ကရင်နီဒုက္ခသည်စခန်းမိုးရေကြီးမှု ၁ ဦးသေ ၁ ဦးပျောက်ဆုံုး

ကရင်နီဒုက္ခသည်စခန်းမိုးရေကြီးမှု ၁ ဦးသေ ၁ ဦးပျောက်ဆုံုး
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီစစ်ပြေးဒုုက္ခသည်များ ယာယီခိုုလုံုနေထိုုင်ကြသည့် ထိုုင်းနိုုင်ငံ မယ်ဟောင်ဆောင်မြို့ နယ်စပ်ဒုုက္ခသည် စခန်းမှာ ညအချိန် ရုုတ်တရက်ရေကြီးမှုဖြစ်ပွားခဲ့သည့်အတွက် တစ်ဦးသေဆုံုးပြီး တစ်ဦးပျောက်ဆုံုးနေကြောင်း သိရသည်။

သြဂုုတ်လ ၂၆ရက်နေ့ညက မိုုးရေကြီးမှုကြောင့် စခန်းတွင်းက ဆေးပေးခန်းများရေမြုပ်ပြီး လူနေအိမ်များရေထဲ မျောပါသွားခဲ့ခြင်းဖြစ်သည်။

flood-camp

“စခန်းအပြင်မှာသွားပြီး ထိခိုက်နစ်နာနေတဲ့သူကို အခုချိန်မှာ ဘယ်သူဘယ်ဝါ တိတိကျကျ ကျမတို့မပြောနိုင် သေးဘူး။ နစ်နာတာက တစ်ယောက်လို့ကျမတို့ကြားထားပေမယ့် သူတို့က ကျမတို့ကို နှစ်ယောက်လို့ ပြောပါတယ်။ တစ်ယောက်က တွေ့ပြီ ကျန်တယောက်က မတွေ့သေးဘူး အခုချိန်ထိ သူတို့ရှာနေတုန်းပဲပေါ့”ဟုု စခန်းကော်မီတီဥက္ကဌ မော်မိုုးဘူးကပြောသည်။

မယ်ဟောင်ဆောင်မှ ထိုုင်းစစ်တပ်နှင့်ကယ်ဆယ်ရေးအဖွဲ့များပူးပေါင်းရှာဖွေမှုကြောင့် ၅၅နှစ်အရွယ်ခူးဘူးရယ် နှင့်အသက် ၂၀အရွယ်ခူးဆောင်ရယ်တိုု့ကိုု သက်ရှိထင်ရှားပြန်လှည်တွေ့ရှိခဲ့ပြီး အသက် ၄၀အရွယ်ခူးဒေးရယ်၏ အလောင်းကိုုပါတွေ့ရှိခဲ့သည်။ ပျောက်ဆုံုးနေဆဲဖြစ်သည့် အသက် ၅၅နှစ်အရွယ် ခူးတူရယ်အား သြဂုုတ်လ ၂၈ရက်နေ့တွက်ဆက်လက်ရှာဖွေနေကြသည်။

“အများအားဖြင့်ကတော့ ဘီဒိုနဲစာရွက်စာတမ်းတွေနဲ့ဆေးဝါ တွေကိုဆုံးရှုံးသွားရတယ် ပျက်စီးသွားကုန်တယ်၊ ဆေးခန်းမှာကအတွင်းလူနာနစ်ယောက် သုံးယောက် လောက်တော့ ရှိတာပေါ့လေးနော် သူတို့လဲအိပ်ပျော် နေကုန်တယ်၊ အဲဒါကညကျူတီကျတဲ့ ဆရာမတွေကလူနာတွေကိုတုတ်ချောင်းလေးတွေနဲလူနာကို ပြန်ဆွဲထုတ်နိုင်ခဲ့ပါတယ်” ဟုု စခန်းဆေးပေးခန်းမှ ဆရာမယ်ရယ်ကပြောသည်။

TBC ၏၂၀၁၄ခုနှစ် ထုတ်ပြန်ထားချက်အရ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီဒုက္ခသည်စခန်း ၂ နှစ်ခုလူဦးရေစုုစုုပေါင်း ၁၄၆၉၉ ဦးရှိသည်။

ရေပြန်ကျသွားပြီးနောက် သြရုုတ်လ ၂၇ရက်နေ့မှာ ပျက်စီးဆုံုးရှုံးသွားသည့် ဆေးပေးခန်း၊ ဘော်ဒါဆောင်၊ အမျိုးသမီးဂေဟာ၊ လူနေအိမ်များ၊ လမ်း၊ တံတားနှင့် ရေဘေးသင့်သူများကိုုကူညီနိုုင်ရန် စခန်းကော်မီတီနှင့် အဲန်ဂျီအိုုအဖွဲ့အစည်းများ အရေးပေါ်အစည်းအဝေးတရပ်ပြုလုုပ်သွားသည်။

ဒုုက္ခသည်စခန်းအတွင်း ယခုုရေကြီးမှုသည် ၁၀နှစ်အတွင်း အကြီးမားဆုံုးရေကြီးမှုကြောင်း ဒုက္ခသည်များကဆို သည်။

Most read this week