ချင်းပြည်နယ်တွင် မော်တော်ဆိုင်ကယ် လိုင်စင်ထုတ်ပေးနေ

ချင်းပြည်နယ်တွင် မော်တော်ဆိုင်ကယ် လိုင်စင်ထုတ်ပေးနေ
by -
ခိုနူမ်းထုန်

မြန်မာနိုင်ငံ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို ့တွင် ကုန်းလမ်းပို ့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာန မှ မော်တော်ဆိုင်ကယ်ပိုင်ရှင်များကို ဇူလိုင်လ (၂၃)ရက်နေ ့မှစ၍ လိုင်စင် ထုတ်ပေးနေ ကြောင်း သိရသည်။

ချင်းပြည်နယ်မြို ့တော် ဟားခါးမြို ့ ကုန်းလမ်းပို ့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာန ဦးအောင်သန်း ဦးဆောင်သည့်အဖွဲ ့သည် ချင်းပြည်နယ် မတူပီမြို ့ရှိ မော်တော် ဆိုင်ကယ်ပိုင်ရှင် များအတွက် လိုင်စင် ထုတ်ပေးလျက်ရှိသည်။

မတူပီမြို ့ ဘုံတလာခန်းမဆောင်တွင် ပြုလုပ်နေသည့် မော်တော်ဆိုင်ကယ်လိုင်စင် လုပ်ပေး သည့် အစီအစဉ်ကို ဦးအောင်သန်းက ဦးဆောင်ပြီး ဦးရွှေလျန် မတူပီ ဘဏ်ဌာန၊ ဦးရန်နိုင်ထွန်း အကောက် ခွန်ဌာန၊ ဦးဝင်းကြိုင် အခွန်ဦးစီးဌာန၊ ဒေါ် ဇိုင်မှိန်ထန်း မြန်မာ့ အမခံလုပ်ငန်း (ချင်းပြည်နယ်)နှင့် ဦးရာမ်ဇေါအထွေထွေအုပ်ချုပ်ရေး မှူးရုံး တို ့ပါ၀င်ကြောင်း သိရသည်။

တရုတ်ထုတ် ၁၁၀ စီစီရှိ မော်တော်ဆိုင်ကယ်တစီးအတွက် လိုင်စင်ခ ကျပ်ငွေ- ၅၆၈၂၅/- နှင့် ၁၂၅ စီစီရှိသည့် မော် တော်ဆိုင်ကယ်အတွက် ကျပ်ငွေ- ၅၉၉၀၀/- ဖြင့်လုပ်ပေးလျှက်ရှိကြောင်း သိရသည်။

“အခုလုပ်ပေးတဲ့ လိုင်စင်ခက ဟားခါး၊ မင်းတပ်၊ မတူပီမှာ လုပ်တာအတူတူပဲ၊ သူတို ့အခု လုပ်နေကြ တဲ့လူကြီးတွေဟာ မင်းတပ်ဘက်ကနေလာကြတာ” ဟုဒေသခံတဦးကဆိုသည်။

မတူပီတွင် တရုတ်နိုင်ငံကထုတ်လုပ်သည့် မော်တော်ဆိုင်ကယ် ၁၀၀၀ ခန် ့ရှိမည်ဖြစ်ကြောင်း၊ ဆိုင်ကယ် အမျိုးအစားအလိုက် တစီးကို ကျပ်ငွေ ၅ သိန်းမှ ရသိန်းအထိပေးကာ ၀ယ် ယူနေကြ ကြောင်း သိရသည်။

ချင်းပြည်နယ်တွင် တရားဝင် သတ်မှတ်ခဲ့သည့် မော်တော်ဆိုင်ကယ် လိုင်စင်စျေးနှုန်း (၁၉၉၁ မှ ၂၀၁၁ခုနှစ်အထိ)

စဉ် ထုတ်လုပ်ခုနှစ် ၁၁၀ စီစီ ၁၂၅ စီစီ
၁။ ၁၉၉၁-၂၀၀၀ ၃၅၃၀၀ ကျပ် ၃၇၃၅၀ ကျပ်
၂။ ၂၀၀၀ – ၂၀၀၅ ၄၀၄၅၀ ကျပ် ၄၂၄၇၅ ကျပ်
၃။ ၂၀၀၆ – ၂၀၁၀ ၄၉၆၅၀ ကျပ် ၅၄၇၇၅ ကျပ်
၄။ ၂၀၁၁ – အထက် ၅၆၈၂၅ ကျပ် ၅၉၉၀၀ ကျပ်