ယမန်နေ့၌ ကျင်းပ ပြီးစီးခဲ့သော ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ဦးဆောင်သည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အစည်းအဝေးသည်၊ KIA အား စစ်ဆင်ရေး တိုးမြုင့်ရန် ကျင်းပသည့် အစည်းအဝေးဖြစ်သည်ဟု KIO ပြောရေး ဆိုခွင့်ရှိသူ ဆလန်ကဘာလနန်းခေါ် ဦးလာနန်း က ပြောပါသည်။
“အဲဒီ အစည်းအဝေးက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ကျင်းပခဲ့တယ်။ ဒေသ စစ်ဗျူဟာမှူးတွေလည်း ခေါ်ထားတယ်။ အဲဒီ အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီး စိုးဝင်းက ကချင် ဒေသကို ထိုးစစ်မြှင့်တင်ဖို့ ညွှန်ကြား ခဲ့တယ်လို့ ကျနော်တို့ကြားရတယ်။ ဒီနေ့ မှာလည်း တိုင်းမှူးကနေ ဗျူဟာမှူးတွေကို အဆင့်ဆင့် ဆက်လက် ညွှန်ကြားနေတယ်လို့ ထပ်သိရတယ်။ သူတို့က ကျနော် တို့ ဗဟိုဌာနချုပ်အနီးတဝိုက်မှာလည်း တပ်ဖွဲ့တွေ တိုးချဲ့ချထားတာ တွေ့ရပါတယ်။ ကျနော်တို့က အဲဒါတွေကိုကြည့်ပြီး တော့ စစ်ဆင်ရေးတွေ တိုးမြှင့်လာ နိုင်ဖွယ်ရှိတယ် လို့ ခန့်မှန်းတာပါ” ဟုဆိုပါသည်။
သို့သော်လည်း သုံးသပ်သူများကမူ အစိုးရသည် ကချင် ဒုက္ခသည်များနှင့် ရခိုင်ဒုက္ခသည်များ၏ အခြေအနေကို ကြည့်ရှု လေ့လာရန် မြန် မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) အား ဖိတ်ကြား ထားပါသည်။ သူသည် လာမည့် ဇူလိုင်လ (၃၀) ရက်မှ သြဂုတ်လ (၄) ရက်နေ့အ ထိ ကချင် ပြည်နယ်သို့ လာရောက်ရန်ရှိပါသည်။ ဤသို့ကြောင့် ဗိုလ်ချုပ်ကြီးစိုးဝင်း၏ ထိုအစည်းအဝေး သည်၊ မစ္စတာ ကင်တားနား ခရီးစဉ်အတွက် လိုအပ်သည်များကို ညွှန်ကြားသည့် အစည်းအဝေးလည်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး အကဲခတ်များကသုံး သပ်ပါသည်။
အစိုးရ တပ်ဖွဲ့သည်၊ နည်းဗျူဟာ အသစ်ဖြင့် တိုးမြှင့်ထားသော ကချင်ဒေသ စစ်ဆင်ရေးကို ချက်ချင်း ရပ်တန့်နိုင်သလို KIA က အဆိုပြုထားသော ရွှေလီတွေ့ဆုံပွဲ အစီစဉ်ကိုလည်း သူတို့ လက်ခံကြောင်း ပြသနိုင်ဖွယ်ရှိပါသည်။ သို့မှသာ အစိုးရသည် တကယ့်ငြိမ်းချမ်းရေးကို သူတို့လိုလားနေကြောင်း ကုလသမဂ္ဂ အရာရှိအား ပြသဖွယ်ရှိပါသည်။
Kachin_030076yထို့အပြင် UNHCR အစီစဉ်ဖြင့် ကချင် ဒုက္ခသည်များကို အကူအညီ ပေးရန်ရှိနေပါသည်။ ဤသို့ကြောင့် အစိုးရမှ စီစဉ်သော မစ္စတာကင်တာ နား၏ခရီးစဉ်နှင့် UNHCR ၏ ထောက်ပံ့ရေး အစီစဉ်အတွက် ဗိုလ်ချုပ်ကြီးစိုးဝင်းသည် လိုအပ်သော အစီစဉ်များ ဆောင်ရွက်နိုင်ရန် ထိုအစည်းအဝေး ကျင်းပပြီး ညွှန်ကြားခဲ့ဖွယ် ရှိသည်ဟု ခန့်မှန်း နေကြပါသည်။
ကချင် ဒုက္ခသည်များကို ကူညီရန် အမေရိကန်က ဒေါ်လာ (၃) သန်း ပေးခဲ့ပါသည်။ ဤကဲ့သို့ ကချင်ဒုက္ခသည် အရေး၌ အမေရိကန်နိုင်ငံက ပါ၀င်လာသည့် အတွက် အစိုးရသည် အမေရိကန် အရေးထက် UN အရေး ကိစ္စဖြစ်လာစေရန်ရည် ရွယ်ပုံရပါ သည်။
အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အရေးကို ပြည်တွင်းရေးသာဖြစ်ပြီး အပစ်အခတ် ရပ်စဲသော နည်း လမ်းဖြင့်ဖြေ ရှင်းနိုင်လိမ့်မည်ဟု နိုင်ငံတကာကို ကြွေးကြော်လေ့ရှိပါသည်။ သို့သော် တကယ့်ပြသနာမှာ အစိုးရသည် တိုင်း သား လက်နက်ကိုင် အဖွဲ့များ အပေါ် နည်း အမျိုးမျိုးဖြင့် လှည့်စားပြီး အသုံးချနေခြင်းသာ ဖြစ်သည်ဟု တိုင်းရင်းသား အဖွဲ့့များ ဖက်မှရှုမြင်လာပါသည်။ ဤသို့ ကြောင့် တိုင်းရင်သား အဖွဲ့များသည် မြန်မာနိုင်ငံ၌ တကယ့်ငြိမ်းချမ်းရေးကို ရရှိရန်မှာ UN သို့မဟုတ် နိုင်ငံတကာ အဖွဲ့အစည်းများ ပါ၀င်လာမှသာ ပြီးပြည့်စုံတော့မည်ဟု ခံယူလာခဲ့ပါသည်။



