KIO ထံ အစိုးရက အရေးတကြီး အကျိုးတော်ဆောင်များကို စေလွှတ်

KIO ထံ အစိုးရက အရေးတကြီး အကျိုးတော်ဆောင်များကို စေလွှတ်
by -
ရွှေဟင်္သာ

ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် တွေ့ဆုံ ဆွေးနွေး နိုင်ရေးအတွက်  အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီသည်၊  ငြိမ်းချမ်းရေး အကျိုးတော်ဆောင် များကို စေလွှတ်ပြီး KIO နှင့် ယနေ့ တွေ့ဆုံညှိနှိုင်း စေခဲ့ကြောင်း KIA ဗဟို စစ်ရုံးချုပ်မှ အရာရှိ တစ်ဦးက ပြောပါသည်။

“ပြန်တွေ့ဖို့ လာညှိနှိုင်း ခဲ့တာပါ။ သူတို့ အမည်ကိုတော့ မပြောပြချင်ပါဘူး။ ကျနော်တို့ ဘက်ကတော့ ဆလန်ကပလနန် (ဦးလာနန်း) ပြောထားတဲ့ အတိုင်းပါပဲ။ ဗန်းမော် မြို့ကို လိုက်မသွား နိုင်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တိုက်ပွဲဖြစ်နေတာ ကမရပ်ဘူး။ နေ့တိုင်း ဖြစ်နေသေးတယ်လေ။ ဒါပေမဲ့ ပြန်တွေ့ဖို့ ဆိုတာတော့ ရှိပါတယ်။ အချိန်နေရာ တော့ညှိနှိုင်းနေ ပါတယ်။ အဆင်ပြေ မပြေတော့ မပြောနိုင်သေးဘူး၊ အကျိုး တော်ဆောင်တွေ ပြန်သွားပြီး အကြောင်းပြန်တော့မှ သိမှာပါ” ဟု ဆိုပါသည်။

အလားတူ KIO နှင့် အမြန်ဆုံး အပစ်အခတ် ရပ်စဲနိုင်ရန် အမည်မဖေါ်လိုသော သမ္မတဦးသိန်းစိန်၏ အကြံပေး အဖွဲ့ဝင် တဦး ကလည်း သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်းရယ်ကောင်စီ (UNFC) ဥက္ကဌ ဗိုလ်ချုပ် အင်ဗန်လထံ တယ်လီဖုန်း ဖြင့် ယမန်နေ့က ဆက်သွယ် အကြောင်းကြား ခဲ့ပါသည်။  UNFC သည် KIO နှင့် တွေ့ဆုံပြီး အမြန်ဆုံး အပစ် အခတ် ရပ်စဲနိုင်ရန် အာမခံနိုင်မလား ဟူ၍ မေးမြန်းခဲ့ပါသည်။

ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Mr.Antonio Guterres နှင့် အဖွဲ့သည်လည်း ဇူလိုင်လ ၁၂နေ့တွင် မြန်မာပြည်ကို ရောက်ရှိလာပြီး ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်၌  ပြည်တွင်းပြည်ပ သတင်း မီဒီယာ သမားတွေနဲ့ တွေ့ဆုံပြီး ကချင်ဒေသ ငြိမ်းချမ်းရေး ရရှိရန်နှင့် ဒေသဖွ့ံဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရနဲ့ ဆွေးနွေးသွားမည့် အကြောင်းနှင့် ထိုင်း နိုင်ငံ နယ်စပ် ဒေသတွေမှာ ရှိတဲ့ မြန်မာ ဒုက္ခသည်တွေကို ဘေးကင်းလုံခြံုဖို့နဲ့ မြန်မာပြည်ကို ပြန်လည် ရောက်နိုင်အောင် ထိုင်း အစိုးရနဲ့တွေ့ဆုံပြီး ဆွေးနွေး ဆောင်ရွက်သွားမယ့် အကြောင်းတွေကို ပြောကြား ခဲ့ပါသည်။

 KIO အဖွဲ့သည် ငြိမ်းချမ်းရေးကို လိုလားသော အဖွဲ့မဟုတ်ကြောင်း၊ အကြမ်းဖက်မှုများ လုပ်ဆောင်နေသော အဖွဲ့သာဖြစ်ကြောင်း ပြည်တွင်း မီဒီယာ၌ သမ္မတ ဦးသိန်းစိန်က စွပ်စွဲ ပြောဆို ခဲ့ပါသည်။ ဤသဘောထာ ကြောင့် KIO နှင့် ယနေ့တိုင် တိုက်ပွဲ ဖြစ်နေဖွယ် ရှိပါသည်။

KIO သည် အစိုးရနှင့် တကယ့်စစ်မှန်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဖြစ်စေချင်သည်ဟု ဦးလာနန်းက ဆိုပါသည်။ အ မြတ်ထုတ်ခြင်း၊ အသုံးချခြင်းကင်းပြီး ထိုးစစ် ဆင်နေသော အစိုးရတပ်များ ဆုတ်ပေးပါက တွေ့ဆုံ ဆွေးနွေးမည်ဟု ဆိုပါ သည်။

KIO သည် ကချင်ဒုက္ခသည်များကို ကူညီရန် UNHCR ၏အကူအညီကို တောင်းဆိုခဲ့သလို ကူညီရမည့် အချိန်လည်း ရောက်ရှိနေပြီးဟု ဆိုပါသည်။ အစိုးရသည် တွေ့ဆုံဆွေးနွေးရန် အကျိုးတော်ဆောင် များကို အရေးတကြီး စေလွှတ်နေခြင်း သည် ၊ UNHCR မှ ပါ၀င် ပတ်သက်လာမည်ကို စိုးရိမ်နေဖွယ် ရှိခြင်းကြောင့် ဖြစ်သည်ဟု အကဲခတ်များက သုံးသပ်ပါသည်။

ဤလင့်၌ သမ္မတဦးသိန်းစိန်၏ KIA အပေါ်သဘောထားကို နားဆင်နိုင်ပါသည်။
http://www.youtube.com/watch?v=ldd_LKEUK_U

Most read this week