ကယားပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဗဟိုနှင့် ပြည်နယ်အစိုးရအကြား ညှိနှိုင်းရန် လိုသေး

ကယားပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဗဟိုနှင့် ပြည်နယ်အစိုးရအကြား ညှိနှိုင်းရန် လိုသေး
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီ(ကယား)ပြည်နယ် ဒေသဖွံ့ဖြိုးရေးစီမံကိန်း များကို အကောင်အထည်ဖော်လုပ်ဆောင်ရေး အတွက် ပြည်ထောင်စု အစိုးရနှင့်ပြည်နယ်အစိုးရ အကြား ဆက်လက် ညှိနှိုင်းရန် လိုသေးကြောင်း ကယားပြည်နယ် စီမံ/စီးပွား ၀န်ကြီး ဦးတောရယ်က ပြောသည်။

၎င်းက “အချိန်တိုတွင်းထဲမှာဆိုတော့ ချက်ချင်း လုပ်ဆောင်ဖို့ ခက်ပါတယ်။ အစိုးရ ဖြစ်လာတာလည်း လပိုင်းပဲ ရှိသေးတာ ဆိုတော့ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရနဲ့ ဘယ်လို လုပ်ကြမလဲဆိုတာ ပူးပေါင်းပြီးတော့မှ အထက်အောက် ညှိနှိုင်းလုပ်ရဦးမယ်” ဟု ပြောသည်။

ပြည်နယ် ၀န်ကြီးချူပ် ဦးခင်မောင်ဦး (ခေါ်) ဦးဘူးရယ်က ယခုလ ၁၀ ရက်နေ့တွင် ကယားပြည်နယ်နှင့် ပတ်သက်သည့် နှစ်စဉ် စီမံကိန်းကို လွိုင်ကော်ခရိုင်နှင့် ဘောလခဲခရိုင်ရှိ အုပ်ချုပ်ရေးမှူးများကို တာဝန် ခွဲအပ်ခဲ့သည်ဟု အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ကယားပြည်နယ်တွင် မြို့နယ် ရ မြို့နယ် ရှိပြီး တစ်မြို့နယ်မှ တစ်မြို့နယ်သို့ ကူးသန်းသွားလာရန်အတွက် ကျောက်ခင်းလမ်းများသာ ရှိသည်။

win_myit_and_tein_agစီမံကိန်း ၀န်ကြီး ဦးတောရယ်က “လမ်းတွေ တံတားတွေ လုပ်သွားဖို့ စီမံကိန်းတွေကတော့ ရှိပါတယ်။ ဖွံ့ဖြိုးရေး လုပ်ငန်းအတွက်က နှစ်စဉ် စီမံကိန်းတွေကို အထူးစီမံကိန်း တစ်ခု အနေနဲ့ လုပ်ထားပါတယ်” ဟု ပြောသည်။ သို့သော် စီမံကိန်း အသေးစိတ်ကိုမူ ပြောဆိုခြင်း မရှိပေ။

နှစ်စဉ် စီမံကိန်းထဲတွင် တမျိုးသားလုံးနှင့် သက်ဆိုင်သော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ဖွံ့ဖြိုးရေး အစီအစဉ်များ ပါ၀င်ကြောင်း အမည်မဖေါ်လိုသည့် ပြည်နယ် စီမံကိန်းရုံးမှ အရာရှိ တစ်ဦးက ပြောသည်။

ကယားပြည်နယ်သည် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ထိစပ်နေသော်လည်း နယ်စပ် ကုန်သွယ်သွယ်ရေး ပီပီပြင်ပြင် ဆောင်ရွက်နိုင်ရန် သံလွင်မြစ်ကူးတံတား မရှိခြင်းကြောင့် ကုန်သွယ်စီးပွားရေးတွင် မြန်မာနိုင်ငံ အခြားဒေသများထက် နောက်ကျနေသည်။

ပြည်နယ်တဝှမ်းရှိ ကျေးလက်ဒေသများတွင်လည်း စာသင်ကျောင်းများ၊ ဆေးပေးခန်းများ လုံလောက်စွာ မရှိသေးပေ။ မြန်မာနိုင်ငံတဝှမ်းသို့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးသည့် လောပိတ ရေအားလျှပ်စစ်စက်ရုံမှာ ကယားပြည်နယ်အတွင်း ရှိသော်လည်း ဒေသခံပြည်သူများအတွက် လျှပ်စစ်ဓါတ်အား ပြည်စုံစွာ ရရှိမှု မရှိသေးပေ။

Most read this week