ရင်နီဒုက္ခသည်များကို သန်းခေါင်စာရင်း ကောက်ရန် အစိုးရမှ KNPPvvကိုကမ်းလှမ်းခြင်းမရှိ

ရင်နီဒုက္ခသည်များကို သန်းခေါင်စာရင်း ကောက်ရန် အစိုးရမှ KNPPvvကိုကမ်းလှမ်းခြင်းမရှိ
by -
စူးမလ်

မြန်မာနိုင်ငံတွင် ကောက်ယူသည့် ပြည်လုံးကျွတ် လူဦးရေနှင့်vအိမ််အကြောင်းအရာ သန်းခေါင်စာရင်းသည် ထိုင်းမြန်မာနယ်စပ် ကရင်နီဒုက္ခသည်vစခန်းရှိ ဒုက္ခသည်များကို ကောက်ယူရန်နှင့်ပတ်သက်ပြီး အစိုးရဖက်မှ
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကို တရားဝင်ကမ်းလှမ်းခြင်းမရှိကြောင်းသိရသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒု-ဥက္ကဌ ခူဦးရယ်က “ကနေ့အထိ တကယ်တမ်း ကျနော်တို့ကို အရင်က တရားဝင်ဆွေးနွေးပွဲတွေမှာ အဲသလိုပူးပေါင်းဆောင်ရွက်ဖို့ အကျေအလည်ဆွေးနွေးတင်ပြတာမျိုးတွေ မရှိဘူး။ သို့သော် ကျနော်တို့အလွတ််သဘောအပြင်မှာ ဒီလိုလုပ်ငန်းကိစ္စတွေဆောင်ရွက်စရာရှိတယ်၊ ပူးပေါင်း ဆောင်ရွက်မှုလိုအပ်တယ်ဆိုတာတော့အာဏာပိုင်တွေဖက်ကတော့ ပြောတာတွေရှိပါတယ်။ ဒါပေမယ့်ကနေ့ထိ ကျနော်တို့ကို တရားဝင်ကမ်းလှမ်းပြီးတော့အတူတကွလုပ်ဆောင်ဖို့အတွက် ဆောင်ရွက်တာမျိုးတွေ ချည်းကပ်မှုတွေတော့ မရှိသေးဘူး” ဟု ဆိုသည်။

၄င်းကိစ္စနှင့်ပတ်သက်၍ မိမိတို့ နှစ်ဦးနှစ်ဖက်နားလည်မှုတည်ဆောက်သည့် အခြေခံအောက်တွင် ဆောင်ရွက် သွားရမည်ဖြစ်သည်ဟု နားလည်ကြောင်းနှင့် အကယ်၍ နှစ်ဦးနှစ်ဖက် စနစ်တကျ မည်သို့ပူးပေါင်း ဆောင်ရွက်ကြမည်နည်းဆိုသည့် ဆွေးနွေးမှုဖြစ်ပေါ်လာလျှင် ထိုအခြေခံအောက်တွင် ပူးပေါင်းဆောင်ရွက်ရန် အစီစဉ်ရှိကြောင်း KNPP ဒု-ဥက္ကဌက ဆိုသည်။

ကရင်နီဒုက္ခသည်စခန်းတွင်ရှိသည့် ဒုက္ခသည်များ ပြည်တွင်းသို့မဝင်ရောက်မှီ ပြည်လုံးကျွတ် သန်းခေါင်စရင်း ကောက်ခြင်းသည် စောသေးကြောင်း ကရင်နီပြည်လူငယ်များ သမဂ္ဂ ( UKSY) ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင်က ဆိုသည်။

ခန့်မှန်းလူဦးရေအရ ထိုင်းမြန်မာနယ်စပ်ဒုက္ခသည်စခန်းတွင် ဖြတ်လေးဖြတ်ကြောင့် ရွာလုံးကျွတ် ရွေ့ပြောင်းသွားသည့်သူများမှ သန်းခေါင်စာရင်းဖြေဆိုမှုမရှိခဲ့လျှင် သန်းခေါင်စာရင်း၏ အကျိုးကျေးဇူး များထဲတွင် နိုင်ငံတော်အစိုးရမှပြောသည့် ဒေသဖွ့ံဖြိုးရေးအတွက် လူဦးရေကိုအခြေခံမည် ဆိုသောကြောင့် ၄င်းလူဦးရေ စာရင်းတွင်မပါဝင်ဘဲ ၂၀၁၄ နှစ်ကုန်ပိုင်းခန့်မှ ပြည်လည်ဝင်ရောက်လာ မည်ဆိုပါက မိမိတို့ ဒေသရှိလူဦးရေစာရင်းပိုသာဖြစ်ကြောင်း ကိုကျော်ထင်အောင်က ဆိုသည်။

ကိုကျော်ထင်အောင်က “ပြီးရင်တော့  ရွေ့ပြောင်းဒုက္ခသည်တွေ မဝင်ရောက်မီမှာကောက်တဲ့အတွက် တကယ့်ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေ ကျနော်တို့ဒေသမှာ ရရှိပါ့မလားဆိုတဲ့ သံသယကလည်း ဝင်ရောက်ပါတယ် ခင်ဗျ” ဟု ဆက်ဆိုသည်။

သန်းခေါင်စာရင်း၏ လူဦးရေအပေါ်မှုတည်ပြီး ဒေသ၏ဖွ့ံဖြိုးတိုးတက်မှုအတွက် အစိုးရဝန်ကြီးဌာနမှ ကျန်းမာရေးသော်လည််ကောင်း ပညာရေးသော်လည်းကောင်း ထိုလူဦးရေ အပေါ်မှုတည်ပြီး ဆုံးဖြတ်လုပ်ဆောင်မည်လျှင် ယခုလူဦးရေကောက်ယူမှုသည် မှားယွင်းသည့်အချက်အလက် ကောက်ယူမှု ပုံစံဖြစ်သွားမည် ဖြစ်သောကြောင့် UKSYမှ ထိုအတွက် တောင်းဆိုမှုတွေရှိကြောင်းနှင့် ဒုက္ခသည်များ
ပြန်လည်ဝင်ရောက်လာမည့် ကိစ္စအတွက် တိကျခိုင်မာသည့် မည်သည့်အာမခံချက်မျှ မရရှိခဲ့ကြောင်း ကိုကျော်ထင်အောင်က ဆိုသည်။

Most read this week