ကယန်းလူငယ်နိုင်ငံရေး အကျဉ်းသား လွှတ်မြောက်

ကယန်းလူငယ်နိုင်ငံရေး အကျဉ်းသား လွှတ်မြောက်
by -
ကန္တာရဝတီတိုင်း(မ်)

နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ ကယန်းလူငယ် ခွန်ကော်ရီယိုဟာ  မြင်းခြံထောင်မှ ယမန်နေ့ ၁၁နာရီက လွတ်လာပြီဖြစ်တယ်လို့ ကယန်းလူငယ် အဖွဲ့ကပြောပါတယ်။

kay-kaw-ree-yo-news
မကြာခင်က ပြန်လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ ကယန်းလူငယ် ခွန်းဘီးဒူက "သူ့ကိုမနေ့က ၁၁နာရီလောက်မှာ သူ့ကိုထောင်ကနေ လွတ်လာတယ် ဒီမနက် ရ နာရီချိန်လောက်မှာ ဖယ်ခုံကို ပြန်ရောက်လာပါတယ်။ အခု သူကျနော့် အိမ်မှာပဲရှိနေသေးတယ် ညနေလောက်မှ သူ့အိမ်ကို ပြန်ပို့ပေးမှာ ဖြစ်တယ်လို့ " လို့ပြောပါတယ်။  

၂၀၁၂ ခုနှစ် ဇန်နဝါရီ (၁၃) ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားတွေဖြစ်ကြတဲ့ ကယန်းလူငယ် ခွန်းဘီဒူး နှင့် ဒီးဒီ တို့ ပြန်လည်လွတ်မြောက်လာကြ သော်လည်း ခွန်းကောရီယိုက ယမန်နေ့မှပင် လွတ်မြောက်လာရခြင်း ဖြစ်ပါတယ်။

ခွန်းကောရီယိုက “ မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲမှု နည်းနည်းလေး ရှိလာနေတာကြောင့် ကျနော်တို့ လွှတ်ငြိမ်းချမ်းသာခွင့် အနေနဲ့  ပြန်လည် လွတ်မြောက်လာတာပါ။ ဒါပေမဲ့ ဒီထက်မက များစွာ ပြုပြင်ပြောင်းလဲဖို့ လိုနေပါသေးတယ် နိုင်ငံရေးအကျဉ်းသား တွေ အားလုံးကိုလဲ လွှတ်ပေးဖို့လဲ လိုနေပါသေးတယ်”  လို့ ပြောပါတယ်။

ခွန်းကောရီယိုက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆန့်ကျင်လှုပ်ရှားတဲ့အဖွဲ့မှာ ပါဝင်ခဲ့ပြီး ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။

ဇွန်လိုင်လ ၃ ရက်နေ့မှာ မြန်မာအစိုးရက အကျဉ်းသား ၄၆ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦးကို ပြန်လွတ်ပေးခဲ့တဲ့အထဲ မှာ နိုင်ငံရေး အကျဉ်းသား ၂၀ ကျော် ပါဝင်ခဲ့ပါတယ်။

ပြန်လည်လွှတ်မြောက်လာတဲ့ ကယန်းလူငယ်ကတော့ “ ကျနော်အခုဘာပြန်ဆက်လုပ်မလဲဆိုတာတော့ သေချာ မသိသေးပါဘူး ဒါပေမဲ့ တခုရှိတာက ကျနော် ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့နဲ့ပဲ ပြန်လုပ်ပြီး အလုပ်လုပ်မယ်လို့ မျှော်လင့်တယ်”လို့ ပြောပါတယ်။

Most read this week