အင်္ဂလန်နှင့် မြောက်အိုင်ယာလန်တို့၏ ပဋိပက္ခ ဖြေရှင်းပုံကို UNFC လေ့လာခွင့်ရ

အင်္ဂလန်နှင့် မြောက်အိုင်ယာလန်တို့၏ ပဋိပက္ခ ဖြေရှင်းပုံကို UNFC လေ့လာခွင့်ရ
by -
ရွှေဟင်္သာ

မြောက်အိုင်ယာလန် နိုင်ငံသည် အောင်မြင် ခဲ့ပြီးဖြစ်သော အင်္ဂလန်နှင့် မြောက်အိုင်ယာလန်တို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကြောင်း ကို လေ့လာ စေလိုသဖြင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC အဖွဲ့ကို  ဖိတ်ကြားခဲ့သည်ဟု တာဝန်ရှိ အဖွဲ့ဝင် တစ်ဦးက ဆိုပါသည်။

“ မြောက်အိုင်ယာလန်က အင်္ဂလန်ကို နှစ်ပေါင်း ၂၀ ကျော် တော်လှန်ခဲ့တယ်။ လူပေါင်း ၆၀၀၀ ကျော် အသက် ဆုံးရှံူး ခဲ့ရတယ်။ ဒါတောင်မှ နှစ်ဖက် ငြိမ်းချမ်းရေး ရရှိတဲ့ အထိ စားပွဲဲပေါ်မှာ အဖြေရှာ နိုင်ခဲ့ကြတာဘဲ။ အဲဒီလို ငြိမ်းချမ်း သွားတော့ ယခုဆိုရင် သူတို့နိုင်ငံ ဘယ်လောက် တိုးတက်သွားခဲ့သလဲဆိုတာ လေ့လာစေချင်လို့ ကျနော်တို့ကို ဖိတ်ခေါ်လိုက်တာဖြစ်တယ်” ဟု ဆိုပါသည်။

ဤကဲ့သို့ မဖိတ်ခေါ်မှီ မြောက်အိုင်ယာလန် မှ (Intermediate) ပဋိပက္ခများ ကူညီ ဖြေရှင်းပေးရေး NGO အဖွဲ့ တို့သည် လက်ရှိ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကြောင်းပြုပြီး အင်္ဂလန်နိုင်ငံနှင့် မြောက်အိုင်ယာလန် တို့ ဖြစ်ပွား ခဲ့ရသည့် ပဋိပက္ခ အကြောင်းအရင်း ပြဿနာများ မည်သို့ဖြေရှင်း သွားခဲ့သည်ကို UNFC အဖွဲ့ဝင် များနှင့် ၂ ကြိမ် တိုင်တိုင် အမြင်ချင်း ဖလှယ် ခဲ့ကြပြီး ဖြစ်ပါသည်။

ဤသို့ကြောင့် အင်္ဂလန် ခေါင်းဆောင်များနှင့် မြောက်အိုင်ယာလန် ခေါင်းဆောင် များထံ လက်တွေ့ လာရောက် လေ့လာကြ ရန်ရည်ရွယ်ပြီး ဖိတ်ကြား ခဲ့ခြင်းဖြစ်ကြောင်း ဆိုပါသည်။

ဤခရီးစဉ်တွင် UNFC အဖွဲ့မှ ကိုယ်စားလှယ် ၁၅ ဦးတို့ သွားရောက် လေ့လာမည်ဖြစ်ပြီး ခရီးစဉ်သည် မေလ တတိယ ပတ်၌ စတင်ပြီး (၁၀) ရက်ခန့် ကြာမည်ဖြစ်သည်ဟု ဆိုပါသည်။

လေ့လာမှု များသည် အင်္ဂလန်နိုင်ငံသို့ ပထမ ၀င်ရောက်လေ့လာပြီးမှ အိုင်ယာလန်သို့ ဆက်လက် လေ့လာကြမည်ဟု ဆိုပါသည်။ နိုင်ငံတော် လုံခြုံရေး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့သည်လည်း မြောက်အိုင်ယာလန်နှင့် အင်္ဂလန်တို့၏ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းများကို ပြီးခဲ့သည့် လက သွားရောက် လေ့လာ ခဲ့ပါသည်။

အိုင်ယာလန် လူမျိုးတို့သည် အင်္ဂလန်နိုင်ငံမှ ခွဲထွက်ရန် IRA အဖွဲ့ကို တည်ထောင်ပြီး (၁၉၈၀) နှစ်ပိုင်းများတွင် အင်္ဂလန်မြို့ ဒေါင်းနင်းလမ်းက ၀န်ကြီးချုပ် ရုံးကို လက်နက်ကြီးဖြင့် ပစ်ခတ်တ်ိုက်မှု ဖြစ်သည် အထိ ကြီးကျယ် ခဲ့ပါသည်။ ဤသို့ကြောင့် ခွဲထွက် လိုသော အိုင်ယာလန်နှင့် ခွဲထွက်ခွင့် မပေးလိုသော အင်္ဂလန် အစိုးရကြား အနှစ်(၂၀) ကျော် တိုက်ခိုက်ကြခြင်း ဖြစ်ပါသည်။ ဤပဋိပက္ခကို အိုင်ယာလန် (Intermediate) များက ကြားဝင်ပြီး ကူညီ ဖြေရှင်း ပေးခဲ့ပါသည်။

နောက်ဆုံး၌ အင်္ဂလန်နိုင်ငံမှ ခေါင်းဆောင်များသည် မြောက်အိုင်ယာလန်ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် အဖြစ် ပေးခဲ့ပါသည်။ ယင်းတို့ကြောင့် အိုင်ယာလန်လူမျိုး တို့သည် အင်္ဂလန်နိုင်ငံသားများ ဖြစ်ကြပြီး အိုင်ယာလန်ပြည်နယ်တွင် နေထိုင်ကြသည့် လူမျိုး တစ်မျိုး အဆင့်သို့ ရောက်ရှိ လာခဲ့ကြောင်း အင်တာမီဒီယိတ် အဖွဲ့က ပြောကြား ခဲ့ပါသည်။

Most read this week