓဟူး ဖရူဆိုစျေးနေ့က ကားလမ်းဘေးနေရာချထားပြီး ခရီးသွားလမ်း သွားလမ်းလာ လမ်းများကို လုံခြုံရေးအကြောင်းပြပြီး စစ်ဆေးမေးမြန်းပါတယ်။ ပစွည်းပါမကျန်ပေါ့။ ခရီးသွား ပြည်သူများအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ ပန်ကန်းဂိတ်မှာလည်းတပ်က တခါ၊ ရဲကတလှည့်နဲ့ တပ်လည်းနေရာမပျောက်သေးပါဘူး”ဟု ဖရူဆိုမြို့ခံတဦးက ပြောပါသည်။
အစိုးရစစ်တပ်မှ သိမ်းဆည်းခဲ့သော နေရာများ
မြေဧက၂၇၀၀ ရှိသည့် မြေကွက်ပေါ်တွင် သြဂုတ်လ ၁၀ ရက်နေ့မှ စတင်လုပ်ဆောင်သည်။ ဖရူဆိုမြို့နယ် လောဂျာ၊ ဒေါလောခူနှင့် မားပရိုရှေ့ကျေးရွာသုံးရွာတို့မှဒေသခံများပိုင်ဆိုင်ထား သော ခြံမြေများကို အစိုးရ ခြေမြန်တပ်ရင်း-ခမရ ၅၇၆ က မတရား သိမ်းယူလိုက်ခြင်းဖြစ်သည်။
စစ်ရေးလေ့ကျင့်ရေးကွင်း တည်ဆောက်နေချိန်တွင် ကရင်နီတပ်မတော်တို့မှဝင်ရောက်ပစ်ခတ်မှု များ မပြုလုပ်နိုင်ရန် ယခုလို စစ်ဆေးမှုများ တင်းကြပ်လာခြင်းဖြစ်သည်ဟု ဒေသခံတို့က ခန့်မှန်းပြောဆိုကြသည်။
“အဲဒါကြောင့် သွားလာရတာ စိတ်က ကျဉ်းကြပ်နေတယ်။ မလွတ်လပ်တော့ဘူး။ နောက်ပိုင်းဆို ဘယ်လိုလာဦးမလဲ မသိဘူး။ သူတို့(စစ်တပ်) များများလာနေမယ်ဆိုရင်တော့ အခုတောင်မှ အရမ်းကျဉ်းကြပ်နေတယ်။ နောက်ပြီး ကရင်နီတပ်တွေက လုံခြုံရေးယူပေးဖို့ တပ်တွေ မားပရိုရှေ့ ရွာမှာ လာစုနေတုန်း လက်နက်ကြီးနဲ့ လှမ်းပစ်တာ တခါရှိတယ် ဒါပေမယ့် မထိဘူး” ဟုဒေသခံတဦးက ပြောသည်။
သိမ်းဆည်းလိုက်သော မြေယာများတွင် တောင်ယာဟု ယူဆရသော မြေယာများကိုသာ အစိုးရက တဧကလျှင် ကျပ် ၅၀၀၀၀ လျော်ကြေး ပြန်ပေးသည်။ ထိုသို့ လျော်ကြေးပြန်ပေးသည့်မြေယာများ မှ ဧက ၅၀၀ ၀န်းကျင်သာ ရှိပြီး ကျန်သည့် မြေများမှာ မြေပြန့်၊ မြေရိုင်းများသာ ဖြစ်သည်ဟု အစိုးရဘက်ကဆိုသည်။



