ကရင်နီ (ကယား)ပြည်နယ် အမှတ် ၁ စက်မှုဇုံ လုပ်ငန်းတွင် လျှပ်စစ်မီးနှင့် မြေနေရာပေါသော် လည်း လုပ်ငန်းရှင်ကြီးများ လာရောက်ရင်းနှီး မြုပ်နှံ လုပ်ကိုင်သူများ မရှိကြောင်းဒေသဆိုင် ရာ စက်မှုလုပ်ငန်း ကော်မတီ အတွင်းရေးမှူး ကိုခင်မောင်လတ်က ပြောသည်။
“စျေးကွက်နဲ့ ဝေးလွန်းတယ်။ လုပ်တဲ့သူ မရှိဘူး။ ဒီမှာ လျှပ်စစ်မီး ပေါတယ်။ မြေပေါတယ်။ ကုန်ကြမ်း မရှိဘူး။ ကုန်ချော မရှိဘူးပေါ့နော့်။ ကျနော်ကတော့ လုပ်နေတာပဲ။သူများတွေကတော့ မလုပ်ကြဘူး။ တိုးချဲ့တာ မရှိဘူး။”

လွိုင်ကော်မြို့သည် အခြားတိုင်းနှင့် ပြည်နယ်ကဲ့သို့ လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်း၊ စိုက်ပျိုးရေး ထွက်ကုန် များများစားစား မရှိခြင်းကြောင့် ငွေကြေး များများဖြင့် ရင်းနှီးမြုပ်နှံလျက် စီးပွားရေး လုပ်ကိုင်သူ မရှိရခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် စီးပွားဖြစ် လုပ်ကိုင်နိုင်သူမှာ ၎င်းတစ်ဦးတည်းသာ ရှိကြောင်းနှင့် အသေးစား စက်မှုလုပ်ငန်း ရှိကြသော်လည်း စီးပွားဖြစ် အဆင်ပြေနေကြသည် မဟုတ်ကြောင်း ပြောသည်။
“ကျနော် လက်ရှိ လုပ်နေတာက သံရည်ကျိုစက် လုပ်တယ်။ သံတိုသံစ ကုန်ကြမ်း ရသလောက် လုပ်တယ်။ သံရည်ကျိုပြီး မန္တလေး၊ ရန်ကုန် ပို့တယ်။ ရောင်းတယ်။ ကျနော် စက္ကူစက် လုပ်တယ်။ သိန်းပေါင်း သောင်းနဲ့ ချီပြီး ရင်းထားနိုင်မှ အဲဒီအခါကျတော့ ကျနော့လို လုပ်နိုင်ရင်တော့ အလုပ် ဖြစ်တာပေါ့။”
ကရင်နီပြည်နယ် အမှတ်(၁) စက်မှု ရပ်ကွက်သည် လွိုင်ကော်မြို့၏ မြောက်ဘက် ၃ မိုင်ခန့် အကွာတွင် မြေဧက ၂၂၅.၃၃ ရှိပြီး ၂၀၀၇ ခုနှစ်တွင် စက်မှုဇုံကို တည်ဆောက်ခဲ့သည်။ ၎င်းလွိုင်ကော် စက်မှုဇုံ စီးပွား စျေးကွက်များ တိုးတက်ကောင်းမွန်လာရေးနှင့် ပတ်သက်ပြီး အသစ် တက်လာသော အစိုးရက ဘာမျှ လုပ်ဆောင်ထားခြင်း မရှိသေးကြောင်း ဒေသဆိုင်ရာ စက်မှုလုပ်ငန်း ကော်မတီမှ အရာရှိ တဦးက ပြောသည်။
“တက်လာတဲ့ အစိုးရကတော့ လက်ရှိ စက်မှုဇုံ လုပ်ငန်းကို စိတ်မဝင်စားသေးဘူး။ သူတို့ဆီက ဘာမှ အကူအညီ ရမှာ မဟုတ်ဘူး။ အနှောက်အယှက်လည်း ဘာမှ မပေးဘူး။”
ရပ်ကွက်အတွင်းသို့ 11KVA line 400 Volt ဓါတ်အားလိုင်းဖြင့် သွယ်တန်းဖြန့်ဝေလျက်ရှိပြီး ဒေသခံတချို့ များက မြေပဲဆီစက်၊ ခနောက်စိမ်းကြိုစက်များ အသေးစား



