ကရင်နီပြည်တိုက်ပွဲ အစိုးရတပ်မှ ဒု-တပ်ကြပ် ကျဆုံးဟုဆို

ကရင်နီပြည်တိုက်ပွဲ အစိုးရတပ်မှ ဒု-တပ်ကြပ် ကျဆုံးဟုဆို
by -
ကန္တာရဝတီတိုင်း(မ်)

အခုလို မိုးရာသီမှာဆိုရင် အစိုးရတပ်တွေကမိမိတို့ ရဲ့တပ်ထဲမှာ ခိုအောင်းနေတတ်ကြပြီး တပ်ရဲ့ အပြင်ဘက် ကို လှုပ်ရှားလေ့မရှိတဲ့အတွက်ကရင်နီ တပ်နဲ့ တိုက်ပွဲတွေ ဖြစ်လေ့ဖြစ်ထမရှိပါဘူး။

ဒါပေမယ့် အခုတလော ကရင်နီပြည်မှာ တိုက်ပွဲတွေ ကွက်ကြားကွက်ကြား ပြန်လည်စတင် ဖြစ်ပေါ်လာတယ်လို့ ကရင်နီတပ်မတော်တို့ရဲ့ ပြောပြချက်အရသိရပါတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ကန္တာရဝတီတိုင်း(မ်)မှ သတင်းထောက်တဦးဖြစ်တဲ့ ခူးကူးဒူကနေ ကရင်နီထိန်းချုပ်နယ်မြေ ရှေ့တန်းတပ်စခန်းတနေရာသို့ သွားရောက်ပြီး စုဆောင်းတင်ပြထားပါတယ်။

armyခူးကူးဒူ… “ဟုတ်ကဲ့… အခုကျနော်ရောက်ရှိနေတဲ့နေရာက ကရင်နီတပ်မတော် ထိန်းချုပ်ထားတဲ့တပ်စခန်း တခု ဖြစ်ပါတယ်။ မှတ်တိုင်တပ်စခန်းလို့လည်း အများကသိထားကြပါတယ်။ ဒီတပ်စခန်းမှာကျနော်ရောက် ရောက်ချင်း ကရင်နီတပ်နဲ့ ဗမာတပ် တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားတယ်ဆိုတဲ့ သတင်းကိုကြားရပါတယ်။ တိုက်ပွဲက ကရင်နီပြည် အမှတ် ၂ ခရိုင်ဘက်မှာတပွဲ နောက်ပြီး အလည်ပိုင်းမှာတပွဲလို့ ဒီကတာဝန်ရှိသူတွေက ပြောပါတယ်။ အလည်ပိုင်းမှာ ဖြစ်တဲ့တပွဲက အတိအကျမသိရှိရသေးတဲ့အတွက် အမှတ်၂ခရိုင်ဘက်မှာဖြစ်ပွား တဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး အမှတ် ၂ ခရိုင် အုပ်ချုပ်ရေးမှူးကို မေးကြည့်ရာမှာ အခုလိုပြောပါတယ်”army

ကရင်နီပြည်အမှတ် ၂ခရိုင် အုပ်ချုပ်ရေးမှူး ဖားမှူးက “ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ညနေ တနာရီ လောက်မှာ မော်ချီးနားမှာ တိုက်ပွဲတခုဖြစ်တယ်။ ကျနော်တို့ဘက်က စစ်ဦးစီးချုပ်တပ် ဗိုလ်မှူးခရီးမှူးဦးဆောင် တဲ့တပ်က ရန်သူ ခလရ ရ၂ တပ်ရင်း ဒုဗိုလ်မှူး မိုးကျော်သူဦးဆောင်တဲ့ တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ်။အဲဒီတိုက်ပွဲ မှာ ရန်သူ ၂ ဦး ပွဲချင်းပြီးသေဆုံးတယ်။ ကျန် ၄ ဦးဒဏ်ရာရတယ်။ ဒဏ်ရာရရှိတဲ့ ၄ ဦးထဲမှာတဦးကပြင်းထန် တယ်။ သေဆုံးတဲ့သူ ၂ ဦးထဲက တဦးဟာ ဒု-တပ်ကြပ်ဖြစ်တယ်လို့ ကျနော်တို့အဲလို သိထားတယ်”

ခူးကူးဒူ… “မိုးရာသီအချိန်မှာ မြန်မာအစိုးရတပ်တွေဟာ မိမိတို့ရဲ့ တပ်တွင်းမှာဘဲ အောင်းနေတတ်ကြတယ် ဆိုပေမဲ့လို့ ယခုလို တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာဟာ အစိုးရတပ်တွေရဲ့ စစ်ရေးဗျူဟာတွေပြောင်းလဲ ချမှတ်တာ ဖြစ်နိုင်တယ်လို့ ကရင်နီတပ်ဘက်က ခန့်မှန်းကြပါတယ်။ အလည်ပိုင်းဂွင်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကို တော့ အတိအကျ မသိရှိရသေးတဲ့အတွက် စုံစမ်းလို့ရတဲ့အခါမှ ထပ်မံတင်ပြသွားမှာပါ”

ကရင်နီပြည်တပ်မတော်ကို ပြီးခဲ့တဲ့ ၁၉၄၈ ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့့က စတင်ဖွဲ့့စည်း လိုက်တာပါ။ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ ကေအဲန်ပီပီ တပ်မတော်ဟာ ဖဆပလ အစိုးရ လက်ထက်မှ စပြီး မဆလ၊ နဝတ၊ နအဖ စစ်အစိုးရ အဆက်ဆက်ကို ယနေ့့တိုင် လက်နက်ကိုင်တဲ့ နည်းလမ်းနဲ့ တကွနိုင်ငံရေးနည်းလမ်း ဖြင့်လည်း ခုခံတော်လှန် တိုက်ခိုက်နေကြပါတယ်။

Most read this week