KIA ၏ စစ်ရေးလှုပ်ရှားမှုများ အစိုးရ၏ နောက်တန်း စခန်းဖက် ဦးတည်လာ

KIA ၏ စစ်ရေးလှုပ်ရှားမှုများ အစိုးရ၏ နောက်တန်း စခန်းဖက် ဦးတည်လာ
by -
ရွှေဟင်္သာ

ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (KIA) သည် အစိုးရ၏ နောက်တန်း စခန်းဖက်ကို ပိုမို စစ်ဆင်လာနေ သည်ဟု KIA တပ်မှူးတဦး ကပြော ပါသည်။

Kachin
ယမန်နေ့၌ တိုက်ပွဲ (၅) ကြိမ် ဖြစ်ပွားခဲ့ရာတွင် အများစုသည် လိုင်ဇာစစ်ဌာနချုပ် နှင့်ဝေးသော အစိုးရ၏ ှရှေ့တန်းတပ်ဖွဲ့၏ ထောက်ပို့လမ်းကြောင်း နေရာများ၌ ဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲသည် ကေအိုင်အေ တပ်မဟာ (၂) မှ တပ်ရင်း (၅) တပ်ဖွဲ့ သည် မိုညင်းခရိုင် မြို့လှမြို့နယ်ခွဲ ပန်ခေါန်ယန်ရွာတွင် အစိုးရခလရ ၂၇၄ တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရဘက်မှ (၄) ဦးကျပြီး (၁၀) ဦးကျော်ထိခိုက် ခဲ့သည်ဟု KIA ဖက်ကဆိုပါသည်။

KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၅) သည် ခလရ ၁၂၁ တပ်ဖွဲ့နှင့်  ဖုတ်တုန်းယန်းမြို့နယ်ခွဲ မြို့သစ်အထက် ငါးကြုံနာင်း အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

KIA တပ်ရင်း (၆) ဖါကန့်ဒေသ ဂွေခါ (ကျောက်စိန်) အနီး၌ အနောက်တောင်တိုင်းတပ်ဖွဲ့မှ ခမရ (၁၆) နှင့် အရှေ့မြောက် တိုင်းမှ ခလရ (၂၇၂) တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

“ မနေ့က တိုက်ပွဲ (၅) ကြိမ်ရှိတယ် ခင်ဗျ။ တပ်မဟာ (၅) ဒေသ ခမရ (၃၈၄) (၃၈၉) စစ်ကြောင်းတွေနဲ့ ကျနော်တို့ လှုပ်ရှားတပ်တွေနဲ့ (၂၅၄) အဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ် မနေ့ကမြစ်ကြီးနား ဗန်မော်လမ်း မနိယမ်း အနီအနား တဝိုက်မှာ ဖြစ်တယ်။” ဟု တပ်မှူးတဦးက ဆိုပါသည်။

ထို့အပြင် ယမန်နေ့၌တွင်ပင် ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ တပ်မဟာ (၂) မှ တပ်ရင်း (၁၁) တို့သည်။ ခလရ ၃၇ တပ်ဖွဲ့နှင့် မြစ်ကြီးနားမြို့နယ် နယ်ဖျား တွင်လည်းကောင်း ဧရာဝတီမြစ် အနောက်ဖက်ခြမ်းတွင် လည်းကောင်း ဖြစ်ပွားခဲ့ပါသည်။ 

KIA တပ်မဟာ (၄) မှ တပ်ရင်း (၃၄) တပ်ဖွဲ့တို့သည် အစိုးရတပ်ရင်း အမည်မသိရ သေးသော တပ်ဖွဲ့နှင့်  နမ်းတူမြို့နယ်အတွင်း ရှိမုလုံနဲ့ လွယ်ဇာ အဲဒီရွာ အနားတဝိုက် အနီးတဝိုက်၌ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

အလားတူ တပ်မဟာ (၅) မှ တပ်ဖွဲ့တချို့နှင့် ခလရ ၁၀၅ တပ်ရင်း တို့သည်၊ ဗန်မော်မြို့နယ်ရှိ ဒူပေါင်ဘုံကျေးရွာ ၌ တိုက်ပွဲ ဖြစ်ခဲ့ပါသည်။

အစိုးရစစ်ကြောင်းများမှာမူ KIA ဌာနချုပ်ဖက်၌ နေ့စဉ်တိုက်ပွဲများ ဖေါ်ဆောင် နေခဲ့ပါသည်။ သို့သော်ရှေ့တိုးလာ ခြင်းမရှိ သေးဟု KIA တပ်မှူးတဦး ကဆိုပါသည်။ KIA သည် အစိုးရရှေ့တန်းထိုး စစ်များ လျှော့ပါး လာစေရန် ရည်ရွယ်သည့်အ နေနှင့် အစိုးရ၏ ထောက်ပို့လမ်း ကြောင်းများ၌ တိုက်ပွဲများ ပိုမိုဆင်နွဲလာနေသည်ဟု ဝေဖန်သူများက သုံးသပ်နေပါသည်။

Most read this week