ကရင်နီပြည် ငြိမ်းချမ်းရေးကိစ္စ ကြံခိုင်ရေးပါတီသို့ တင်ပြရန် အစီအစဉ်ရှိ

ကရင်နီပြည် ငြိမ်းချမ်းရေးကိစ္စ ကြံခိုင်ရေးပါတီသို့ တင်ပြရန် အစီအစဉ်ရှိ
by -
ကန္တာရဝတီတိုင်း(မ်)

ယခု တက်လာသည့် မြန်မာပြည် အစိုးရသစ်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများပြန်လည်ပေါ် ပေါက်လာနိုင်ရေးအတွက် ကယားပြည်နယ် ကြံ့ခိုင်ရေးပါတီသို့ တင်ပြဆွေးနွေး ပြီးရှေ့ဆက် လုပ်ငန်းစဉ်အားဆက်လက်အကောင်အထည် ဖေါ်သွားရန် အစီအစဉ် ရှိသည်ဟု သိရသည်။

nudp_logo_1
ထိုဆွေးနွေးပွဲ တဖန် ဖြစ်မြောက်လာရေးအတွက် ဖွဲ့စည်းထားသော ကယားပြည်နယ် ငြိမ်းချမ်းရေးအကျိုးတော ်ဆောင်အဖွဲ့ အနေဖြင့်လည်း ပြန်လည်ကြိုးပမ်းရန် လိုအပ်ကြောင်း ကယားပြည်နယ် ကြံံ့ခိုင်ရေးပါတီမှ အမျိုးသားလွှတ်တော်် အမတ် ဦးပိုးရယ်အောင်သိန်းက ပြောသည်။

၎င်းက “ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့က လုပ်ဖို့ လိုပါတယ်။ ကျနော်တို့ကလည်း ပါတီကို တင်ပြပြီးတော့ ဒါတွေကို ဆွေးနွေးဖို့တော့ စဉ်းစားထားပါတယ်။ သက်ဆိုင်ရာနဲ့ ညှိနိုင်းပြီးတော့ လုပ်ဖို့ပဲ ရှိပါတယ်။ ဘယ်တော့ လုပ်မလဲဆိုတာကတော့ အတတ်ပြောလို့ မရသေးပါဘူး” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီ ၅ ပါတီက အထွေထွေ လွှတ်ငြိမ်းချမ်းသာရေးနှင့် တိုင်းရင်းသား ပြည်တွင်းစစ် ငြိမ်းချမ်းရေးအတွက် သမ္မတ ဦးသိန်းစိန်ကို ဧပြီလ ၂၇ က တောင်းဆိုထားခဲ့ပြီးနောက် အမတ်က ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၎င်းတိုင်းရင်းသား ပါတီ ၅ ပါတီများမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီနှင့်ချင်းအမျိုးသား ပါတီ ဖြစ်ကြသည်။

ယခင်နှစ်များတွင် စစ်အစိုးရက ကယားပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ကိုနယ်စပ်ဖြတ် ကျော်ခြင်း လွတ်လပ်စွာ သွားလာခွင့် ပြုခဲ့ပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့်ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

ကေအဲန်ပီပီနှင့် စစ်အစိုးရအကြား ပြေလည်အောင် ဆက်သွယ်ပေးနိုင်သည့် အဖွဲ့ ဖြစ်သော်လည်းငြိမ်းချမ်းရေး နှင့် ပတ်သက်ပြီး တိုးတက်ပြောင်းလဲလာနိုင်သည့် အခြေအနေ မရှိဟု KNPP အထွေထွေ အတွင်းရေးမှူး ခူဦးရယ်က ပြောသည်။

“အားလုံးသဘောတူနိုင်တဲ့ လုပ်ငန်းစဉ်တွေ၊ လက်တွေ့ကျကျ လုပ်တာ မရှိဘူး။ အပြောသက်သက်ပဲ ရှိတယ်” ဟု ၎င်းက ပြောသည်။

ကယားပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ဝင်များတွင် အဘ ဦးစောသိန်း၊ ဆရာတော်မောင် သောင်း၊ ဆရာတော် မောလီးတို့က နာယက အဖွဲ့များ ဖြစ်ကြသည်။ ၎င်းငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်တွင် KNPP နှင့် ငြိမ်းချမ်းရေးအတွက် ထပ်မံ လုပ်ဆောင်ဖို့အဆက် အသွယ် မလုပ်ရန်လည်း ပြည်နယ် ဒေသကွပ်ကဲရေး စစ်ဌာနချူပ်က ပြောဆိုထားခဲ့သည်။

အမတ် ဦးပိုးရယ်အောင်သိန်းက “အကျိုးတော်ဆောင် အဖွဲ့က ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်မလုပ်ဖို့ ပြောထားပေမဲ့ အဖွဲ့ကို ဖျက်သိမ်းတယ်၊ မဖျက်သိမ်းဘူး ဆိုတာ သေချာတော့ မသိသေးဘူး” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ဖျက်သိမ်းခံလိုက်ရသော ကယားပြည်နယ် ကိုယ်စားပြုလူမျိုးပေါင်းစုံ စည်းလုံးညီညွတ် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ တံဆိတ်

ရွေးကောက်ပွဲ မတိုင်ခင်တွင် ကြံ့ခိုင်ရေးပါတီက ပြိုင်ဘက် ဖြစ်လာမည့် ကယားပြည်နယ် ကိုယ်စားပြုပါတီကို ဖျက်သိမ်းလို၍ ၎င်းပါတီဝင်များသည် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ဝင်များ ပါ၀င်ကြောင်း၊လက်နက် ကိုင် အဖွဲ့ဝင်နှင့်လည်း ဆက်သွယ်ကြောင်း ပြောဆိုပြီးနောက် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အဖွဲ့ကိုလည်း ငြိမ်းချမ်းရေး လုပ်ငန်း ဆက်မလုပ်ရန် တားမြစ်ခဲ့သည်။