အစိုးရ ကိုယ်စားလှယ် များနှင့်တွေ့ဆုံ ဆွေးနွေးသည့်အခါ ကရင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းရန် အတွက် ကရင်ငြိမ်းချမ်းရေး အဖွဲ့များ ကရင် ပြည်နယ် ကော့ကရိတ်မြို့၌ ယမာန် နေ့တွင် တိုင်ပင် ဆွေးနွေးခဲ့ ကြသည်ဟု ကရင်ငြိမ်းချမ်းရေးကောင်စီမှ ပြောခွင့်ရသူ တီမိုသီက ဆိုပါသည်။

ဗိုလ်မှူးချုပ် မိုရှေး DKBA နှင့် ဗိုလ်မှူးကြီးအောင်လွင် နယ်စပ်ရေးရာ ပြည်နယ်ဝန်ကြီးတို့ အပစ်အခတ် ရပ်စဲစဉ် ဗိုလ်မှူးချုပ် မိုရှေး DKBA နှင့် ဗိုလ်မှူးကြီးအောင်လွင် နယ်စပ်ရေးရာ ပြည်နယ်ဝန်ကြီးတို့ အပစ်အခတ် ရပ်စဲစဉ် (ဓါတ်ပုံ DKBA)
“ ငြိမ်းချမ်းရေး ကိစ္စကို ဖေါ်ဆောင်တော့မယ် ဆိုရင် စစ်တပ်က ၀င်မပါပါနဲ့။ ၀င်မရှုပ်ပါနဲ့။ စစ်တပ်ဟာ အစိုးရ ယန္တယား တခုပါ။ ရဲတို့လိုပေါ့။ အခု ကရင်ပြည်နယ် ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ စစ်တပ်က ၀င်ရှုပ်လို့ ဖြစ်တဲ့ ကိစ္စတွေချည်း ပါဘဲ။” ဟု ဆိုပါသည်။
ယင်းဆွေးနွေး ပွဲတွင် ဗိုလ်မှူးကြီး ကျော်သက်နှင့် ဗိုလ်မှူးကြီး ဆန်းအောင်တို့ ဦးဆောင်သော ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် ( DKBA)နှင့် ဗိုလ်မှူးကြီး တိုက်ဂါး ဦးဆောင်သော ကရင် ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ တို့ကသာ ပါ၀င်ကြပြီး အပစ်အခတ် ရပ်စဲ ထားသော အဖွဲ့ များလည်း ဖြစ်ပါသည်။
ဤဆွေးနွေးပွဲသည် ပြီးခဲ့သည့် ဧပြီလ (၂၇) ရက်နေ့က ဖြစ်ပွား ခဲ့သော DKBA နှင့် အစိုးရ နယ်ခြားစောင့် BGF တို့၏ လက်နက်ကိုင် ပဋိပက္ခကို အစိုးရ ကိုယ်စားလှယ် များနှင့် ဖြေရှင်းသည့် အခါ လိုအပ်ချက်များတင်ပြနိုင် ရန် ညှိနှိုင်းကြသော ဆွေးနွေးပွဲ ဖြစ်ပါသည်။
အစိုးရ တပ်များသည်၊ ငြိမ်းချမ်းရေး ကိစ္စ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စများကို အကြောင်းပြပြီး၊ လမ်းဖေါက် လုပ်ခြင်း။ လမ်းဖေါက်လုပ် ရာတွင်လည်း - စစ်ရေး အရ အရေးကြီးသော နေရာတွင် ဖေါက်လုပ်ခြင်း၊ လမ်းကြောင်း၌ စစ်တပ်ဂိတ် တိုးချဲ ့ ချထားခြင်းများ ပြုလုပ် လာပါသည်။
BGF တပ်များအား အရင် ရှေ့တိုး ခိုင်းပြီး နေရာယူခြင်း၊ စစ်တပ်မှ လယ်မြေ သိမ်းပိုက်ခြင်း၊ ခရီးသွား ပြည်သူများကို စိုးရိမ် ထိပ်လန့် စေရန် ခြိမ်းခြောက်ခြင်း၊ ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့ များ၏ သွားလာမှုကို ကန့်သတ် လာခြင်း၊ တွေ့ရှိပါက လက်နက် သိမ်းခြင်းများ ပြုလုပ် လာခဲ့ကြောင်း ဆိုပါသည်။
BGF အား စီးပွားရေး အခွင့်ထူးများကို အကောင်အထည် ဖေါ်စေခြင်းအားဖြင့် DKBA နှင့် အခြား ကရင် ငြိမ်းချမ်းရေး အဖွဲ့များနှင့် ထိပ်တိုက် ဖြစ်လာစေရန် တမင် ဖန်တီး ထားခြင်းကို ရှောင်ရှားရန် တောင်းဆို သွားမည်ဟု ဆိုပါသည်။
ကရင်ပြည်နယ် ငြိမ်းချမ်းရေးသည် ကရင် ငြိမ်းချမ်းရေး အဖွဲ့များတွင်လည်း တာဝန် ရှိကြောင်း၊ လူထု လုံခြုံရေးနှင့် စီးပွားရေးအရ လည်းကောင်း၊ သွားလာရေး အရ လည်းကောင်း လွတ်လပ်စွာ ရှိသင့်သည်ဟု ဆိုပါသည်။ ဤအချက်များကို အစိုးရ ဖက်မှ လိုလား နေသော်လည်း အစိုးရ တပ်ပိုင်း ဆိုင်ရာ များက ဖေါက်ဖျက် နေသည်ဟု ထောက်ပြ ကြပါသည်။
ဤအခြေအနေ များကြောင့် ပြီးခဲ့သည့် ဧပြီလ (၂၇) ရက်နေ့တွင် DKBA နှင့် BGF တပ်များ (၃) ရက်ကြာ တိုက်ခိုက် ခဲ့ကြပါသည်။ တိုက်ခိုက်မှု ဖြစ်ပွား လာသည့် တချိန်ထဲတွင် အစိုးရ တပ်များသည် မြိုင်ကြီးငူ ဒေသရှိ မယ်ပမှ DKBA တပ်များ ဆုတ်ခွာ ပေးရန် ရာဇသံ ပေးခဲ့သည် အထိ ဖြစ်ပွား ခဲ့ပါသည်။
ဤပြသနာကို ဖြေရှင်းရန် နိုင်ငံတော် လုံခြုံရေး ၀န်ကြီး ဦးအောင်မင်းတို့ အဖွဲ့ ကရင် ပြည်နယ်သို့ လာရောက် ရန် ရှိသည်ဟု ၄င်းတို့နှင့် ဆွေးနွေး ခဲ့သည့် DKBA မှ ဗိုလ်မှူး မောင်လေးက ဆိုပါသည်။
ဤသို့ကြောင့် ပြသနာ ပြေလည်စေရန် တကယ် ဖြစ်ပေါ်နေသော အစိုးရ စစ်တပ်၏ ပြုမူဆောင်ရွက် နေပုံများကို တင်ပြရန် ဆွေးနွေး ခဲ့ကြပါသည်။ ငြိမ်းချမ်းရေးသည် အစိုးရ အပေါ်၌သာ မူတည်ကြောင်း၊ အပစ်အခတ် ရပ်စဲထား သော်လည်း သီးသန့် နယ်မြေ သတ်မှတ်ချက် မထားဘဲ လိုအပ်သော နိုင်ငံရေး စစ်ရေး အမြတ် ထွက်ရန် အတွက် နည်းလမ်း အမျိုးမျိုး သုံးပြီး စီစဉ်လုပ်ဆောင် နေခြင်းသာ ဖြစ်ကြောင်း ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့များက ထောက်ပြကြပါသည်။



