ရထားဝန်ကြီး ဦးအောင်မင်းနှင့် ကေအန်ယူ ထပ်မံတွေ့ဆုံ

ရထားဝန်ကြီး ဦးအောင်မင်းနှင့် ကေအန်ယူ ထပ်မံတွေ့ဆုံ
by -
ရွှေဟင်္သာ

အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ မီးရထား ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့နှင့် ကေအန်ယူ အထွေထွေ အတွင်းရေးမှူး အဖွဲ့တို့သည် ယမာန်နေ့ နေ့လည် ၀၂း၁၅ နာရီမှ ၀၄း၁၅ နာရီထိ ထိုင်းနိုင်ငံ မဲဆောက်မြို ့ Wattana Village Resort ဟိုတယ်တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ 

“ကျနော်တို့ ဆွေးနွေးဖြစ်တာ ကတော့ အကြောင်းအရာ ဟောင်းတွေကို ပိုပြီး ခိုင်လုံအောင် ပါပဲ။ အဓိက အားဖြင့်ဆက် ဆံရေးရုံး ၊ အမျိုးသားမှတ်ပုံတင်ကိစ္စ ၊ လယ်ယာမြေ သိမ်းပိုက်ခံရတဲ့ ကိစ္စတွေအပြင် ရွှေတူးလို့ တချို ့လယ်ယာမြေ တွေပျက်စီးခဲ့ရတဲ့ ကိစ္စတွေရယ်၊ ပြီးတော့ တပ်မဟာ (၅) ဧရိယာဖြစ်တဲ့ ဖါးပွန် မြို့နယ်ဘက်မှာ ရှိတဲ့ ဒေသခံတွေရဲ့သွား ရေးလာရေးကို အစိုးရ စစ်တပ်က ခြိမ်းခြောက်နေတာတွေ အန္တရာယ် ပေးနေတာတွေကို ဆွေးနွေးခဲ့ပါတယ်။ တခါ ပြည် ထောင်စု အဆင့်နဲ့ သုံးကြိမ်မြောက် ထပ်မံ တွေ့ဆုံဘို့ အချိန် သတ်မှတ် တာတွေကို ဆွေးနွေးဖြစ်တယ် “ ဟု ဆွေးနွေးပွဲတွင် ပါ၀င်ခဲ့သူ ကေအန်ယူ အရာရှိ တစ်ဦးက ပြောပါသည်။ 

ကေအန်ယူ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နှင့် ရထား ၀န်ကြီး ဦးအောင်မင်း အရင်တွေ့ဆုံခဲ့စဉ် (ဓါတ်ပုံ - အင်တာနက်)
အစိုးရ ကိုယ်စားလှယ် များသည်၊ ဆက်ဆံရေး ရုံးသစ်များ မြန်မြန် တိုးချဲ့ ဖွင့်လှစ်ရေးကို တောင်းဆိုခဲ့ပါ သည်။ သို့သော် ဆက်ဆံရေးရုံး၌ ထားရှိသော လူအင်အားစရင်းနှင့် ထောက်ပံ့ရေး အခြေအနေကြောင့် အလျှင်အမြန် တိုးချဲ့နိုင်ခြင်း မရှိ သေးကြောင်း ကေအန်ယူဘက်က ပြန်လည် တင်ပြခဲ့ပါသည်။ 

ထို့အပြင် ပဲခူးတိုင်း ရွှေကျင်ဖက်၌ ရွှေတူး ကုမ္ပဏီများသည်၊  လယ်သမားများ၏ လယ်မြေများကို အဓမ္မ သိမ်းပိုက်ပြီး ရွှေတူးခြင်းဖြင့် လယ်မြေ ဆုံးရှုံးနေရသလို ရွှေတူးမှုကြောင့် အသိမ်းခံရသည့် လယ်မြေအပြင် တခြား လယ်မြေများပါ ပျက်စီး နေရကြောင်း တင်ပြထားပါသည်။

“နောက်တစ်ခုက တပ်မဟာ (၅) ကိစ္စ။ အဲဒီဘက်မှာ ဒေသခံတွေ သွားရေးလာရေးမှာ တော်တော့်ကို ဒုက္ခ ရောက်ပါ တယ်။ အစိုးရ စစ်တပ်တွေက ခြိမ်းခြောက်လိုက် စစ်ဆေးမေးမြန်းလိုက်နဲ့ ဘယ်ကိုမှမသွားလာ နိုင်တော့ဘူး ဖြစ်နေ တယ်။ အဲဒီတော့ ဒေသခံတွေက ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးကို မယုံကြည်နိုင်စရာ ဖြစ်လာတယ်။ ဒီတော့ ကျနော်တို့အ နေနဲ့ ကျနော်တို့ရဲ့ ပြည်သူတွေကို အယုံကြည် ပေးစေချင်ပါတယ်။ ကျနော်တို့ဟာ တစ်ဖက်နဲ့ တစ်ဖက် ပေးထားတဲ့ ဂတိတွေကိုလည်း လေးစားစေချင်ပါတယ်လေ။ အဲဒါကို ကျနော်တို့ တင်ပြဆွေးနွေးတော့ ၀န်းကြီးက တပ်မဟာ (၅) မှာရှိတဲ့ (တမမှူး) တိုင်းမှူးတွေကို ပြန်လည် တင်ပြပေးပါ့မယ်လို့ ပြောပါသည်။

အမျိုးသား မှတ်ပုံတင်တွေ ရိုက်ပေးတဲ့ ကိစ္စမှာတော့ အရင်က သုံးခေါက်ချိုး ပုံစံနဲ့ အခုပန်းရောင် ပုံစံ ဘယ်လိုကွာခြား သလဲလို့ တင်ပြဆွေးနွေး ခဲ့ပါသည်။ သူတို့ ပြောတာကတော့ ဘယ်လိုမှ မကွာပါဘူး။ သုံးခေါက်ချိုး လုပ်ပေးတုန်းက လည်း အမျိုးသား ဖြစ်တာပါပဲ။ အခု ပန်းရောင်နဲ့ ဟာက သွားလာယူဆောင် တာ လွယ်ကူတယ်။ ပြီးတော့ တကယ်လို့ ပတ်စ်ပို့ လုပ်မယ်ဆိုလည်း လုပ်လို့ ရတယ်လေ။ ပတ်စ်ပို့ လုပ်တဲ့ နေရာမှာ နိုင်ငံခြားကို သွားရောက် နေထိုင်ဘို့ မဟုတ်ပဲ သွားရောက် လည်ပတ် နိုင်ဘို့ပဲ ဖြစ်ပါသည်။

ယင်းအစည်း အဝေးကို KNU ဘက်မှ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် အပါ၀င် အဖွဲ့ဝင် ၅ ဦးနှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့ဖက်မှ ၀န်ကြီး ဦးအောင်မင်း ၊ ပြည်ထဲရေး ၀န်ကြီး ဦးခင်ရီ ၊ ဦးငွေစိုး ၊ ဦးတင်မောင်သန်း ၊ ဦးကိုကို မောင် ၊ ဦးလှမောင်ရွှေ ၊ မစု နှင့် မန္ဒာမြင့်သိန်းတို့ တက်ရောက် ဆွေးနွေးခဲ့ပါသည်။

ကေအန်ယူသည်၊ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် နှစ်ကြိမ်တိုင် ဆွေးနွေးနိုင်ခဲ့ပြီး ပြီးခဲ့သည့် ဧပြီလက အပစ်အခတ် ရပ်စဲနိုင်ခဲ့သည့်အပြင် ဆက်ဆံရေး ရုံးများလည်း ထားရှိနိုင်ခဲ့ပါသည်။ တတိယ အကြိမ်မြောက် ဆွေးနွေးပွဲ ကိုမူ လာမည့်သြဂုတ်လ လောက်၌ တွေ့ဆုံနိုင်ဖွယ် ရှိသည်ဟု ကေအန်ယူ အရာရှိ တစ်ဦးက ပြောပါသည်။

Most read this week