ကယား(ကရင်နီ)ပြည်နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက် စီမံကိန်း ရေးဆွဲနိုင်ရန် အမှန်တကယ် လိုအပ်သည့် ဒေသ များအတွက် သတင်းအချက်အလက်များကို EU မှ လာရောက် လေ့လာဆန်းစစ်မှု ပြုလုပ်သွားတယ်လို့ Senior Program Advisor, Mercy Corps အဖွဲ့မှ ဦးသိန်းဇော်က ပြောပါတယ်။
"ရလာတဲ့ သတင်းအချက်အလက်တွေကနေ နှောင်အနာဂတ် ကယားပြည်နယ် ဖွံ့ဖြိုးရေးစီမံကိန်းကို ဘယ်လိုဒီဇိုင်းလုပ်လို့ ရမလဲဆိုတာကို သိအောင်လုပ်တာပဲ။ အစပေါ့ Social Economic Analysis လို့ခေါ်တဲ့ လူမှုစီးပွားရေး လေ့လာဆန်းစစ်ချက်အတွက်် ပဏာမ ဆွေးနွေးတယ်။ မြို့နယ် ရ မြို့နယ်လုံးကို လေ့လာဆန်းစစ်ချက် လုပ်မယ်။ အဲဒီရလဒ်ပေါ်ကနေ အခြေခံပြီး ဖွံ့ဖြိုးရေး စီမံကိန်းတွေ ရေးဆွဲပါမယ်။ ရံပုံငွေကတော့ European Union ကနေ မ တည်မှာဖြစ်ပါတယ်"
လက်ရှိကယားပြည်နယ်မှာ ဒေသဖွံ့ဖြိုးမှုတွေ လုပ်ဆောင်ဖို့ နေရာတော်တော်များများ လိုအပ်နေသေး တာကြောင့် EU ကနေ ယခုလို လာရောက်ကူညီဖို့ ဆွေးနွေးရတာဖြစ်တယ်လို့ ကယားပြည်နယ် စီမံနှင့်စီးပွားရေးဝန်ကြီး ဦးတောရယ်က ပြောပါတယ်။
"ကယားပြည်နယ်အတွက် ဖွံ့ဖြိုးရေးက လိုအပ်နေတယ်လေး အဲဒါကြောင့် လုပ်ငန်းပြန်လုပ်ချင်တယ် အဲဒါအတွက် ဘာတွေ လိုအပ်သလဲဆိုတာတွေကို သူတို့အနေနဲ့ ပြန်လာပြီးတော့မှ ဦးစားပေး အစီအစဉ် အနေနဲ့ ဘယ်နေရာ ဘယ်ဒေသမှာ ဘာတွေ လုပ်မလဲ ဆိုတာတွေပါ အဲဒါနဲ့ပဲ အခု အလုပ်ရုံဆွေးနွေးပွဲမှာ ဆွေးနွေးကြပါတယ်။"
လုပ်ငန်းဆောင်ရွက်နိုင်ဖို့အတွက် ကယားပြည်နယ်အစိုးရအဖွဲ့၊ ဒေသခံ လူမှုအဖွဲ့အစည်းများ၊ နယ်စပ်ဒေ သမှ လူမှုအဖွဲ့အစည်းများ နှင့် INGOs များ တွေ့ဆုံပြီး အဓိကဆောင်ရွက်ရမည့် လုပ်ငန်းများကို လွိုင်ကော်မြို့၌ မတ်လ ရ ရက်နှင့် ၈ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။
အလုပ်ရုံဆွေးနွေးပွဲကို EU European ကော်မရှင်မှ Mr. Luca Pierantoni နှင့် Olivier Maes ကနေဦးဆောင် ကျင်းပသွားတာဖြစ်ပါတယ်။
ACF, AVSI, CARE, Mercy Corps နှင့် မေတ္တာ အဖွဲ့ ၅ ဖွဲ့ရဲ့ လေ့လာဆန်းစစ်ချက် များကို EU ကနေ အဓိက စာရင်းပြုလုပ်သွားမှာ ဖြစ်ပြီး တခြား UN အဖွဲ့အစည်းတွေ ပြည်တွင်းပြည်ပရှိ ဒေသခံလူမှုအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားတယ်လို့ သိရပါတယ်။
ကယားပြည်နယ် မြို့နယ် ရ မြို့နယ်အတွင်းရှိ ရွေ့ပြောင်းကျေးရွာများနှင့် ကျေးလက်ရွာတွေမှာ လိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေး၊ ရေရရှိရေး၊ အသက်မွေးဝမ်းကြောင်းအပြင် တခြားအရေး ကြီးတဲ့ အချက်တွေကိုပါ ကူညီသွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။



