ဘုရားသုံးဆူ လမ်းကြောင်းတွင် ပြည်တွင်းပြန်သူနည်းပါးလာ

ဘုရားသုံးဆူ လမ်းကြောင်းတွင် ပြည်တွင်းပြန်သူနည်းပါးလာ
by -
ကိုသိုက်

ကိုသိုက်(ဧပြီ-၈)။ ။ ထိုင်းမြန်မာနယ်စပ်မြို့ဖြစ် သည့် ဘုရားသုံးဆူ မြို့တွင် ရှုပ်ထွေးနေသော အခြေ အနေကြောင့် ယခုနှစ်တွင်သင်္ကြန်ကာလ အတွင်းပြည်တွင်းသို့ပြန်သူနည်းပါးလာေကြောင်း ကားသမား တစ်ဦးမှ ပြောပါသည်။

ထိုင်းနိုင်ငံ အတွင်းအလုပ်လုပ်နေကြသော မြန်မာရွေ့ပြောင်းအလုပ်သမားများသည် သင်္ကြန်မကျခင်ဧပြီလ အတွင်း ပြည်တွင်းသို့အများအပြားပြန်လေ့ရှိသည်။

ပြန်ရာတွင်လည်း သွားလာရေးလွယ်ကူသည့် ဘုရားသုံးဆူ လမ်းကြောင်းကိုသာရွေးချယ်လေ့ရှိသည်။ သို့ရာတွင် ယခုနှစ်တွင်မူ လုံခြုံရေး မတည်ငြိမ်မှုလက်နက်ကိုင်အဖွဲ့ အစည်းများမှကားလမ်းကိုပိတ်ပင် တားဆီးမှုလုပ်ခဲ့သဖြင့် လူသူအသွားနည်းပါးလာသည်ဟု ကားသမား တစ်ဦးမှပြောပါသည်။

“ အခုသုံးဆူလမ်းကြောင်းကကေအေန်ယူကပိတ်ထားတယ်။ ဒါပေမယ့် သူတို့ပြောတာကတော့ ခင်ဗျားတို့ ဆင်းချင်ဆင်း တခုခုဖြစ်ခဲ့ရင်သူတို့တာဝန်မဟုတ်ဘူးလို့ပြောတယ်။ ဒါကြောင့်တော်ယုံတန်ယုံကားသမားတွေ မဆင်းရဲဘူး။ တိုက်ပွဲ ခဏခဏဖြစ်တော့ ဒီလမ်းကြောင်းကို လူမဆင်းရဲကြတော့ဘူး”။

ယ္ခုအခါ ထိုင်းနိုင်ငံ ကန်ချနပူရီမြို့ လူဝင်မှုကြီးကြပ်ရေးဌါနတွင် တနေ့ကို အယောက် (၃၀၀) ခန့်ပြည်တွင်း သို့ ပြန်ရန်လာရောက် မှတ်ပုံတင်နေသည်ဟု ထိုင်း ထောက်လှန်းရေးနှင့် နီးစပ်သူတစ်ဦးမှ ပြောသည်။ ယ္ခုအခါမြဝတီလမ်း ကြောင်း၌သာ ပြန်တွင်းသို့ပြန်သူများနေသည်ဟု မြဝတီမြို့ခံတစ်ဦးမှပြောပါသည်။