ငြိမ်းချမ်းရေး ဆွေးနွေးရန် သံဃာတော်နှစ်ပါး စေလွှတ်ခြင်းသည် ထိရောက်မှုမရှိဟု SSPP မှပြော

ငြိမ်းချမ်းရေး ဆွေးနွေးရန် သံဃာတော်နှစ်ပါး စေလွှတ်ခြင်းသည် ထိရောက်မှုမရှိဟု SSPP မှပြော
by -
ဆူးပန်း

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီဝမ့်ဟိုင်းဌာနချုပ်ကို သိမ်းရန် အတွက် မြန်မာစစ်တပ်မှဝိုင်းပိတ် ဆို့ ထားစဉ်အတွင်း မနေ့က မြန်မာစစ်တပ်ဘက်မှ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကျေးသီးမြို့ ဒေသခံ သံဃာ တော်နှစ်ပါးကို စေလွှတ်လာသည်ဟုရှမ်းပြည်တိုးတက်ရေး ပါတီဘက်မှပြော ပါသည်။

မြန်မာစစ်တပ်အနေနှင့်ယခုလိုသံဃာတော်နှစ်ပါးကိုသာစေလွှတ်ခဲ့ခြင်းသည် ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန် ထိရောက်မှုမရှိဟု အဖွဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးစိုင်းလှက ယခုလိုပြောပါသည်။

ငြိမ်းချမ်းရေးလိုလားမလိုလားဆိုတာက သူတို့အပေါ်လုံးဝမူတည်တာပေါ့။  သူတို့ကငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင်တော့ တကယ်တမ်းအဲဒီသံဃာနှစ်ပါးနဲ့ဘဲ လွှတ်တယ်ဆိုတာအကြံုးမဝင်ဘူးလေ။ သိပ်ပြီးတော့ သက်ရောက်မှုမရှိဘူးပေါ့။ ဒါကြောင့်မို့ကျွန်တော်တို့လဲ ဘာမှတော့သိပ်မပြောဘူး။

မြန်မာစစ်တပ်ဘက်ရမှယခုလို သံဃာတော်နှစ်ပါးစေလွှတ်ပြီးငြိမ်းချမ်းရေးကမ်းလှမ်းလာခြင်းသည် စစ် ရေးအရတိုက်ခိုက်ရန်အင်အားစုဆောင်းဘို့တမင်အချိန်ဆွဲသည့်လုပ်ရပ်တစ်ခုဟုအမည်မဖေါ်လိုသူတပ်မှူး တစ်ဦးကပြောသည်။

ဇူလိုင်လ(၁၁)ရက်နေ့က ရှမ်းပြည်တိုးတက်ရေးပါတီကိုထိုးစစ်ဆင်ခဲ့သော မြန်မာစစ်တပ်အနေနဲ့ဝမ့်ဟိုင်း ဌာနချုပ် အနီးကပ်ဆုံးနေရာကိုရောက်နေပြီး ၀ိုင်းဝန်းပိတ်ဆို့ထားသော်လဲ အခုအခါထိုးစစ်ဆင်မှုရပ်တန့် နေသည့်အတွက် စစ်ရေးအတွေ့အကြံုပိုရှိသည့် တခြားတပ်ဖွဲ့ကို ထပ်မံစေလွှတ်ရန်အစီအစဉ်ရှိသည် ဟု စစ်တပ်နှင့်နီးစပ်သူလားရှိုးမြို့ခံတစ်ဦးကပြောပါသည်။

ရှမ်းပြည်တပ်မတော်ဌာနချုပ်ကိုတိုက်ဖို့ အထူးတပ်ဖွဲ့စည်းဖို့ တိုက်ရည်ခိုက်ရည်ကျွမ်းကျင်တဲ့ အတွေ့ အကြံုရှိတဲ့ လူတွေကိုထပ်ဖြည့်ပြီးတော့မှလာတိုက်ဖို့ရှိတယ်။ အတွေ့အကြံုများတဲ့တပ်မ(၃၃)က ကိုးကန့် ကိုသွားတိုက်ဘူးတဲ့တပ်မ(၃၃)က အခုကိုးကန့်ကဘက်ကနေတပ်ဆုတ်လာ ပြီးတော့မှ လားရှိုးဘက်ကို ရောက်နေတဲ့ ဒီတောင်ပိုင်းဘက်ကိုထပ်ဆင်းလာဖို့ တောင်ပိုင်းဆိုတာ ဒီမြောက်ပိုင်း ရှမ်းပြည်တပ်မတော်ရဲ့ နယ်မြေဘက်ကိုပေါ့နော်။

 ရှမ်းပြည်တိုးတက်ရေးပါတီအနေနှင့် ငြိမ်းချမ်းရေးဆွေါ်နွေးနိုင်ရန် တရားဝင်ကိုယ်စားလှယ်စေလွှတ်ပြီး ထိုးစစ်ကိုရပ်တန့်ရန် တပ်နောက်ပြန်ဆုတ်ရန်လိုသည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှမှပြောသည်။ ထို့အပြင် ဒေသတည်ငြိမ်အေးချမ်းမှုရအောင် တပြည်လုံးအတိုင်းအတာ ပြည်တွင်း စစ်ရပ်ဆဲရန်လည်းလိုသေးသည်ဟုဆိုသည်။ 

SSA/SSPPခေါ် ရှမ်းပြည်တိုးတက်ရေးပါတီတပ်နှင့် မြန်မာစစ်တပ်တို့သည် ဇူလိုင်လ(၁၁)ကနေ ယခုချိန် ထိတိုက်ပွဲတွင် နှစ်ဦးနှစ်ဖက်ထိခိုက်မှုရှိယုံမက အရပ်သားတွေအပေါ်တွင်လည်း ထိခိုက်မှုရှိနေသည် ဟု သတင်းများပေါ်ထွက်နေပါသည်။  မြန်မာစစ်တပ်အနေနဲ့ ရှမ်းပြည်တိုးတက်ရေးတပ်အပေါ်တွင် အင်အား အရရော လက်နက်ကြီးတွေနှင့်ပါ ပစ်ခတ်မှုတွေပြုလုပ်နေသောကြောင့် အရပ်သားများနှင့် ကျောင်းသူ ကျောင်း သားစုစုပေါင်း(၂၀၀၀)နီးပါး စစ်ဘေးလွတ်ရာကိုတိမ်းရှောင်နေရသည့်အခြေအနေမှာရှိနေသည်ဟု ဗိုလ်မှူး စိုင်းလှကပြောသည်။

ရှမ်းပြည်တိုးတက်ရေးပါတီသည် ယခင်ကမြောက်ပိုင်းရှမ်းပြည်တပ်မတော်အမည်တွင်ခဲ့ပြီး စစ်အစိုးရမှ တပ်အသွင်ပြောင်းလဲရေးကိုလက်မခံသည် စစ်ဦးစီးချုပ်ဗိုလ်ချုပ်ပန်ဖှမှ တပ်မဟာ(၁)တပ်ဖွဲ့ကို ဦးဆောင်ပြီး ဖွဲ့စည်းခဲ့သည်။ (၂၀၁၀) ခုနှစ်မတ်လတွင် စစ်အစိုးရမှရှမ်းပြည်တိုးတက်ရေးပါတီကို စတင်တိုက်ခိုက်လာပြီး နှစ်ဘက်တိုက်ပွဲဖြစ်ပွါးခဲ့သည်။