ဟင်းရှာထွက်သော ရွာသားများအား အစိုးရတပ်မှ ပစ်ခတ်

ဟင်းရှာထွက်သော ရွာသားများအား အစိုးရတပ်မှ ပစ်ခတ်
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ရှားတောမြို့နယ်အတွင်း အမဲလိုက် နေသော ရွာသားလေးဦးကို မြန်မာအစိုးရတပ်တို့က ပစ်ခတ်ခဲ့သည့်အတွက် တစ်ဦး သေဆုံးသွားသည်။

ဇူလိုင်လ ၁၇ ရက်နေ့က ရှားတောမြို့နယ် တောတွင်း တနေရာတွင် အစိုးရတပ် ခလရ ၅၄ တပ်မှ ပစ်ခတ်ခဲ့သည့်အတွက် အမဲလိုက်နေသော ရွာသားလေးဦးထဲမှ အသက် ၃၉ နှစ်အရွယ် ဦးရယ်မှာ ပွဲချင်းပြီး သေဆုံးသွားသည်ဟုလွတ်မြောက်လာသော ရွာသားများက ပြောသည်။

a-villager-in-mid-karenni“နအဖတပ်က ကျနော်တို့ကို သေချာတွေ့တယ်။ ကျနော်တို့ ရွာသားမှန်း သူတို့ သိတယ်။ သေနတ်ဆိုလို့ တူမီး ၂ လက်ပဲ ပါပါတယ်။ ကျနော်တို့ ၃ ယောက် ကျော်သွားပြီးမှ ပတ်ခတ်တာ ဖြစ်တယ်။ ဦးရယ်က နောက်ဆုံး သွားပါတယ်။ ပစ်ခတ်ခံရတော့ ကျနော်တို့ ပြေးကြတယ်” ဟု လွတ်မြောက်လာသူများအနက် စူးရယ်က ပြောသည်။

ပြီးခဲ့သည့် ၁၉၉၆ ခုနှစ်က ကရင်နီပြည်တွင် စစ်တပ်ကနေ ဖြတ်လေးဖြတ် စနစ်ကို စတင်ကျင့်သုံးခဲ့ပြီး ရှားတောမြို့နယ်ကို အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ အနက်ရောင်နယ်မြေအတွင်း သွားလာလုပ်ရှားသူမှန်သမျှ စစ်တပ်မှ ပစ်မိန့် ပေးထားသည်။

“အနက်ရောင်နယ်မြေဆိုတာ သံလွင်အရှေ့ခြမ်း။ ဆိုတရှားမြို့နယ် ပါတယ်။ နမ့်ပန်ချောင်းမြောက်ဘက်၊ တောင်ဘက် မယ်စဲ့ဂွင်ကလွဲလို့ပေါ့။ အဲဒါ အနက်ရောင်နယ်မြေ အားလုံးပဲ။ အနောက်ဘက်ကမ်းမှာကြတော့ အညိုရောင်လို့ ခေါ်နယ်။ အမှတ် ၂ ခရိုင် ဖာဆောင်းဂွင် အဲဒါလဲ အမဲရောင်နယ်မြေပဲ။ အနက်ရောင်နယ်မြေ ဆိုတာ ပစ်ခွင့် ရနယ်မြေပေါ့။ မသင်ကာတဲ့ လူတွေကို ပစ်လို့ ရတယ်။ ပစ်ခွင့်ရ free fire zoneဖြစ်တယ် လေ” ဟု ကရင်နီ ပြည်ထဲရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗားမားနိုင် ပြောပါသည်။

ယခင်နှစ် စက်တင်ဘာလ ၂၁ ရက်နေ့က ရှားတောမြို့နယ်အတွင်း အမဲလိုက်သော ရွာသား ဖရဲရယ်ကိုလည်း ခမရ ၂၅၀ တပ်တို့က ပစ်သတ်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က တောတွင်း ဟင်းရှာထွက်သော အသက် ၃၁ နှစ်အရွယ် လီးရယ်ဆိုသူမှာ စစ်တပ်ထောင်ထားသော မြေမြုပ်မိုင်းနင်းမိ သည့်အတွက် ညာခြေပြတ်ပြီး သေဆုံးသွားသည်။ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဇွန်လိုင်လတွင်လည်းဟင်းရှာ ထွက်သူ အသက် ၂၈ နှစ် အရွယ် တူရယ်ကို ခမရ ၄၂၈ တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါသည်။

Most read this week