ရှားတောတွင် လေမုန်တိုင်း တိုက်ခတ်၍ အိမ် ၃ လုံးနှင့် ဘော်ဒါဆောင်တလုံး ပျက်စီး

ရှားတောတွင် လေမုန်တိုင်း တိုက်ခတ်၍ အိမ် ၃ လုံးနှင့် ဘော်ဒါဆောင်တလုံး ပျက်စီး
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်တွင် လေမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် ယမန်နေ့ ညနေ ၂ နာရီက ရှားတောမြို့နယ် ဒေါ၀ယ်ရောကျေးရွာ၌ လေမုန် တိုင်း ထပ်မံကျရောက်၍ နေအိမ် ၃ လုံးနှင့် ကက်သလစ် ဘော်ဒါဆောင် တလုံးပျက်စီးခဲ့ သည်ဟု သိရသည်။

လေမုန်တိုင်း တိုက်ခတ်မှုကြောင့် ဒေါ၀ယ်ရောကျေးရွာတွင် အိမ် ၃ လုံးနှင့် ထိုကျေးရွာ၌ ကက်သလစ် ဘာသာရေး အသင်းမှ ဖွင့်လှစ်ထားသော ဘော်ဒါဆောင် တလုံး ပျက်စီးခဲ့ကြောင်း၊ သို့သော် ရွာသားများကို ထိခိုက်မှု မရှိခဲ့ကြောင်း ကရင်နီဗဟိုသတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ ခူးဒယ်နီယာက ပြောသည်။

lawkyit_storm၎င်းက “ပျက်သွားတဲ့ အိမ်တွေကတော့ အထူးသဖြင့် အမိုးတွေ ပျက်သွားတယ်၊အိမ်အမိုးတွေလန်ထွက် သွားတယ်ပေါ့။ လေမုန်တိုင်း တိုက်တာကတော့ ဘယ်လောက် ပြင်းလဲဆိုတာ မသိဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ၁၃ ရက်နေ့က ဖရူဆိုမြို့နယ် လောကျေခူကျေးရွာတွင် လေမုန်တိုင်း တိုက်ခိုက်မှုကြောင့် နေအိမ် ၃၇ လုံးနှင့် စပါးကျီ ၅ လုံး ပျက်စီးခဲ့ပြီး ရွာသားအချို့ ဒါဏ်ရာရခဲ့သည်ဟု ထိုကျေးရွာသို့ သွားရောက် ကြည့်ရူခဲ့သူ လွိုင်ကော်မြို့မှ အမျိုးသားလူငယ်တဦးက ပြောသည်။ 

“လောကျေခူ ဆိုတဲ့ ရွာမှာ လေပြင်းမုန်တိုင်း တိုက်သွားတယ်။ အိမ်အမိုးတွေလှန်၊ အကာတွေ ပြုတ်၊ သစ်ပင်တွေ စပါးကျီပေါ်လဲကျသွားတယ်။ ကြက်၊ ၀က်၊ ကျွဲလဲ နည်းနည်း ပါသွားတယ်” ဟု သူက ပြောသည်။

ဒေါ၀ယ်ရောကျေးရွာတွင် အိမ်ခြေ ၄၀ ကျော် ရှိပြီး လေမုန်တိုင်း တိုက်ခတ်ပျက်စီးခံရသော အိမ်များကို ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မဌာန KSWDC မှ အကူအညီများ ထောက်ပံ့ရန်သွားရောက်ကြည့်ရူ ခဲ့သည်ဟု ခူးဒယ်နီယာက ဆက်ပြောသည်။

လောကျေခူကျေးရွာတွင် အိမ်အလုံး ၅၂ လုံးရှိပြီး လေမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သော ရွာတဝက်ကို ကက်သလစ် ဂရုဏာ အဖွဲ့၊ ကယားဖု အဖွဲ့၊ ACF အဖွဲ့နှင့် ကြက်ခြေနီ အဖွဲ့တို့မှ လာရောက်ကူညီခဲ့ကြောင်း၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး (ကြံံ့ဖွံ့) အဖွဲ့ကလည်း လာရောက်ကြည့်ရူခဲ့ကြောင်း လွိုင်ကော်မြို့မှ လူငယ်တဦးက ဆိုသည်။

Most read this week