ဘီလူးချောင်းရေ ကျန်းမာရေး ထိခိုက်နိုင်၍ ထီးစဲခါးမှ ရေသွယ်နိုင်ရန် လွှတ်တော်တွင် တင်ပြမည်

ဘီလူးချောင်းရေ ကျန်းမာရေး ထိခိုက်နိုင်၍ ထီးစဲခါးမှ ရေသွယ်နိုင်ရန် လွှတ်တော်တွင် တင်ပြမည်
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဒေသခံများ သောက်သုံးနေသည့် ဘီလူးချောင်းရေဟာ ရေရှည်မှာ ကျန်းမာရေးအတွက် ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ဆိုပြီး ထီးစဲခန်းမှ ရေသွယ်ယူနိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်မှာ အဆိုတင်သွင်းဖို့ အစီအစဉ်ရှိကြောင်း ကယားပြည်နယ် ရှားတော မဲဆန္ဒနယ် (၇) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးရယ်က ပြောပါတယ်။

အင်လေးဒေသတွင် စိုက်ပျိုးရေးလုပ်ငန်း အသုံးပြုတဲ့ ဓါတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေမှာ ဓာတု ဆေးပစ္စည်းတွေ များလာတယ်ဆိုတဲ့အတွက်ကြောင့် အင်းလေးကန်မှ ရေကညစ်ညမ်းလာတယ်လို့ ပြောပါတယ်။  

လွိုင်ကော်မြို့တနေရာ၌ စီးဆင်းဖြတ်သွားနေသော ဘီလူးချောင်း (ဓါတ်ပုံ-ကေတီ)

ဦးဌေးရယ်က "ရှင်းရှင်းပြောရရင် ဘီလူးချောင်းရေက တော်တော် များများကျေးရွာတွေက ဒီဘီလူးချောင်း ကရေကိုဘဲ အားကိုးနေရတာလေး ဘီလူးချောင်းရေက အင်းထဲမှာက ပိုးသတ်ဆေးတို့နဲ့ စိုက်ပျိုးရေး ထဲမှာလုပ်သွားတဲ့ အခါကျတော့ ရေကညစ် ညမ်းမှု ဖြစ်နေပြီပေါ့။ အဆိပ်သင့်တာ မရှိသေးပေမယ့်လို့ ဒီဟာရဲ့ နောက်ဆက်သွယ်မှာ ကင်ဆာသဘောမျိုး ဖြစ်လာတယ်ဆိုပြီးတော့ အဲဒါမျိုးရှိတယ်လေး။ ဒီထက်ကောင်းတဲ့ သောက်သုံးရေကို ထီးစဲခန်းဘက်ကရေကို ယူချင်တယ်ဆိုတဲ့အဆိုကိုတင်ဖို့ ရှိပါတယ်။ နောက်တကြိမ်အစည်း အဝေးမှာပဲတင်မယ်" လို့ ပြောပါတယ်။    

၎င်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ အင်းလေးကန်က မိုးဗြဲဆည်နဲ့တဆက်တည်းဖြစ်ပြီး ကယားပြည်နယ် ဘီးလူးချောင်းအတွင်း စီးဆင်းသွားတာဖြစ်ပါတယ်။

လွိုင်ကော်မြို့နယ်အတွင်းတွင် အများအားဖြင့် ၎င်းဘီလူးချောင်းရေကို အသုံးပြုကြတာဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွင် ပါဝင်တဲ့ ဓာတုပစ္စည်းတွေ အသုံးပြုတာတွေ များလာရင် အယ်လကာလီ ပါဝင်မှုကို ဖော်ပြတဲ့အတိုင်းအတာ ပီအိပ်ချ် (Level က ပိုမိုမြင့်တက်လာပြီးတော့ ရေကိုသောက်သုံးမရနိုင်တော့တဲ့ အဆင့်ထိ ဖြစ်လာနိုင်ပါတယ်လို့ ကရင်နီနယ်လှည့် ကျန်းမာရေး လုပ်သားတဦးက ပြောပါတယ်။

"ရေမသန့်တာလို့ခေါ်တာပေါ့။ သောက်သုံးရေဆိုရင် အသုံးပြုတဲ့ pH  level တခုက  ၆.၀ ဝန်းကျင်ပဲရှိရမယ်။ ဒီထက်များသွားရင် အက်ဆစ်များသွားတယ်။ ရေထဲမှာ အဲဒီအညစ်အကြေးတွေနဲ့အတူ အက်ဆစ်ပါဝင်မှုများ လာတာပေါ့၊ အက်ဆစ်အရမ်းလွန်ကဲရင်တော့ အဆိပ်အတောက်ဖြစ်တယ်။ အသဲတို့ကျောက်ကပ်တို့ ပျက်ဆီးနိုင်တယ်။" လို့ ပြောပါတယ်။

Most read this week