တရုတ်ကိုယ်စားလှယ်တဦးက တလ နှစ်သိန်းဖြင့် ချင်းလူငယ်တွေ ခေါ်ယူ စုဆောင်း

တရုတ်ကိုယ်စားလှယ်တဦးက တလ နှစ်သိန်းဖြင့် ချင်းလူငယ်တွေ ခေါ်ယူ စုဆောင်း
by -
ခိုနူမ်ထုန် သတင်းဌာန

တရုတ်နိုင်ငံယူနန်ပြည်နယ်ရှိ သုံးထပ်သား နှင့် ဖိနပ်ထုတ်လုပ်သည့် ကုပဏီတခုမှ ကိုယ်စား လှယ်တဦးက ယခုလ ၁၆ ရက်နေ့က စပြီး တလ ကျပ်ငွေ နှစ်သိန်းနှုန်းဖြင့် အလုပ်လုပ်နိုင်မည့် ချင်းလူငယ်တွေကို ခေါ်ယူ စု ဆောင်းနေကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ်သည် ချင်းအမျိုးသားဖြစ်ပြီး စစ်ကိုင်းတိုင်း ကလေး၊ ခမ်းပတ် မြို့နယ်နှင့် တမူး မြို့နယ်အတွင်း အဓိက ချင်းလူငယ်များကို ခေါ်ယူစုဆောင်းနေခြင်းဖြစ်သည်။

” ကိုယ်စားလှယ်က ကိုယ့်ချင်းအမျိုးသားဆိုတော့ ယုံကြည်ရတယ်၊ ချင်းလူငယ် ၁၇ ဦး လိုက်သွားတယ်၊ စားစ ရိတ်ငြိမ်းလို့ ပြောတာပဲ” ဟု ခမ်းပတ်မြို့နယ် ကာနန်ရွာသား တဦး က ဆိုသည်။

အဆိုပါကုပဏီတွင် အလုပ်မလုပ်ခင် အနည်းဆုံး သုံးလ စာချုပ်နှင့် အလုပ်ဝင်ရမှာဖြစ်ကြောင်း၊တချို့ မိဘများ သည် ၄င်းအပေါ် သံသယ ၀င်မှူတွေ ရှိနေကြောင်းလည်း ပြောကြသည်။

” တရုတ်နိုင်ငံကို အလုပ်သွားလုပ်တာ အယင်က မရှိခဲ့ဘူးဆိုတော့ စိတ်ထဲက မလုံမလဲဖြစ်တာတော့ အမှန်ပဲ၊ အစိုးရ ပါမစ်လည်း မဟုတ်ဘူးလေ”  ဟု ဒေသခံတဦးက ပြောသည်။

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းကလေးမြို့၊ ခမ်းပတ်၊ တာဟန်းဒေသခံများသည် ဒေသတွင်း အလုပ်အကိုင် ရှား ပါးခြင်း၊ စားဝတ်နေရေး ခက်ခဲခြင်းတို့ကြောင့် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်သို့ လည်း သွားရောက် အလုပ်နေ ကြ ကြောင်းလည်း သိရသည်။

Most read this week