ကရင်နီအမျိုးသားများ တော်လှန်ရေး တိုက်ပွဲဝင်နေရဆဲ - KNPP ဥက္ကဌ

ကရင်နီအမျိုးသားများ တော်လှန်ရေး တိုက်ပွဲဝင်နေရဆဲ - KNPP ဥက္ကဌ
by -
ကန္တာရဝတီတိုင်း(မ်)

ယနေ့ ကရင်နီအမျိုးသားတို့ရဲ့ အခြေအနေဟာ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ တော်လှန်ရေးတိုက်ပွဲ ၀င်နေရတဲ့အနေအထားမှာ ရှိနေတုန်းပဲလို့ ကနေ့ကျရောက်တဲ့ ၁၃၈ နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ဥက္ကဌက ပြောပါတယ်။

ဇွန်လ ၂၁ ရက်နေ့ ကျရောက်တဲ့ ၁၃၈ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားကို ကရင်နီအမှတ်-၁ ဒုက္ခသည်စခန်းမှာ ကျင်းပပြုလုပ်ပြီး ထောင်နဲ့ချီပြီးတက်ရောက်လာတဲ့ ဒုက္ခသည်များရှေ့မောက်မှာ KNPP ဥက္ကဌ ခွန်းအေဘယ်ဒွိက ယခုလို ပြောဆိုလိုက်တာပါ။

“အခြားသော တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီးတော့ တန်းတူရေးတို့၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ၊ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တခုကို တည်ဆောက်ဖို့ဆိုတာ ကျနော်တို့ က အခြေခံမူကို ကျနော်တို့ နည်းနည်း ပြင်ပြီးတော့ ကျတော်တို့ ဆက်လက် တိုက်ပွဲဝင်နေပါတယ်။ ဒီနေ့အထိတော့ တော်လှန်ရေး တိုက်ပွဲဝင်နေတုန်း အနေအထားပဲ ရှိပါသေးတယ်”

ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တပြည်ဖြစ်တယ် ဆိုတာကို ၁၈၇၅ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က အင်္ဂလိပ်အစိုးရနဲ့ ဗမာဘုရင်တို့ကနေ တရားဝင်အသိအမှတ်ပြု လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။ ၁၉၈၆ ခုနှစ်က ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အဲ့ဒီနေ့ကို အစွဲပြုပြီး အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

Most read this week