လူကုန်ကူးမှု လူထုဟောပြောပွဲ ပထမဆုံးအကြိမ် ကျင်းပ

လူကုန်ကူးမှု လူထုဟောပြောပွဲ ပထမဆုံးအကြိမ် ကျင်းပ
by -
ကန္တာရဝတီတိုင်း(မ်)

လူကုန်ကူးမှု ကာကွယ်တားဆီးရေး လူထုဟောပြောပွဲကို ကရင်နီပြည်နယ် လွိုင်ကော်မြို့ရှိ မြိုတော်ခန်းမတွင် ပထမဆုံးအကြိမ် အခမ်းအနားကျင်းပပြုလုပ် သွားပါတယ်။

လူကုန်ကူးမူ တားဆီးရေးအတွက် အခမ်းအနား(၁) (ဓါတ်ပုံ-ကေတီ)
လူကုန်ကူးမှုဥပဒေကို ထုတ်ပြန်သည့်နေ့ စက်တင်ဘာ ၁၃ ရက်နေ့ဟာ (၇) နှစ်ပြည့်ပြီ ဖြစ်တဲ့ အထိမ်းအမှတ် အနေနဲ့ လူကုန်ကူးမူ ကာကွယ် တားဆီးရေးအဖွဲ့ နှင့် World Vision တို့မှ ပူပေါင်းကာ ယခုလို ကျင်းပရခြင်းဖြစ်ပါတယ်။

world vision မန်နေဂျာတာဝန်ခံတစ်ဦးဖြစ်တဲ့ ရုပတာမောင်က "မြန်မာနိုင်ငံအနေနဲ့ အမျိုးသား တာဝန်တခုအနေဖြင့် သတ်မှတ်ပြီး အခုလိုကာကွယ် တားဆီးမူကို ပြုလုပ် ရတာ ဖြစ်ပါတယ် လူကုန်ကူးခံရသူများရဲ့ ၈၄ ရာခိုင်းနုန်းလောက်ဟာအမျိုးသမီးများနဲ့ ကလေးတွေ ဖြစ်ကြပါတယ်" လို့ အဖွင့်မိန့်ခွန်းမှာ ပြောကြာသွားပါတယ်။

ကမ္ဘာ့လူဦးရေ ၉ သန်းလောက်ဟာ လူကုန်ကူးမူကိုခံရပြီး ၅၄ ရာခိုင်နုန်းလောက်ဟာအရှေ့တောင် အာရှ နိုင်ငံတွေမှာကဖြစ်ပြီး အထူသဖြင့် မဲခေါင်မြစ်ဝိုင်းဒေသမှာရှိတဲ့ နိုင်ငံတွေကပိုဖြစ်များတာ တွေ့ရပါတယ်လို့ ဆက်ပြောပါတယ်။

၂၀၁၀ ဇွန်လိုင်လ ၃၀ ရက်နေ့ မှ ၂၀၁၂ အောင်တိုဘာလ ၃၁ ရက်နေ့ထိ အမှုပေါင်း ရ၈၆ မှုရှိပြီး တရားခံစုစုပေါင်း ၁၆၆၈ ဦးရှိတယ်လို့ သိရပါတယ်။

လက်ရှိထောင်ဒဏ်အပြင် တစ်သတက်တကျွန်းအဖြစ် အပြစ်ပေးခံနေရတဲ့သူမှာ ၆၇၂ ဦးရှိပြီး လူကုန်ကူးမှုမှ လွှတ်မြောက်လာသူတွေမှာ စုစုပေါင်း ၃၈၇၅ ဦးရှိတယ်လို့ သိရပါတယ်။