ကက်သလစ်ဂိုဏ်းအုပ်ကား မှားယွင်းပစ်ခတ်မှု ၀န်ချတောင်းပန်ရန်လိုဟုဆို

ကက်သလစ်ဂိုဏ်းအုပ်ကား မှားယွင်းပစ်ခတ်မှု ၀န်ချတောင်းပန်ရန်လိုဟုဆို
by -
ကန္တာရဝတီတိုင်း(မ်)

ဆရာတော် ဘစ်ရှော့ တျေဖဲ စီးနေကျ ကားကို ကရင်နီတပ်မတော်မှ မှားယွင်းပစ်ခတ်မှုနှင့် ပါတ်သက်ပြီး ဆရာတော်အား ပြန်လှည်ဝန်ချတောင်းပန်ရန် လိုအပ်ကြောင်း ...

ဆရာတော် ဘစ်ရှော့ တျေဖဲ စီးနေကျ ကားကို ကရင်နီတပ်မတော်မှ မှားယွင်းပစ်ခတ်မှုနှင့် ပါတ်သက်ပြီး ဆရာတော်အား ပြန်လှည်ဝန်ချတောင်းပန်ရန် လိုအပ်ကြောင်း ကရင်နီပြည်ရှိ ဘာသာရေးခေါင်းဆောင် အသိုင်းအဝိုင်းမှ လာသည့် သတင်းအရ သိရသည်။

ဆရာတော် ဘစ်ရှော့ တျေဖဲ“အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ပစ်တဲ့ ကရင်နီတပ်မတော်သား တစ်ဦးကို အရေးယူပေးပြီးတော့ ဆရာတော်တျေဖဲကို ပြန်ပြီး တောင်းပန်ရင် ကောင်းမယ်လို့ ထင်တယ်။ ပစ်တဲ့ အချိန်မှာတော့ ဆရာတော် မပါဘူး။ ဒါပေမဲ့ ဒီကားတော့ ဆရာတော် တျေဖဲ အမြဲစီးတဲ့ ကားပါ” ဟု ကရင်နီပြည်မှ ကက်သလစ် ဘုန်းတော် တစ်ပါးက ပြောပါသည်။

ကရင်နီပြည် လွိုင်ကော်သာတနာ ကက်သလစ် ခရစ်ယာဂိုဏ်းအုပ် ဆရာတော် ဘစ်ရှော့ တျေဖဲကား (နံပါတ်= ၄/က ၃၇၅၄)အား ပြီးခဲ့သည့် ၁၂ ရက်နေ့က ဖရူဆိုမြို့နယ် ရေဖရားကျေးရွာ နံဘေး၏ တံတားထိပ်တွင် ကရင်နီတပ်မတော်တို့မှ မှားယွင်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

မှားယွင်းပစ်ခတ်မှုနှင့် ပတ်သက်၍ ကရင်နီတပ်မတော် စစ်ဦးရုံးမှ အရာရှိ ဗိုလ်မြာဒူက “ခရိုင် ၃ ပျောက်ကျားတပ်မှ တပ်ကြပ် နိုးနိုက သူရွာထဲ ၀င်တယ်။ နောက်ပြီး အဲဒီရွာမှာ မင်္သကာတဲ့ လူ ၃ ယောက်က ထွက်ပြေးတယ်လေ။ အဲဒါ အဲဒီလူတွေကို သူလိုက်ပစ်တဲ့ အချိန်မှာ ကိုယ်တော်ကားလည်း ကွက်တိ လာတော့ ကိုယ်တော်ကားကို နည်းနည်း ရှထိသွားတယ်။ အဲဒီ ကိုယ်တော်ကားကို တမင်သက်သက် ပစ်တာ မဟုတ်ဘူး။ မှားပြီး ပစ်တာလည်း မဟုတ်ဘူး” ဟု ရှင်းပြပါသည်။

ဆရာတော် တျေဖဲကို ပုပ်ရဟန်းမင်းကြီး Benedict XVI မှ လွိုင်ကော်သာသနာ ဂိုဏ်းအုပ်အဖြစ် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က တင်မြောက်ပေးခဲ့ပါသည်။

Most read this week