ပြည်တွင်း ကချင် စစ်ပြေး ဒုက္ခသည်များအား လူသားချင်း စာနာမှု အကူအညီ ပေးရမည့် နည်းလမ်းသစ်ကို UNHCR က KIO နှင့် မကြာခင်က ထိုင်းနိုင်ငံ မြို ့ကြီး တခုတွင် တွေ့ဆုံ ဆွေးနွေး ခဲ့သည်ဟု KIO အတွင်းရေးမှူး ဖြစ်သူ ဒေါက်တာ လဂျာမှ ပြောပါသည်။
![]()
“ကျွန်တော်တို့မှာ ရှိတဲ့ (IDPs) ဒုက္ခသည်တွေနဲ့ စစ်ပြေး ဒုက္ခသည် တွေရဲ့ အခြေအနေကို သူတို့က သိချင်တယ်၊ ပြီးတော့ ဘယ်လို အကူအညီ ပေးရမလဲ ဆိုတဲ့ နည်းလမ်းသစ်တွေကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့တယ်။ အဓိကကတော့ အဲဒီ ဒုက္ခသည်တွေဆီကို အကူအညီတွေ ရောက်အောင် ဘယ်လို ချဉ်းကပ်ပြီး သွားရမယ် ဆိုတာကို ဆွေးနွေးကြပါတယ်၊ Access Root ဝင်ရောက်မှု လမ်းကြောင်းကိုလည်း ဆွေးနွေးကြ ပါတယ်” ဟုဆိုပါသည်။
ဆွေးနွေးပွဲသို့ UNHCR မှ အာရှ ဖစိဖိတ်ဗျူရို ဒါရိုက်တာ Mr. Kasidis Rochanakorn၊ ဒေသန္တရ ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံ ဌာနေကိုယ် စားလှယ်တို့ ပါဝင်သည့် ကိုယ်စားလှယ် (၅) ဦးပါ အဖွဲ့နှင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပါသည်။
UNHCR သည် ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့၌ ကချင် ဒုက္ခသည်များအား မြန်မာနိုင်ငံပြည်တွင်း လမ်းကြောင်းမှတဆင့်အ ကူအညီများ ပို့ခဲ့သော်လည်း အချိန်ကြံ့ကြာသည့် အပြင် တကြိမ်ပေးပို့မှုသည် ဒုက္ခသည်များ အားလုံး၏ တစ်လစာသာ ပေးပို့နိုင်ခဲ့သည့် အ တွက် ထိရောက်မှု မရှိကြောင်း UNHCR ၏ အကူအညီပေးရေး ကော်မတီမှ ပြောပါသည်။
UNHCR သည် ဤကဲ့သို့ အစိုးရ၏ အကူအညီဖြင့် ပြည်တွင်း လမ်းကြောင်းမှ တဆင့် အကူအညီ ပေးဖို့မှုများ အဆင်မပြေခြင်းကြောင့် ယခုကဲ့ သို့ KIA ကိုယ်စားလှယ်နှင့် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်ပါသည်။ ယခုလာရောက် ဆွေးနွေးမှုမှ ရရှိသော အချက်အလက်များအား ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး UNOCHA ၊ ကုလ ပညာရေးနှင့် ကလေး သူငယ်များ ဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF ၊ ကုလ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR သို့ တိုက်ရိုက် အစီရင်ခံမည် ဖြစ်ကြောင်း ကိုယ်စားလှယ်အဖွဲ့မှ ပြောသည်ဟု ဒေါက်တာ လဂျာက ဆိုပါသည်။
မြန်မာ အစိုးရသည် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များကို ယမာန်နေ့က စေလွှတ်ပြီး ကချင် ဒုက္ခသည်များ နေရပ်ရင်း ပြန်ပို့ရေးနှင့် အပစ်အခတ် ရပ်စဲရေးကို ဆွေးနွေးရန် နေ့ရက် အချိန်နေရာများကို သတ်မှတ်ရေး လာရောက် တွန်းအားပေး ခဲ့သည်ဟု KIA စစ်ရုံးချုပ် အရာရှိ တဦးက ရွှေဟင်္သာ သတင်းဌာနကို ပြောကြား ခဲ့ပါသည်။
ဤသို့ကြောင့် အပစ်အခတ် ရပ်စဲရေး မရရှိသေးသည့် အတွက် UNHCR သည် ကချင် ဒုက္ခသည် များအတွက် တရုပ်ပြည် နယ်စပ်မှ တဆင့် အကူအညီများပေး ပို့နိုင်ရန် ကြိုးစားသွားမည်ဟု UNHCR အရာရှိများက ပြောကြောင်း ဒေါက်တာက ဆိုပါသည်။ သို့သော်လည်း UNHCR ဘန်ကောက်ရုံးမှ ပြောခွင့်ရှိသူ မစ္စကစ်တီက ၄င်းတို့သည် KIA ကိုယ်စားလှယ်နှင့် တွေ့ဆုံမှု မရှိခဲ့ကြောင်း ငြင်းဆို ခဲ့ပါသည်။
KIA သည် ဒုက္ခသည် ခြောက်သောင်းကျော်ကို စခန်းပေါင်း ၆၀ ခန့်တွင် နေရာ ချထားပါသည်။ ထို့အပြင် တရုပ်ပြည်ဖက်၌ ရောက်နေသော ဒုက္ခသည် ၆၀၀၀ နီးပါးကို ထွက်ခွာပေးရန် တရုတ် အစိုးရဘက်က ဖိအားပေးခဲ့ပါသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့၌လည်း ဆီဒိုးနား ဟိုတယ် သတင်းစာရှင်းလင်းပွဲ၌ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Mr.Antonio Guterres မှ " UNHCR သည် ပြည်နယ် (၇) ခုရှိ လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့၏ အပစ်အခတ် ရပ်စဲရေးမှ တိုးတက် ဖြစ်ပေါ်လာသည့် ငြိမ်းချမ်းရေး တည်ဆောက်မှုများကို အကူအညီ ပေးသွားမည်ဖြစ်သည်ဟု ဆိုပါသည်။



