ရေနက် ဆိပ်ကမ်းမှ ဆုံးရှံုး နစ်နာ မှုများ ဖေါ်ထုတ် ပေးရန် နိုင်ငံတော်အား တောင်းဆို

ရေနက် ဆိပ်ကမ်းမှ ဆုံးရှံုး နစ်နာ မှုများ ဖေါ်ထုတ် ပေးရန် နိုင်ငံတော်အား တောင်းဆို
by -
ရွှေဟင်္သာ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ ဒေသခံများအား ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းကြောင့် နစ်နာနေရမှု များအား တရား မျှတစွာ ဖေါ်ထုတ်ရန်  နိုင်ငံတော်အစိုးရထံသို့ နဘူးလယ်ကျေးလက်ဒသခံ များက တောင်းဆို  ခဲ့ကြသော်လည်း ထူးခြားပြောင်းလဲလာမှုမရှိကြောင်း နစ်နာ ဆုံးရှုံး ခဲ့ရသူ ဒေသခံ တစ်ဦးက ဆိုပါသည်။

phophtaw231

“ ကျနော်တို့ နဘူးလယ်မှာက သိရ သလောက် မြေဧက နှစ်သောင်းကျော် နစ်နာဆုံးရှုံးခဲ့ပါတယ်။ ထိုင်း ITD ကုမ္ပ္မဏီကို ရောင်းစားကြတာပါ။ တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို အပါအဝင် ပြည်ထောင်စု ၀န်ကြီး ဦးဘုန်းဆွေက အစ ဒေသခံတွေရဲ့ မြေတွေကို လက်ညိုးထိုး ရောင်းစား ခဲ့တယ်လေ။ လျော်ကြေး ပေးမယ် ဆိုတာလည်း တချိုု ့က ရတယ်။ ဒါပေမဲ့ သိန်းတရာ တန်တဲ့ မြေကို (၁၀) သိန်းဘဲ ပေးတယ် ဆိုတော့ ဆိုးလွန်း ပါတယ်” ဟု ဆိုပါသည်။

ထို့အပြင် ရေဖြူ မြို့နယ်ထဲမှ ဘဝါ ကျေးရွာ၏ လေပံတောင် သစ်တော ကြိုးဝိုင်းကို အကြောင်းပြုပြီး ဧကပေါင်း ရာချီပြီး ဒေသခံေ မြေများအား ရောင်းစားခြင်း။ မယင်းကြီးတောင် ကျေးရွာ သစ်တောအား ကတုံးပြောင်အောင် ခုတ်ပြီး ဒေသခံ များ၏ ရေပေါက် ပိတ်မှု အခက်အခဲများ၊ ကြိုးဝိုင်းမြေ၊ သစ်တောမြေ၊ စားကျက်မြေ ဧကပေါင်း (၁၈၀၀၀) ဧကအား ITD ကုမ္မ္ပဏီသို့ ရောင်းချ ရာတွင် ဒေသ ခံမြေ မြောက်များစွာ ဆုံးရှုံးခဲ့ရပါသည်။

မူးဒူး ကျေးရွာမှ ဒေသခံ ဓနိတောများ၊ ပန်းတင်အင်း ကျေးရွာ အုပ်စု ငပိတက်ငယ် ကျေးရွာခွဲမှ ဗျက်နီချောင်းဝ တံငါသည် ကျေးရွာ ဖျက်သိမ်းခဲ့ရမှု နှင့် စီမံကိန်းကြောင့် နစ်နာမှု ပေါင်းများစွာ ရှိခဲ့သည်ဟု ဆိုပါသည်။

ITD ကုမ္ပ္မဏီသည် မိမိတို့ ၀ယ်ထားသော မြေများအား လမ်းဖေါက် မြေညှိခဲ့ကြသဖြင့် နဘုလယ် ဘဝါ ကျေးရွာ အုပ်စုနှင့် ပြသနာ ဖြစ်ခဲ့ဘူးပါသည်။ ထိုကိစ္စကို တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုအား ရွာသားများမှ အကြောင်းကြား သဖြင့် ၀န်ကြီးချုပ်မှ ချက်ချင်း ဆောင်ရွက် ပေးမည်ဟု ပြောသော်လည်း အကြောင်း မထူးခဲ့ပေ။

ဤသို့ကြောင့် အခြေအနေမဲ့ ဖြစ်သွားခဲ့သော ဒေသခံများ အတွက် နိုင်ငံတော်မှ ၀ိုင်းဝန်း ဖြေရှင်းပေး စေလိုကြောင်း၊ တိုင်းအစိုးရနှင့် ပြည်ထောင်စု ၀န်ကြီး တို့မှ လျော်ကြေး ပေးမည်ဟု ဆိုသော်လည်း တကယ် နစ်နာသူများ လက်ခံ ရရှိခြင်း မရှိသည့် အပြင်၊ လျော်ကြးများသည် အဆတရာမျှ မတန်တဆ နည်းပါး လွန်းသည်ဟု ဆိုပါသည်။
ထို့အပြင် စီမံကိန်းကြောင့် သဘာဝ တောတောင်များ ပျက်စီးနေသဖြင့် ရေရှားမှု၊ ခြံမြေ စိုက်ပျိုးမှုများ၊ ဒီရေတောနှင့် တံငါသည် ကျေးရွာများ ထိခိုက် ပျက်စီးခဲ့ရပါသည်။ ဤကိစ္စများ ပြန်လည် စီစစ်ပေးပါရန် တနင်္သာရီတိုင်း ရေဖြူ၊ လောင်းလုံမြို့နယ်မှ ဒေသခံများက တောင်းဆို နေကြသည်ဟု ဆိုပါသည်။

Most read this week