စွန့်ပစ်များမှ စက်ရုံလိုအပ်မည့် စွမ်းအားထက်ဝက် ပြန်သုံးနိုင်မည်

စွန့်ပစ်များမှ စက်ရုံလိုအပ်မည့် စွမ်းအားထက်ဝက် ပြန်သုံးနိုင်မည်
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်ကော်မြို့အနီး တည်ဆောက်မည့် ဘိလပ်မြေစက်ရုံမှာ လေထုညစ်ညမ်းမှု မရှိစေရန်  စွန့်ပစ်ပစ္စည်းမှ လျှပ်စစ်ဓါတ်အား ပြန်လည်ထုတ်လုပ်နိုင်မည့် နည်းပညာဖြင့် တည်ဆောက်မည်လို့ Square Power ကုမ္မဏီမှ ဒါရိုက်တာ ဦးသက်မောင်ဦးက ပြောပါတယ်။

Square Power ကုမ္မဏီမှ ဒါရိုက်တာ ဦးသက်မောင်ဦးကနေပြီးတော့ ဘိလပ်မြေစက်ရုံတည်ဆောက်မည့် ပုံစံကို လူထုအားရှင်းပြနေစဉ် (ဓါတ်ပုံ-ကယားလီဖု)

လျှပ်စစ်ဓါတ်အားကို ချွေတာနိုင်ဖို့နဲ့ သဘာဝပတ်ဝန်းကျင်က နောက်ဆုံးပေါ်နည်းပညာနဲ့ ထိန်းသိမ်း ထားခြင်းဖြစ်တယ် လို့ပြောပါတယ်။

“လေထဲမှာထွက်လာတဲ့အပူကိုလည်း နည်းပညာနဲ့ စွန့်ပစ်အပူကို လေထဲမှာ မလွှတ်တော့ဘဲနဲ့  ခေတ်မှီတဲ့နည်းစနစ်နဲ့ အပူကိုပြန်သုံးပြီးတော့ ဂတ်(စ်)တာဘိုင်တွေနဲ့ လျှပ်စစ်ဓါတ်အား ထုတ်ပါတယ်။ အဲဒါက စက်ရုံရဲ့ လိုအပ်တဲ့စွမ်းအားရဲ့ တဝက်ကိုပြန်ရပါ တယ်” လို့ ပြောပါတယ်။

လွိုင်ကော်မြို့ ချိကယ်ရွာမှာ ဘိလပ်မြေ စက်ရုံ တည်ဆောက်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး လူထုတွေ့ ဆုံပွဲမှာ ပြောသွားတာ ဖြစ်ပါတယ်။

ဒီစက်ရုံက နောက်ဆုံးပေါ်နည်းပညာ ဆိုပေမဲ့လည်း တနည်းအားဖြင့် ဒေသခံတွေ နေထိုင်တဲ့နေရာနဲ့ အရမ်းနီးတဲ့အတွက်ကြောင့် ပြည်နယ်အစိုးရကနေပြီး ပြန်လည်စဉ်းစားပေးဖို့ ၊ ဖြစ်နိုင် ရင် ရွှေ့ပြောင်းပေးဖို့ကို ထေးသမရွာက ဦးဖရေးရယ်က တောင်းဆိုထားပါတယ်။

ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစောဟူးဟူးက “အခြေခံကုန်ကြမ်း ကုန်ချော်ဖြစ်တဲ့ဘိ လပ်မြေက မရှိမဖြစ်လိုအပ်တဲ့အတွက်ကြောင့်မို့လို့ လက်ခံရခြင်းဖြစ်တယ်။ မိဘပြည်သူကို စော်ကားခြင်းမဟုတ်ပါဘူး” လို့ ပြောပါတယ်။

၎င်းတည်ဆောက်မည့် ဘိလပ်မြေစက်ရုံက မြန်မာတနိုင်ငံမှာ ဒုတိယမြောက်စက်ရုံဖြစ်ပြီး ပထမစက် ရုံမှာ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ  မြိုင်ကလေးစက်ရုံက ဖြစ်ပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်က ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကယားပြည်နယ် လွိုင်ကော်မြို့ ပါကျဲရွာမှာ တနှစ်လျှင် တန်လေးထောင်ခန့် ထုတ်လုပ်နိုင်မည့် ဘိလပ်မြေစက်ရုံတရုံ တည်ဆောက်ဖို့ ခွင့်ပေးထားတာ ဖြစ်ပါတယ်။