သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတဆိုင်ရာစာပေဟောပြောပွဲ ကျောက်ဖြူတွင် ပြုလုပ်မည်

သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတဆိုင်ရာစာပေဟောပြောပွဲ ကျောက်ဖြူတွင် ပြုလုပ်မည်
by -
နိရဥ္စရာ

ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း အဓိက တည်ရှိရာ ကျောက်ဖြူမြို့တွင် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတဆိိုင်ရာ စာပေဟောပြောပွဲတစ်ခုကို မတ်လ ၃၀နှင့် ၃၁ရက်နေ့များတွင်  နှစ်ရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမည်ဟု သိရသည်။

၎င်းစာပေဟောပြောပွဲကို ကျောက်ဖြူလူမှုကွန်ယက်နှင့် ကျောက်ဖြူမြို့ စာပေဝါသနာပါသော လူငယ်များမှ ဦးဆောင်စီစဉ် ကျင်းပခြင်းဖြစ်ပြီး မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်၊ မောင်သာချို (ဂျက်ကွမ်းခြံကုန်း)၊ မောင်မြင့်ဇော် (သဘာဝသယံဇာတ စီမံခန့်ခွဲမှုပညာရှင်)နှင့် စစ်တွေညိုသန့်တို့မှ  လာရောက် ဟောပြောမည်ဟု သိရသည်။

416368868524952

“ကျောက်ဖြူမှာ စီမံကိန်းတွေများလာနေတော့ ဒေသခံတွေ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်တဲ့ အသိပညာ၊ ဗဟုသုတတွေရှိဖို့လိုတယ်။ ကိုယ့်ဒေသမှာလာလုပ်တဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဆိုးကျိုး ကောင်းကျိုးတွေကို သိထားရမယ်။ ဒါကြောင့် ပညာရှင်တွေကို ဖိတ်ခေါ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတဆိုင်ရာ စာပေဟောပြောပွဲကို ကျင်းပဖို့ စီစဉ်ရတာဖြစ်တယ်”  ဟု ကျောက်ဖြူလူမှုကွန်ယက်မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုထွန်းထွန်းနိုင် ကပြောသည်။

ယင်း စာပေဟောပြောပွဲအား ကျောက်ဖြူ နာရီစင်ကွင်းတွင် ညနေ ရနာရီမှ စတင် ဟောပြောသွားမည်ဟု သိရသည်။

Most read this week