ကုလအထူး ကိုယ်စားလှယ် မြစ်ကြီးနားသို့ ရောက်ရှိ

ကုလအထူး ကိုယ်စားလှယ် မြစ်ကြီးနားသို့ ရောက်ရှိ
by -
ရွှေဟင်္သာ

ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဗီးယားသည် ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းနှင့် ဦးခင်ရီတို့ လိုက်ပါလျှက် ယနေ့ မနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့သလို ဂျန်မိုင်ကောင်းနှစ်ခြင်း အသင်းတော်မှ ကူညီပံ့ပိုးထားသော ဒုက္ခသည်စခန်းသို့ သွားရောက်ကြည့်ရှုခဲ့သည်။

“ကချင် ဒုက္ခသည်တွေဟာ အရင်က ခက်ခက်ခဲခဲ၊ အကြပ်အတည်းအမျိုးမျိုးနဲ့ နေခဲ့ရတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ မကြာခင် ငြိမ်းချမ်းလာတော့မှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ မနေ့က ရွှေလီမှာ ကျင်းပတဲ့ ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေး အတွက် အမှန်တကယ် ရရှိလာမဲ့ လမ်းစဖြစ်လို့ ၀မ်းသာပါကြောင်း” ပြောကြားခဲ့သည်ဟု သိရသည်။

VJ tript

ယခု ခရီးစဉ်သည် ၎င်း၏ ပထမဦးဆုံး ကချင်ပြည်နယ် ခရီးစဉ်ဖြစ်ပြီး မြစ်ကြီးနားမြို့ရှိ ဂျန်မိုင်ကောင်း နှစ်ခြင်း အသင်းတော် ဒုက္ခသည်စခန်း၊ ၀ိုင်းမော်သာဂရ ဘုန်းကြီးကျောင်း စခန်း နှင့် မိုင်းနားကက်သလစ် အသင်းတော် စခန်းတို့ကို သွားရောက် ခဲ့သည်။

ယခုခရီးစဉ်အတွင်း မြစ်ကြီးနား လူထုများနှင့် ညနေပိုင်းတွင် မြစ်ကြီးနားမြို့တော်ခန်းမတွင် တွေ့ဆုံခဲ့ပြီး မွန်းလွှဲ ၂ နာရီ လေယာဉ်ဖြင့် မြစ်ကြီးနားမှ ပြန်လည် ထွက်ခွာခဲ့သည်။

Most read this week