ကချင် ပြည်သူများ ကန့်ကွက်မှု များနေသည့် မနောပွဲအား မြစ်ကြီးနား၌ ကျင်းပရန် ပြည်နယ် အစိုးရ ဆုံးဖြတ်

ကချင် ပြည်သူများ ကန့်ကွက်မှု များနေသည့် မနောပွဲအား မြစ်ကြီးနား၌ ကျင်းပရန် ပြည်နယ် အစိုးရ ဆုံးဖြတ်
by -
ရွှေဟင်္သာ

ကချင်ပြည်နယ် အစိုးရ အနေဖြင့် ဒေသတွင်း မတည်ငြိမ် မှုနှင့် ကချင် ပြည်နယ်တွင်း စစ်ရေး ပဋိပက္ခများ ဖြစ်ပွား နေသောကြောင့် ယခုနှစ်၌ ကချင် မနောပွဲအား မကျင်း ပရန် ကန့်ကွက် မှုများ ပြုလုပ် ထားသော်လည်း လာမည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ လ၌ ကျင်းပ ပြုလုပ် သွားရန် ဆုံးဖြတ် လိုက်ကြောင်း မနောပွဲ ကျင်းပရေး ကော်မီတီ ဥက္ကဋ္ဌ ဦးလအောင်က ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၁၆) ရက်နေ့၌ အတည်ပြု ပြောသည်။

“မနောပွဲ ဆိုတာ ကချင်တွေရဲ့အထွဋ် အမြတ် ထားတဲ့ အက ပေါ့နော်၊ ဒီနှစ်က ဒီခေတ် ပြောင်းလာတဲ့ အစိုးရသစ် ခေတ်မှာ ဒီတခေါက် ပထမ ဦးဆုံး လုပ်တာပါ။ ဒီရွေးကောက်တဲ့ အစိုးရသစ် ခေတ်မှာ ကချင်ပြည်နယ် အစိုးရဆိုတာ ပေါ်လာတယ်။ ပေါ်လာပြီး မကြာမီ စစ်ဖြစ်လာတော့ လုံခြံုရေး အခြေအနေ အရ မလုပ်လိုက် နိုင်ဘူးပေါ့၊ ဒီတခေါက် ပထမ ဦးဆုံး လုပ်တာပါ” ဟု ဦးလအောင်မှ ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

phophtaw1801

လာမည့် နှစ်သစ်် ကချင်ပြည်နယ် နေ့တွင် ကချင် မနောပွဲအား မဖြစ်မနေ ကျင်းပ သွားမည့် အကြောင်း အားလည်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန် ငန်ဆိုင်းမှ ကချင် လူငယ်များနှင့် တွေ့ဆုံ ခဲ့စဉ် ၌လည်း ပြောကြား ခဲ့ကြောင်း ကချင်လူငယ် အဖွဲ့ ခေါင်းဆောင် ကိုဂွန်ဂျာနော် ကလည်း ရွှေဟင်္သာ သတင်းဌာနအား အတည်ပြု ပြောသည်။

“အဓိက အစိုးရဘက် ပြောတဲ့ အချက် လေးချက် ရှိပါတယ်။ ပထမ တချက်က ဒီအစီစဉ် စပြီး စီစဉ်တဲ့ အချိန် ကန့်ကွက်တဲ့သူ ဘယ်သူမှ မရှိ ဘူးပေါ့၊ နောက်တချက်က ပွဲနဲ့ ပတ်သက်ပြီး သူတို့ ဖိတ်စာ အားလုံး ပို့ပြီးပြီပေါ့၊ သံရုံး တွေလည်း ပို့ပြီးပြီ၊ ရပ်ဝေး ၊ ရပ်နီး အားလုံးကို ပို့ပြီးပြီ တတိယ တချက်က ကချင်ပြည်နယ် နေ့ကို ဂုဏ်ပြုချင်သော အားဖြင့် ဒီမနောပွဲ ကို ထည့်သွင်း ရခြင်း ဖြစ်တယ် ဆိုတဲ့ အကြောင်းကို သူတို့ ရှင်းပြတယ်ပေါ့” ဟု ကိုဂွန်ဂျာနော်မှ ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

ထိုမနော ပွဲသည် ကချင်ပြည်နယ် အစိုးရ သက်တမ်း အတွင်း ပထမ ဦးဆုံး အကြိမ် ပြုလုပ်မည့် မနော ပွဲလည်း ဖြစ်ကာ ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ကျရောက်မည့် (၆၇) နှစ်မြောက် ကချင်ပြည်နယ် နေ့အား ဂုဏ်ပြုသည့် အနေဖြင့် ဤမနောပွဲအား ပြုလုပ် ခြင်းလည်း ဖြစ်ကြောင်း ဦးလအောင်က ဆက်ပြောသည်။

အဆိုပါ ကချင် မနောပွဲအား ဇန်နဝါရီလ (၅) ရက်နေ့မှ (၁၁) ရက်နေ့ အထိ ကျင်းပရန် ကချင် ပြည်နယ် အစိုးရမှ စီစဉ် ထားပါသည်။

သို့သော်လည်း ကချင်ပြည်နယ် အတွင်း စစ်မက် ဖြစ်ပွါး နေသည့် အနေထား များနှင့် နယ်မြေ တည်ငြိမ်မှု မရှိ သဖြင့် ယခုနှစ်၌ မနောပွဲ မကျင်းပ ရေးအတွက် ပြီးခဲ့သည့် စက်တင်ဘာ လမှ နိုဝင်ဘာ လအထိ ကချင် ဒေသခံ ပြည်သူ လူထု တစ်သောင်းကျော် လက်မှတ် ရေးထိုး၍ ပြည်နယ် အစိုးရ ထံသို့ တင်ပြ ထားပါသည်။

ကချင် မနောပွဲသည် စည်းလုံး ညီညွတ်ရေး အတွက် အထောက်အကူ ပြုမည့်ပွဲ ဖြစ်သဖြင် ့ပြုလုပ် သင့်ကြောင်း ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူမှ ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၁၆) ရက်နေ့၌ သုံးသပ် ပြောဆို ခဲ့သည်။

“မနောပွဲ ဆိုတာက မတည့်တဲ့ လူတွေ အဲ့ဒီမှာ ပြန်ပြန် တည့်သွားတာ ရှိတယ်။ ကျမတို့ ရိုးရာက အဲ့ဒီမှာ ခွင့်လွတ် လိုက်တာတွေ ရှိတယ်။ အဲ့တော့ အစိုးရ ဘက်ကလည်းလာ ဟိုဖက် ကလည်း လာပေါ့နော်။ အဲ့တော့ ဒီမှာ အကုန်လုံး အတူတူ ထိုင်ခိုင်း၊ ထိုင်းခိုင်း ပြီးမှာ အကုန်လုံးက ဆွေးနွေး တိုင်ပင် ညှိနှိုင်း ပိုပြီး ရပါစေ ဆိုပြီး ကျမတို့က ဝိုင်းပြောတာ။ လုပ်ရအောင် ဆိုပြီး ဝိုင်းပြောတာ” ဟု ဒေါ်ဒွဲဘူက ရွှေဟင်္သာ သတင်း ဌာနအား ပြောကြား ခဲ့သည်။

သို့သော်လည်း ထိုမနောပွဲ ကျင်းပရေးအား ကန့်ကွက်သည့် အင်အားစု များမှ လက်ရှိ အနေအထား အရ ကချင်ပြည်နယ်ဘက်တွင် ငြိမ်းချမ်းမှု မရှိသေးသော အခြေ အနေကြောင့် မနော ပွဲကို ကျင်းပရန် မသင့်လျှေ်ဟုသုံးသပ် ပြောဆို နေကြောင်း ကချင် လူငယ် အဖွဲ့ ခေါင်းဆောင် ကိုဂွန်ဂျာနော်မှ ဆက်ပြောသည်။

အခု ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေ အရပေါ့ မနောပွဲ ဆိုတာ ကျနော်တို့ရဲ့ အောင်မြင်ခြင်း စည်းလုံးခြင်း ပျော်ရွှင်ခြင်း ဆိုတဲ့ အနက် အဓိပ္ပာယ် ရတဲ့ အတွက်ကြောင့် ဒီအချိန်မှာ ဒီပွဲတော်ကို ကျနော်တို့ မကျင်းပရင် ကောင်းတယ် ဆိုပြီးမှ အဲ့လို တင်ပြတာပါ” ဟု ကိုဂွန်ဂျာနော်မှ ရွှေဟင်္သာ သတင်း ဌာနအား ဆက်ပြောသည်။

ကချင်ပြည်နယ် အတွင်း နှစ်စဉ် ကျင်းပ လာသည့် ကချင် မနော ပွဲကို တကျော့ပြန် ဖြစ်ပွား လာသည် ့တိုက်ပွဲ များကြောင့် ၂၀၁၁ ခုနှစ် တွင် နောက်ဆုံး ကျင်းပ ခဲ့ရာမှ အစိုးရသစ် လက်ထက်တွင် ပြန်လည် ကျင်းပရန် ယခုလို စီစဉ် နေခြင်းလည်း ဖြစ်သည်။

Most read this week